Real Estate: အကောင်းဆုံးရေရှည်ရင်းနှီးမြှုပ်နှံမှု့
- Arkar Tin Myint
- Jul 21, 2024
- 1 min read
Updated: Oct 28, 2024

Mortgage rate နှင့် အိမ်ဈေးနူန်းတွေ အတက်အကျအရမ်းလှုပ်လျားနေတဲ့ အခုလိုကာလမျိုးမှာ အိမ်ဝယ်တာနှင့် အိမ်ငှားပြီးနေတာ ဘယ်ဟာကပိုပြီးကောင်းမလဲဆိုတာ မိတ်ဆွေတို့စဉ်းစားမိကြမယ်လို့ယုံကြည်ပါတယ်။ ဒီလိုအတက်အကျတွေများနေပေမယ့်လဲ အခုအချိန်အထိ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု့ဆိုတာဟာ အကောင်းဆုံးသောရင်းနှီးမြှုပ်နှံမှု့တစ်ခုဖြစ်နေသေးတယ်ဆိုတာ အချက်အလက်တွေနဲ့ တကွ ရှင်းပြပေးလိုက်ပါတယ်။
Global Research & Consulting firm တစ်ခုဖြစ်တဲ့ Gallup Association က Real Estate Investment ဟာ လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်ကာလအတွင်းမှာ gold, stocks, bonds investment တွေအားလုံးထက် ပိုအောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံမူ့တစ်ခုဖြစ်တယ်လို့ ဖော်ပြသတ်မှတ်ခဲ့ပါတယ်။ အဓိကအကြောင်းအရင်းကတော့ Real Estate ဟာ အခြားသော Investment တွေထက်ပိုပြီးတော့ Stable ဖြစ်ပြီး အမြတ်အစွန်းကိုပိုပြီး တိတိကျကျတွက်ချက်လို့ရတဲ့ investment တစ်ခုဖြစ်လို့ပါ။ ပြီးတော့ Real Estate က ကိုယ့်ရဲ့ Net Worth ကိုပေါင်းထည့်မြှင့်တင်ပေးနိုင်ပြီး ပိုခိုင်မာတဲ့ Financial Security ကိုပေးစွမ်းနိုင်ပါတယ်။
Homeownership ဆိုတာဟာ ကိုယ့်ရဲ့ချမ်းသာကြွယ်ဝမှု့တွေကိုတည်ဆောက်တဲ့အခါမှာ အရေးအပါဆုံးအချက်တစ်ခုဖြစ်ပါတယ်။ကိုယ့်ငွေတွေကို ဘာ return မှပြန်မလာမယ့် အိမ်ဌားလခတွေပေးမယ့်အစား တချိန်ချိန်မှာ အိမ်ခြံမြေပိုင်ဆိုင်မှု့ဖြစ်လာမယ့် mortgage loanတွေကိုပေးဆောင်တာက ကိုယ့်ရဲ့ကြွယ်ဝချမ်းသာမှု့ကိုဖန်တီးဖို့အများကြီးပိုအထောက်အကူဖြစ်စေပါတယ်။
အိမ်ခြံမြေတန်ဖိုးမှာ ရေရှည်ကို ကြည့်မယ်ဆိုရင် အကျဆိုတာမရှိပါဘူး။ လက်ရှိမှာ မငြိမ်မသက် အတက်အကျတွေဖြစ်နေပေမယ့်လဲ အချိန်တန်ရင် ပုံမှန်ပြန်တက်သွားကြတာပါပဲ။Home ownership ရဲ့ ရေရှည်အကျိုးအမြတ်က လက်ရှိခဏ အတက်အကျဈေးနူန်းတွေရဲ့ downside ထက်အများကြီး potential ရှိပါတယ်။ ဒါကြောင့် ကိုယ်က financially prepared ဖြစ်နေတဲ့လူတစ်ယောက်ဆိုရင် အိမ်ခြံမြေဝယ်ပြီးတော့ investment လုပ်ထားလိုက်တာက အကျိုးအရှိဆုံးနှင့် အမှန်ကန်ဆုံး investment တစ်ခုဖြစ်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်။
ကိုယ့်ရဲ့ ချမ်းသာကြွယ်ဝမှု့ကိုစတင်တည်ဆောက်ဖို့အဆင်သင့်ဖြစ်နေပြီဆိုရင် ကျွန်မနဲ့ ဆက်သွယ်ပြီး တော့ Successfully Investment တစ်ခုကို အခုပဲစတင်လိုက်ပါ။



Comments