top of page

ကိုယ့်အိမ် Design တွေရွေးချယ်ဖို့အတွက် သိထားသင့်တဲ့ Color Psychology

  • Writer: arkar tm
    arkar tm
  • Jan 2
  • 1 min read


အိမ်တစ်လုံးကိုအလှဆင်ပြီဆိုရင် အရင်ဆုံးဘယ်အရောင်တွေကိုရွေးချယ်အသုံးပြုမလဲဆိုတာက အရေးကြီးဆုံးပါ။ အခန်းနံရံတွေနှင့် ပရိဘောဂ decorations တွေအတွက် လိုက်ဖက်တဲ့အရောင်တွေကို သေသေချာချာရွေးချယ်ရပါမယ်။ကိုယ့်ရဲ့အိမ်မှာ နေ့စဉ်တွေ့မြင်ရမယ့် အရောင်တွေဟာ

ကိုယ့်ရဲ့ mood, behavior နှင့် well-being ကို တိုက်ရိုက်သက်ရောက်စေလို့ သေသေချာချာစဉ်းစားပြီးဆုံးဖြတ်ကြရပါမယ်။ ဘယ်လိုအရောင်တွေက ဘယ်လို vibes မျိုးတွေ ခံစားချက်တွေကိုပေးသလဲဆိုတာ ကြည့်ကြည့်ကြရအောင်။



(1) အနီရောင်

အနီရောင်ဟာ Energy နှင့် Passion ကို ကိုယ်စားပြုပါတယ်။ အနီရောင်ကို လူဆုံတာများတဲ့ Dining room နှင့် Living room တွေမှာအသုံးပြုသင့်ပါတယ်။ ဒါက ကိုယ့် မိသားစုနှင့်နွေးထွေးပြီး lively ဖြစ်တဲ့ ခံစားချက်မျိုးကိုအားပေးပါတယ်။ အနီရောင်က အရောင်တောက်လွန်းရင် မျက်စိစူးတာ၊အနှောင့်အယှက်ဖြစ်တာ တွေဖြစ်တတ်လို့ သီးသန့်မဟုတ်ပဲ အခြား neutral color တွေနှင့်ရောပြီးမှ နေရာချ အသုံးပြုသင့်ပါတယ်။



(2) အပြာရောင်

အပြာရောင်ကတော့ ဆိတ်ငြိမ်အေးချမ်းမှုနှင့် ငြိမ်သက်မှုကို ကိုယ်စားပြုပါတယ် ။ ဒီအရောင်ကို ကိုယ့်ရဲ့အေးအေးဆေးဆေးအနားယူပြီး private ဖြစ်တဲ့‌ bedrooms နှင့် bathroom တွေမှာ အသုံးပြုသင့်ပါတယ်။


(3) အဝါရောင်

အဝါရောင်ဟာ ပျော်ရွှင်မှု့နှင့် positivity ကိုကိုယ်စားပြုပါတယ်။ ကလေး‌ငယ်တွေရဲ့အခန်းတွေ မီးဖိုချောင်လိုနေရာမျိုးတွေအတွက်သင့်တော်ပါတယ်။ အဝါရောင်ဟာ bright & warm color ဖြစ်တာကြောင့်မလို့ over stimulation မဖြစ်ရအောင် အရောင်ဖျော့ဖျော့တွေသုံးတာ၊ အခြား neutral color တွေနှင့်ရောပြီးထားတာမျိုး လုပ်သင့်ပါတယ်။



(4) အစိမ်းရောင်

ဒီအရောင်က Harmony နှင့် ပြန်လည်လန်းဆန်းမှုကိုကိုယ်စားပြုပါတယ်။ Home office room ၊ဘုရားခန်း၊ စာကြည့်ခန်းနှင့် living room တွေမှာသုံးသင့်ပါတယ်။



(5) ခရမ်းရောင်

ခရမ်းရောင်ဟာ Creativity နှင့် Luxury ခံစားချက်တွေရဲ့အရောင်ဖြစ်ပါတယ်။အိမ်မှာ ကိုယ့်ရဲ့ အလုပ်လုပ်တဲ့နေရာတွေ၊ closets အခန်းတွေ၊ Wardrobe နှင့် မှန်တင်ခုံ ပါတ်ဝန်းကျင်တွေမှာ အသုံးပြုသင့်ပါတယ်။




(6) Neutral Colors 

ခဲ၊မီးခိုး၊အနက်၊အဖြူ အစရှိတဲ့အရောင်တွေက Neutral Colors တွေပါ။ ဒီအရောင်တွေကတော့ ကိုယ်အဓိကအသုံးပြုချင်တဲ့အရောင်တွေကို warm & cold color pattern တွေအလိုက် လိုက်လျောညီထွေဖြစ်အောင် တွဲစပ်အသုံးပြုရမယ့်အရောင်တွေဖြစ်ပါတယ်။ 


ဒါ့ကြောင့် ကိုယ်အရင် ဆေးသုတ်၊decorations တွေဆင်မယ့် အခန်းနှင့်နေရာတွေရဲ့ purpose တွေကိုအရင်ဆုံးဖြတ်ပါ။ ပြီးတော့မှ အထက်ပါ color psychology tips တွေအတိုင်း လိုက်ဖက်အောင် ပြင်ဆင်ပြီးတော့ သာယာငြိမ်းချမ်းတဲ့ အိမ်တစ်ခုကိုဖန်တီးနိုင်ပါတယ်။


ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 




 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page