top of page

Buyers တွေအတွက် ပိုအားသာလာစေတဲ့ လက်ရှိဈေးကွက်အခြေအနေ

  • Writer: arkar tm
    arkar tm
  • Oct 2
  • 1 min read
ree

အရင်နှစ်တွေက ရောင်းသူစျေးကွက် ဖြစ်ခဲ့တော့ အိမ်ဝယ်ချင်သူတွေအတွက် အနည်းငယ်ခက်ခဲခဲ့တဲ့ ကာလတွေဖြစ်ခဲ့ပါတယ်။ မနေ့မှအရောင်းတင်ထားတဲ့အိမ်က ကိုယ်စိတ်ဝင်စားလို့နောက်နေ့ပြန်ကြည့်လိုက်ရင် အရောင်းထွက်သွားပြီ၊ အချို့ဆို နာရီပိုင်းလေးနောက်ကျလိုက်တာနဲ့  ကိုယ်ဝယ်ချင်တဲ့အိမ်က သူများဦးသွားပြီ - ဒီလိုတွေ အဝယ်ကျပ်ခဲ့ကြမှာပါ။ စျေးအပြိုင်တွေလိုက်ပေးပြီး အိမ်စစ်ဆေးမှုတွေလဲ မလုပ်လိုက်ကြရဘူး။ 


ဒီလိုကာလတွေမှာ အိမ်ဝယ်မယ့်သူတွေဟာ စိတ်ပျက်ပြီးတော့ အိမ်ဝယ်ဖို့မကြိုးစားကြတော့ပဲ လက်လျော့ထားခဲ့ကြရပါတယ်။ ဒါပေမယ့် အခုမှာတော့ ဒီလိုအခြေအနေတွေပြီးဆုံးသွားလို့ Buyers တွေအတွက် ပိုတည်ငြိမ်ပြီး အပြိုင်အဆိုင်နည်းတဲ့ ဈေးကွက်ကာလကိုရောက်လာခဲ့ပါပြီ။


Realtors.com ရဲ့နောက်ဆုံးထုတ်ပြန်ထားတဲ့ data စစ်တမ်းအရ လက်ရှိအရောင်းတင်တဲ့အိမ်တွေဟာ ဈေးကွက်ပေါ်မှာ ပျှမ်းမျှ 58 ရက်အထိမရောင်းရသေးပဲရှိနေတတ်တယ်လို့ သိရှိရပါတယ်။ ဒါဟာ အရင်နှစ်တွေကထက်စာရင် ရက်အများကြီးပိုတိုးလာတာဖြစ်ပါတယ်။ 


ree

ဒီအချက်ဟာ ဝယ်သူတွေအတွက် အိမ်ကိုလေ့လာချိန်ပိုရမယ်၊ အခြား potential အိမ်တွေနှင့် နှိုင်းယှဉ်ကြည့်ချိန်ပိုရမယ်၊ inspection တွေလည်းသေချာစစ်နိုင်တဲ့ အခွင့်အရေးတွေရမယ်။  ပြီးတော့ planning သေသေချာချာလုပ်ပြီးတော့ဝယ်ယူဖို့အတွက် အခွင့်အရေးတွေတိုးလာ‌ေစပါတယ်။

အခုလိုအချိန်ပိုရတဲ့အတွက် အိမ်ရောင်းမယ့်သူနှင့်လဲ အချိန်ယူပြီးတော့ Negotiate လုပ်နိုင်တဲ့အပြင် အပြိုင်အဆိုင်ဝယ်မယ့်သူတွေလဲ ပိုနည်းပါး‌နေတာကြောင့် Buyers ဖက်က ဈေးဆစ်ဖို့နှင့် ညှိနှိုင်းဝယ်ယူဖို့အတွက် အင်အားတွေပိုပြီးရှိလာစေပါတယ်။


ဒါပေမယ့် ဈေးကွက်အားလုံးဟာ တူညီနေတာမဟုတ်တဲ့အတွက် ကိုယ်အိမ်ဝယ်ချင်တဲ့ ဒေသနှင့်လိုက်ပြီး သူ့ရဲ့ local market အခြေအနေတွေက ကွဲပြားခြားနားတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့် state နှင့် ဒေသအပေါ်မှာရှိတဲ့အခြေအနေတွေ ၊ median price နှင့် median days on market တွေကို အိမ်ဝယ်ဖို့မဆုံးဖြတ်ခင် အရင်လေ့လာထားသင့်ပါတယ်။


ree

ဒီအရေးကြီးတဲ့အချက်တွေကို ကျွမ်းကျင်တဲ့ local real estate agent တွေက ပိုသိနားလည်ပါတယ်။ ဒါကြောင့် information နှင့် opportunity တွေကို မှန်မှန်ကန်ကန်ရရှိနိုင်အောင် ယုံကြည်ရတဲ့ agent တစ်ယောက်နှင့် အလုပ်တွဲလုပ်တာက ကိုယ့်အတွက်အကောင်းဆုံးဖြစ်မှာပါ။ 

အဝယ်ဈေးကွက်က လက်ရှိအေးနေရင် သေချာတာကတော့ သိပ်မကြာခင်အဝယ်တွေပိုများလာပြီး Sellers Market ဖက်ကိုပြန်ကူးပြောင်းတော့မှာဖြစ်တဲ့အတွက် အိမ်ဝယ်ဖို့ဆုံးဖြတ်ထားသူတွေအတွက် လက်ရှိ Market Situation ကိုလက်လွတ်မခံပဲ ကိုယ့်အတွက်အကောင်းဆုံးဖြစ်မယ့်အိမ်တွေရှာပြီးဝယ်ယူသင့်ပါပြီ။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page