top of page

$0 Down Payment Program ဆိုတာဘာလဲ ?

  • Writer: Arkar Tin Myint
    Arkar Tin Myint
  • Jul 31, 2024
  • 1 min read

Updated: Oct 28, 2024


0% Down payment program

0% Down purchase Program ဆိုတာဟာ ဒီချေးငွေအမျိုးအစားကို ချေးယူဖို့ eligible ဖြစ်သူတွေရဲ့ အိမ်ဝယ်ယူတဲ့တန်ဖိုး အတွက် down payment ပမာဏ ကို Mortgage lender က စိုက်ပေးတာဖြစ်ပါတယ်။ Down payment ပမာဏ  3% ကနေ အများဆုံး $15000 ပမာဏအထိ ချေးငွေထုတ်ပေးတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။


ဉပမာ - အိမ်တန်ဖိုး ၄ သိန်းရှိရင်သူ့ရဲ့ 3% ဖြစ်တဲ့ $12,000 ကိုစိုက်ပေးတာပါ။ အိမ်တန်ဖိုး ၆ သိန်းရှိရင်‌တော့ သူ့ ရဲ့ 3% က  $18,000 ဖြစ်တဲ့ အတွက် အများဆုံး  $15000 ကိုစိုက်ပေးတာဖြစ်ပြီး ကျန်တဲ့  $3,000 ကိုတော့ ဝယ်သူက ပေးရမှာဖြစ်ပါတယ်။ 


ဒီ 0% Down Purchase ချေးငွေဟာဆိုရင် အိမ်ဝယ်သူတွေကို လစဉ်‌ငွေပြန်ဆပ်စရာမလိုတဲ့အပြင် ထိုငွေအတွက် အတိုးနူန်းလဲမရှိပါဘူး။ချေးငွေကို လစဉ်စနစ်နှင့် ငွေပြန်ဆပ်စရာမလိုပဲ  ကိုယ့်ရဲ့ mortgage loan ကိုအပြီး‌ငွေချေပြီးသွားတဲ့အခါ ၊ ဒါမှမဟုတ် ချေးငွေအသစ်တစ်ခုထပ်ထုတ်ယူတဲ့ အခါမှသာ ကနဦး ချေးငွေကို တစ်စုတစည်းတည်း ပြန်လည်ပေးချေရတဲ့  balloon payment စနစ်နှင့်ဖန်တီးပေးထားလို့ပဲဖြစ်ပါတယ်။


ဒီချေးငွေကို ဘယ်လိုလူတွေကချေးယူခွင့်ရှိလဲဆိုတော့

1. ကိုယ့်ရဲ့ဝင်ငွေပမာဏဟာ ကိုယ်နေတဲ့  Area Median Income ရဲ့ 80% ဒါမှမဟုတ် အဲဒီ့အောက်မှာရှိတဲ့သူတွေ။

2.ပထမဆုံးအကြိမ်အိမ်ဝယ်တဲ့သူတွေ။

3.ဝယ်ယူသူနှင့်တစ်အိမ်တည်းမှာနေထိုင် Co-borrowers အဖြစ်အသိအမှတ်ပြုခံရသူတွေသာ ဖြစ်ပါတယ်။

4.အကယ်၍ ကိုယ့်ရဲ့ income ပမာဏက Area Median Income ရဲ့ 50% အောက်မှာသာရှိတယတယ်ဆိုရင် $2500 credit နှင့် $12500 ပမာဏအထိ down payment assistance ကိုရရှိနိုင်မယ့် အခွင့်အရေးရှိပါတယ်။


0% Down Purchase program ရဲ့ သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကတော့

- 30 year fixed-rate mortgage အတွက်သာချေးငွေပေးတယ်။

- Investment property မဟုတ်တဲ့ တကယ်နေထိုင်မယ့် primary home တွေအတွက်သာပေးတယ်။

- Single family homes, townhomes တွေနှင့် ကွန်ဒိုတွေအတွက်သာ အကျုံးဝင်တယ်

- Credit score အနည်းဆုံး 620 ကျော်တဲ့သူတွေကိုသာပေးတယ်။

- သတ်မှတ်ထားတဲ့ Standard Loan limit အတွင်း ငွေပမာဏကိုသာ ချေးငွေပေးပါတယ်။


ဒီ 0% Down Purchase ချေးငွေ program ဟာဆိုရင် low to moderate income ရှိတဲ့ မိသားစုတွေ အိမ်ဝယ်ယူပိုင်ဆိုင်နိုင်ခွင့်အတွက် အဓိကရည်ရွယ်ပြီးရေးဆွဲထားတဲ့ program တစ်ခုဖြစ်ပါတယ်။


ဒီ program ကိုအသုံးပြုပြီး အိမ်ဝယ်ဖို့စိတ်ဝင်စားတယ်ဆိုရင် ကျွန်မနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်။ 


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page