top of page

U.S. က ပြည်နယ်အလိုက် ဆောင်ရတဲ့ အိမ်ခြံမြေအခွန်များ

  • Writer: Nan Oo
    Nan Oo
  • Sep 15, 2023
  • 1 min read


အိမ်အသစ်ဝယ်တာပဲဖြစ်ဖြစ်၊ နောက်ထပ် အိမ်တစ်လုံး ထပ်ဝယ်တာပဲဖြစ်ဖြစ်လုပ်တဲ့အခါ ထည့်သွင်းစဉ်းစားရတဲ့ အချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီအထဲကမှ အရေးကြီးတဲ့ အချက်ကတော့ အိမ်ခြံမြေအခွန်ပါပဲ။ U.S. မှာ အိမ်ပိုင်ရှင်တွေက အိမ်အခွန်ပေးရတာဖြစ်ပြီး ပြည်နယ်တစ်ခုနဲ့ တစ်ခုအပေါ်မူတည်ကာ ဒီနှုန်းထားတွေက ကွာခြားတတ်ပါတယ်။ အောက်မှာ ပြထားတဲ့ ဇယားလေးကတော့ ပြည်နယ်အလိုက် ကောက်ခံတဲ့ အိမ်ခြံမြေအခွန်နှုန်းထားတွေပဲဖြစ်ပါတယ်။

Property Tax By States in U.S.
Property Tax By States in U.S.

Hawaii, Alabama နဲ့ Colorado တို့ကတော့ အိမ်ခွန်ပေးရတာ အနည်းဆုံး ပြည်နယ်တွေဖြစ်ပါတယ်။ အိမ်ခွန် အများဆုံးပေးရတဲ့ ပြည်နယ်တွေကတော့ New Jersey, Illinois နဲ့ New Hampshire တို့ပဲဖြစ်ပါတယ်။


U.S. မှာ အိမ်ခွန်တွေ ဘယ်လို တွက်ကြလဲ?


ဒါကတော့ ပြည်နယ်တစ်ခုနဲ့ တစ်ခု မတူဘဲ ဒေသအခွန်နှုန်းပေါ်မူတည်ပြီး အိမ်ခြံမြေရဲ့ တန်ဖိုးအပေါ်မူတည်ကာ ထည့်သွင်းစဉ်းစားရတဲ့ အချက်တွေ အများကြီးရှိပါတယ်။ အရင်ဆုံး အိမ်တန်ဖိုးကို ဖြတ်တာက စပြီး အချိန်ကာလအပေါ်မူတည်ကာ အိမ်တန်ဖိုးကို ပြန်ပြီး စစ်ဆေးလေ့ရှိပါတယ်။ ဒါမှလည်း ကိုယ့်အိမ်ကာလပေါက်စျေးအတိုင်း အစိုးရကို အခွန်ဆောင်တဲ့ ပုံစံဖြစ်မှာပါ။

 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page