Home Equity Loan (HEL) vs Home Equity Line of Credit (HELOC) : ပုံစံကွဲပြားမှု့နှင့်မတူညီသောအကျိုးကျေးဇူးများ
- Arkar Tin Myint
- Jul 2, 2024
- 1 min read
Updated: Oct 28, 2024

ကိုယ့်ပိုင်ဆိုင်တဲ့ အိမ်တန်ဖိုးကိုအသုံးပြုပြီးတော့ ချေးငွေယူတော့မယ်ဆိုရင် Home Equity Loan နှင့် Home Equity Line of Credit ဆိုပြီး နည်းလမ်းနှစ်ခုကို ကွဲကွဲပြားပြားသိရှိထားသင့်ပါတယ်။ ဒီချေးငွေနည်းလမ်းနှစ်ခုရဲ့ ကွဲပြားချက်နှင့်မတူညီတဲ့အကျိုးကျေးဇူးတွေကို သိရှိပြီး ဘယ်နည်းလမ်းက လက်ရှိကိုယ့်အတွက် ပိုကိုက်ညီလဲဆိုတာ
ပြောပြပေးသွားပါမယ်။
Home Equity Loan ( HEL )
HEL ဆိုတာက ကိုယ့်ရဲ့အိမ်တန်ဖိုးကိုအပေါ်မူတည်ပြီးတော့ ငွေပမာဏအများအပြားကို တစ်ချိန်တည်းမှာချေးငွေထုတ်ယူတာဖြစ်ပါတယ်။
သူက ငွေပမာဏအကြီးတစ်ခုကိုတစ်ခါတည်းထုတ်ယူပြီးတော့ အဲဒီ့ချေးငွေကို လစဉ်စနစ်နှင့်အချိုးကျပြန်ဆပ်ရပါတယ်။
သူ့ရဲ့အတိုးနူန်းတွေက တပြေးညီသတ်မှတ်ထားတဲ့အတွက် လစဉ်ပြန်ဆပ်တဲ့အချိန်မှာ တူညီတဲ့ငွေပမာဏတွေကို ပုံမှန်ပြန်ဆပ်ပေးရပါတယ်။
ဒီလိုချေးငွေမျိုးက ကိုယ့်မှာငွေပမာဏများများကို တစ်ချိန်တည်းမှာ အသုံးပြုဖို့လိုလာတဲ့အခါမှာ ချေးယူအသုံးပြုသင့်ပါတယ် ။ ဥပမာ ကိုယ့်ရဲ့အိမ် major improvement လုပ်ဖို့အတွက်တို့ ၊ အခြားအတိုးနူန်းများတဲ့ အကြွေးတစ်ခုခုကို အပြတ်ပေးချေဖို့အတွက် စတဲ့ အနေအထားမျိုးတွေအတွက် သုံးဖို့သင့်တော်ပါတယ်။
ဒီချေးငွေမျိုးက လစဉ်ဘယ်လောက်ဆပ်ရမယ်ဆိုတာ ကြိုတင်သတ်မှတ်ထားပြီးသားဆိုတော့ ငွေပြန်ဆပ်ဖို့ plan ကိုကြိုတင်ချမှတ်ထားလို့ရပါတယ်။ ဒါပေမယ့် closing fees တို့ appraisal fee တို့ရှိတဲ့အတွက်ကြောင့် ကနဦးပေးချေရမယ့် ငွေamountက များတတ်ပါတယ်။
Home Equity Line of Credit (HELOC)
(HELOC) ဆိုတာကကြတော့ ကိုယ့်ရဲ့အိမ်တန်ဖိုးအပေါ်မူတည်ပြီးတော့ ကိုယ်လိုအပ်သလောက်ချေးငွေပမာဏကို ကိုယ်လိုတဲ့အချိန်မှ ထုတ်ယူသုံးစွဲတာဖြစ်ပါတယ်။
ဒီချေးငွေပုံစံကကြတော့ ကိုယ်ချေးယူတဲ့ပမာဏနှင့် ထုတ်ယူလိုက်တဲ့အချိန်အပေါ်မူတည်ပြီးတော့ ကိုယ်ငွေယူထားတဲ့ ဘဏ်ရဲ့ သတ်မှတ်ထားတဲ့ကာလအတွင်းမှာ ပြန်လည်ပေးဆပ်ရပါတယ်။
သူက တသမတ်ထဲသတ်မှတ်ထားတဲ့ အတိုးနူန်းမရှိတာကြောင့် ကိုယ်ချေးယူလိုက်တဲ့အချိန်ရဲ့ ငွေကြေးတန်ဖိုးနူန်းအပေါ်မူတည်ပြီး ပြန်ဆပ်ရတဲ့အခါ ပေးရတဲ့အတိုးပမာဏကပြောင်းလဲတတ်ပါတယ်။
ဒီချေးငွေနည်းလမ်းကကြတော့ ကိုယ့်မှာမမျှော်လင့်ထားတဲ့ emergency ကိစ္စတွေပေါ်လာတဲ့အချိန်တို့ ၊ကိုယ့်ရဲ့ မိသားစုကိစ္စ အလုပ်ကိစ္စမှာ အမြန်အသုံးလိုတဲ့ငွေပမာဏအသေးလိုအပ်တဲ့အချိန် တို့မှာအသုံးပြုဖို့သင့်တော်ပါတယ်။
HEL နှင့် HELOC တို့ရဲ့တူညီတဲ့အချက်တွေ
ဒီချေးငွေနှစ်မျိုးလုံးက ကိုယ့်ရဲ့ပိုင်ဆိုင်တဲ့အိမ်ရဲ့တန်ဖိုးအပေါ်မူတည်ပြီး အတိုးနူန်းနည်းတဲ့ချေးငွေထုတ်ယူလို့ရပါတယ်။ပြီးတော့ ဒီချေးငွေနည်းလမ်းတွေနှင့်ထုတ်ယူထားတဲ့ငွေတွေဟာ ကိုယ့်ရဲ့ Home Improvement မှာအသုံးပြုထားတယ်ဆိုရင် အများသောအားဖြင့် loan အတွက် Tax ပေးဆောင်ရတဲ့ပမာဏကိုလျှော့ချပေးနိုင်ပါတယ်။
HEL နှင့် HELOC တို့ရဲကွဲပြားခြားနားချက်တွေ
HEL ကငွေကို တလုံးတခဲတည်းချေးယူရတာဖြစ်ပြီးတော့ HELOC ကတော့ လိုအပ်တဲ့ပမာဏကို လိုအပ်တဲ့အချိန်မှပဲချေးယူရတာဖြစ်ပါတယ်။ ချေးငွေနှစ်မျိုးက ပြန်ပေးဆပ်ရတဲ့ အတိုးနူန်းပမာဏတွေမတူကြပါဘူး။
ဒီအချက်တွေကိုလေ့လာဖတ်ကြည့်ပြီး ကိုယ့်အခြေအနေနှင့်ကိုက်ညီမယ့် ချေးငွေနည်းလမ်းကိုရွေးချယ်နိုင်ကြပါစေ။ အကောင်းဆုံးအကြံတစ်ခုပေးချင်တာကတော့ ချေးငွေနှင့်ပတ်သက်လာတဲ့အခါမှာ သိရှိတတ်ကျွမ်းတဲ့ Financial Advisor တစ်ယောက်နှင့်အရင်ဆွေးနွေးတိုင်ပင်ပြီးတော့မှ ချေးငွေယူဖို့အတွက်ကိုသေသေချာချာဆုံးဖြတ်သင့်ပါတယ်။
Comments