top of page

Median Prices တွေကျလာပေမယ့် Home Value တွေကတော့ဆက်တက်နေဆဲပါ

  • Writer: arkar tm
    arkar tm
  • Oct 28, 2024
  • 1 min read

ree

Median price ဆိုတာဟာ Real Estate Market တစ်ခုလုံးရဲ့ ဈေးအနိမ့်ဆုံးနှင့်အမြင့်ဆုံး listing‌တွေ အလည်တည့်တည့်မှာရှိတဲ့ ပျမ်းမျှဈေးတန်းကိုရည်ညွှန်းပါတယ်။ အခုဈေးကွက်မှာ လက်ရှိ Median ဈေးတန်းတွေက ကျသွားပေမယ့် ဘာကြောင့်အိမ်ဈေးတွေကကြတော့ကျမသွားတာလဲဆိုတာ စဉ်းစားစရာကိစ္စပါပဲ။ ဒီလို phenomenon က တကယ်တော့ အောက်ပါအချက်တွေကြောင့်မလို့ဖြစ်လာတာပါ။


1. ဈေးကွက်ထဲမှာတန်ဖိုးနည်းတဲ့အိမ်တွေ Inventory ပိုများလာမှု


ree

Median price ဟာ ဈေးကွက်တစ်ခုလုံးရဲ့ inventory size တွေအပေါ်မှုတည်ပြီးပြောင်းလဲပါတယ်။ အိမ်အကြီးတွေထက် small size home တွေအရောင်းပိုများလာတဲ့အတွက်ကြောင့် median price ဟာအရင်ကထက်ပိုလျော့ကျသွားခဲ့ပါတယ်။ အရင်ကရှိတဲ့အိမ်ဈေးတွေကျသွာမျိုးမဟုတ်ပဲ ပိုတန်ဖိုးနည်းတဲ့အိမ်တွေအရောင်းများလာလို့ အခုလိုပြောင်းလဲသွားတာဖြစ်ပါတယ်။ 


2. Price Per Square Foot ကတော့ဆက်တက်နေဆဲပါ


ree

Smaller homes တွေဟာ ဈေးကွက်အချိုးအစားကိုပြောင်းလဲစေပေမယ့်၊ အိမ်တစ်လုံးရဲ့ price per square foot နှင့်တွက်ချက်ကြည့်မယ်ဆိုရင် ဈေးနူန်းတွေဟာ တစ်ဖြေးဖြေးတက်နေဆဲဆိုတာကိုသိရှိရပါတယ်။ ဒါကတော့ ဈေးကွက်မှာအိမ်အသေးတွေများလို့ Median Price ဈေးတန်းကျသွားပေမယ့် တကယ့်လက်ရှိ အိမ်အကြီးအသေးအားလုံးရဲ့ တကယ့်ဈေးနူန်းတွေကတော့ တက်နေဆဲ၊ Value တွေပိုမြင့်နေဆဲဆိုတာကို Realtor.com က Chief Economist Danielle Hale က ရှင်းလင်းဖော်ပြခဲ့ပါတယ်။


3. Local Market တွေတစ်ခုနှင့်တစ်ခုအပြောင်းအလဲမတူပါဘူး


ree

တစ်နိုင်ငံလုံးအလိုက် ခြုံငုံဖော်ပြတဲ့ national trend မှာ home value တွေ အတက်ပြနေပေမယ့် region တစ်ခုချင်းစီမှာကြတော့ ဈေးနူန်းအတက်တွေကကွဲပြားပါတယ်။ region တစ်ခုမှာဈေးနူန်းတွေမြန်မြန်တက်နေပေမယ့် အခြားregion တစ်ခုမှာကြတော့ ဈေးနူန်းတွေခပ်နှေးနှေးပဲတက်နေပါတယ်။ ဒါကြောင့် အပေါ်ယံယှဉ်ကြည့်လိုက်မယ်ဆိုရင် တချို့ဒေသတွေက ဈေးကျသွားသလို မြင်ရပါတယ်။ တကယ်တော့ ဘယ်ဒေသမှာပဲဖြစ်ဖြစ် အိမ်ဈေးတကယ် ကျသွားတယ်ဆိုတာမရှိပါဘူး၊ အနှေးနှင့်အမြန် အမြဲတမ်းတက်‌နေပါတယ်။

ဒါ့ကြောင့်အိမ်ဝယ်ဖို့အတွက်ဈေးကွက်ကိုလေ့လာတဲ့အခါမှာ median price  တစ်ခုထဲကိုကြည့်တာထက် price per square ကိုလည်း ကြည့်ပြီးတော့ အရောင်းအဝယ်လုပ်ဖို့အတွက် အကြံပေးချင်ပါတယ်။ ပိုသေချာမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ Experienced Local Real Estate Agent တွေနှင့်ချိတ်ဆက်ပြီး လုပ်ဆောင်တာပိုကောင်းပါတယ်။


ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Realtor လက်မှတ် ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page