top of page

သင့်ရဲ့ Home Improvement တွေက Tax-deductible ဖြစ်ရဲ့လား ?

  • Writer: arkar tm
    arkar tm
  • Mar 3
  • 1 min read

Updated: Oct 30


ree

Homeowners တွေအနေနှင့် ကိုယ့်ရဲ့အိမ်ကို ပြုပြင်မွမ်းမံမှုတွေလုပ်တော့မယ်ဆိုရင် ဒီအရာတွေက Tax-deductible အခွန်လျော့ပေါ့ပေးနိုင်မှုနှင့်ကိုက်ညီလားမညီဘူးလားဆိုတာ ကိုသိရှိထားသင့်ပါတယ်။ကိုယ့်ရဲ့ ပြုပြင်မှုတွေက Capital Improvement or Repair၊  ဘယ်ခေါင်းစဉ်အောက်ကိုအကျုံးဝင်သလဲဆိုတာ အရင်သုံးသပ်ကြည့်ရပါမယ်။


ree

Tax-Deductible Home Improvements

Capital Improvement တွေဟာ Tax-deductible ဖြစ်တဲ့ ပြုပြင်မွမ်းမံမှုတွေပဲဖြစ်ပါတယ်။ ဒီပြုပြင်မှုတွေက ကိုယ့်အိမ်ရဲ့ value ကိုအမြဲတမ်းအနေအထားနှင့် တိုးတက်သွားစေပြီး IRS ရဲ့သတ်မှတ်ချက်တွေနှင့်ကိုက်ညီတဲ့ ပြုပြင်မှုတွေကိုခေါ်ပါတယ်။ ဥပမာ-

1. Home Office Upgrade တွေ

2. ဆိုလာပြားတွေတပ်ဆင်ခြင်း၊ insulation တွေတပ်ဆင်ခြင်း အစရှိတဲ့ Energy efficient installation တွေ

3. အိမ်အငှားဆိုင်ရာ rental properties တွေကိုပြုပြင်ခြင်း

အစရှိတဲ့ဥပမာတွေဟာ Tax-deductible ဖြစ်စေနိုင်တဲ့ ပြုပြင်မှုတွေပဲဖြစ်ပါတယ်။


ree

Non-Deductible Improvements

Tax-Deductible မဖြစ်စေနိုင်တဲ့ ပြုပြင်မွမ်းမံမှု့ဆိုတာတွေကြတော့။

1.ရေပိုက်လိုင်းတွေပြုပြင်တာ၊ ခေါင်မိုးတွေပြုပြင်တာ

အစရှိတဲ့ Routine Repair တွေ

2. ဆေးအသစ်ပြန်သုတ်တာ၊ Wallpaper တွေအသစ်လဲတာ

3. Carpet တွေနှင့် ပရိဘောဂတွေအသစ်လဲတာ

4. Security System တွေတပ်ဆင်တာ -

အစရှိတဲ့အချက်တွေက Tax-deductible ဖြစ်နေနိုင်တဲ့ ပြုပြင်မွမ်းမံမှုမျိုးတွေမဟုတ်ကြပါဘူး။


ree

Tax-Deduction vs Tax Credits

ပြုပြင်ပြောင်းလဲမှု့တွေအတွက် အခွန်လွတ်ခံစားခွင့်တွေထဲမှာဆိုရင် ဒီလို နည်းလမ်းနှစ်မျိုးရှိပါလိမ့်မယ်

1.Tax Deduction:  သင့်ရဲ့ taxable income ကိုလျော့ချပြီးတော့ permanent home upgrade တွေကို ပိုင်ဆိုင်စေနိုင်ခြင်း။

2. Tax Credits : ကိုယ့်ရဲ့ ပြုပြင်မွှမ်းမံမှုကုန်ကျစရိတ်တွေထဲကနေ အခွန်ငွေတွေကိုတိုက်ရိုက်လျှော့ချပေးပြီး ပိုသက်သာတဲ့ကုန်ကျစရိတ်တွေကိုပေးနိုင်စေခြင်း

အစရှိတဲ့ အခွန်လျော့ချမှု့အကျိုးအမြတ်တွေရရှိစေနိုင်ပါတယ်။

ဒီ Tax-deductible ကိစ္စရပ်တွေဟာ ပုံမှန်အားဖြင့်ရှုပ်ထွေးတဲ့ စာရွက်စာတမ်းကိစ္စတွေ၊ စည်းမျဉ်းစည်းကမ်းတွေပါရှိတာကြောင့် Homeowners တွေကိုယ်တိုင်ဖြေရှင်းတာထက် ယုံကြည်စိတ်ချရတဲ့ Tax advisor နှင့်ပူးပေါင်းပြီးဆောင်ရွက်တာက ပိုပြီးအဆင်ပြေချောမွှေ့စေပါလိမ့်မယ်။ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Tax Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page