About the Course
ရေဘူးနဲ့ ဖိနပ်မပါ နွေခါမှသိ ဆိုသလိုပဲ အသက်ငယ်စဉ်မှာ မိမိရရှိသော ငွေကို ကောင်းစွာ မစုဆောင်း မပွါးများ တတ်ရင် အသက်ကြီးမှ ဒုက္ခရောက်နိုင်ပြီး ငယ်စဉ်မှာ စနစ်တကျ စုဆောင်း တတ်ရင်တော့ မိမိ ဘ၀တစ်လျှောက်လုံး အေးအေးချမ်းချမ်းနေထိုင်နိုင်စေဖို့အတွက် အထောက်အကူပြုစေမှာပါ။
.
ဒါကြောင့် ကျွန်မက စုဆောင်းခြင်း နှင့် စီမံခန့်ခွဲခြင်း အနုပညာဆိုတဲ့ Art of Saving & Budgeting သင်တန်းလေးကို လူတိုင်း အသက်အရွယ်မရွေး နားလည်စေဖို့ မျှဝေပေးချင်ပါတယ်။
.
သတင်းကောင်းကတော့ ဒီအတန်းလေးက ငွေစုဆောင်းခြင်းပညာကို စိတ်ဝင်စားတဲ့သူတိုင်း အခမဲ့ သင်ယူနိုင်တဲ့ အတန်းလေးဖြစ်တာပါပဲ။ လက် ရှီ၀င်ငွေနည်းနည်းလေးပဲ ရတဲ့ သူဖြစ်ရင် လဲ အခုထဲက ငွေစုနည်းကို စနစ်တကျ နားလည်တဲ့ အခါ နောက်ပိုင်း ၀င်ငွေ များများရှာ နိုင်လာရင် မိမိရဲ့ ပိုင်ဆိုင်မှုတွေအလေအလွင့် မရှိနိုင်အောင် ကြိုတင် လေ့လာထားသင့်ပါတယ်။ အခု ကိုယ်က ၀င်ငွေများများ ရနေရင်လဲ ကိုယ့် အသုံးစရိတ်တွေကို စနစ်တကျ စီမံနိုင်အောင် ဒီသင်တန်းက အသိပညာတွေကိုတခါတည်း အသုံးချနိုင်တယ်။
.
ဒီအတန်းမှာ ဘယ်လိုအကြောင်းအရာတွေကို သင်ပေးသွားမလဲ?
📌Course Outline
✅ငွေကို ဘာကြောင့် စုဆောင်းသင့်သလဲ
✅Saving Goals များသတ်မှတ်ခြင်း
✅အခြေခံ Budgeting စည်းမျဉ်းများ
✅ကုန်ကျစရိတ်ကိုခြေရာခံခြင်း (ကုန်ကျစရိတ်ကို စာရင်းပြုစုခြင်း)
✅အသုံးစရိတ် Budget သတ်မှတ်၍စနစ်တကျစီမံခန့်ခွဲခြင်း
✅50/30/20 Rule ကိုသုံး၍ Budget သတ်မှတ်ခြင်း
ဆိုတဲ့ ခေါင်းစဉ်လေးတွေကို နားလည်လွယ်အောင်ရှင်းပြပြီး ဆွေးနွေးပေးမှာဖြစ်ပါတယ်။
.
ဒီသင်တန်းကို ပြီးဆုံးတဲ့အထိ တက်မယ်ဆိုရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့
🔰ငွေကြေး နှင့် ပတ်သက်တဲ့ အခြေခံ အချက်အလက်များကို နားလည်ခြင်း
🔰စုငွေ goals ကို ကာလအလိုက် သတ်မှတ်ပြီး Goals များ ပြည့်သည်အထိ ရည်ရွယ်ချက်ပေါက်မြောက်အောင် စုဆောင်းနိုင်ခြင်း
🔰မိမိရဲ့ ၀င်ငွေ နှင့် ထွက်ငွေ ကို နားလည်ပြီး စနစ်တကျ စာရင်းပြုစုနိုင်ခြင်း
၀င်ငွေပေါ်မူတည်၍ အသုံးစရိတ်ကို စနစ်တကျစီမံခန့်ခွဲနိုင်ခြင်း အပြင်
🔰Income & Expense Tracking Template လိုမျိုး ချက်ချင်းပြန်ပြီး အသုံးချနိုင်တဲ့ Resources တွေလည်း မျှဝေပေးသွားမှာဖြစ်ပါတယ်။
.
ဒီအတန်းလေးကို အခမဲ့ join ခွင့်ရဖို့အတွက် ပထမဦးစွာ
🟢ဒီ Post လေးကို Like & Share လုပ်ပေးပါ။
🟢ပြီးရင် ကိုယ် Like & Share လုပ်ထားတာလေးကို Screenshot ရိုက်ပြီး Comment မှာ မန့်ပေးပါ။
🟢ဒီ Post မှာ ဖော်ပြထားတဲ့ Group လင့်ကလေးကို နှိပ်ပြီး Join နိုင်ပါပြီ။
🔗Group Link
https://web.facebook.com/groups/artofsavingandbudgetingcourse
အခုပဲ Art of Saving & Budgeting အတန်းလေးကို Join ပြီး မှန်ကန်စွာ ငွေစုဆောင်းခြင်း အနုပညာကို သင်ယူလိုက်ရအောင်နော်။
Your Instructor
Win Myat Thu

