top of page

အိမ်ဈေးအရမ်းတင်ပြီးရောင်းမိရင်ဖြစ်လာနိုင်တဲ့ Risk(၃) မျိုး

  • Sep 3, 2025
  • 1 min read

အိမ်ရောင်းတဲ့အခါမှာ ကိုယ့်အိမ်ဈေးကို သတ်မှတ်တာဟာ ကိန်းဂဏန်းတန်ဖိုးမျှသာမဟုတ်ပဲ အိမ်အရောင်းမြန်ဖို့နှင့်အမြတ်များများကျန်နိုင်ဖို့အရေးကြီးတဲ့ strategy တစ်ခုပါပဲ။

လက်ရှိမှာ အိမ်အရောင်းတွေများလာတဲ့အတွက် ဈေးကွက်မှာ ဝယ်သူတွေအားသာတဲ့ buyer ဈေးကွက်ဖြစ်နေပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ဈေးက market နှင့်ကိုက်ညီမနေဘူးဆိုရင် ကိုယ်သူတွေက စိတ်မဝင်စားပဲ ကျော်သွားနိုင်ပါတယ်။ 

ဒီလို over pricing သတ်မှတ်မိရင် Market ပေါ်မှာအိမ်မရောင်းရပဲကြာသွားလေ ကိုယ့်ရဲ့အိမ်ကို အမြတ်ကျန်အောင်ရောင်းဖို့ခက်လေ ဖြစ်မှာပါ။ ဝယ်သူတွေရှာမရတော့တဲ့အခါ အိမ်ပိုင်ရှင်အနေနှင့်ကြုံလာနိုင်တဲ့ risk ၃ မျိုးကတော့ 


(1) အိမ်ဈေးချပစ်လိုက်ရခြင်း

အရောင်းထိုင်းအိမ်လို့ buyers တွေသတ်မှတ်ပြီး ဝယ်ဖို့စိတ်မဝင်စားတော့တဲ့အခါမှာ အိမ်ကိုရောင်းကိုရောင်းထွက်ချင်သေးရင်တော့ ရွေးချယ်စရာမရှိပဲ ဈေးချပစ်ရပါတော့မယ်။ ဈေးချလိုက်တဲ့အခါမှာလဲ အိမ်ရောင်းရဖို့ကမသေချာပြန်ပါဘူး။ Buyers တွေက ဒီအိမ်ကဘာလို့ဈေးချရောင်းတာလဲ ဘာပြသနာရှိလဲလို့တွေးကြမှာဖြစ်တဲ့အတွက် အိမ်ကိုလာဝယ်ဖို့ကို နှစ်ခါပြန်စဉ်းစားကြပါလိမ့်မယ်။


(2) အိမ်ရောင်းဖို့လက်လျော့လိုက်ခြင်း

ဒီလိုအိမ်မရောင်းရတော့တဲ့အခါမှာ အချို့ buyers တွေဟာ စိတ်ဓာတ်ကျပြီးတော့ အိမ်ကိုအရောင်း Market ထဲကနေပြန်ထုတ်တတ်ကြပါတယ်။ ဒီလိုနောက်ဆုတ်လိုက်ရတာဟာ ကိုယ့်ရဲ့အနာဂါတ် စိတ်ကူးအိမ်မက်တွေ အစီအစဉ်တွေကိုပါ နောက်ဆုတ်လိုက်ရတာနှင့်အတူတူပါပဲ။ အိမ်ရောင်းရတဲ့အမြတ်နှင့် အခြား စီးပွါးရေး investment တွေမလုပ်ရတော့ဘူး၊ အိမ်အသစ်မဝယ်နိုင်တော့ဘူး ပြီးတော့ ကိုယ်ပြောင်းရွှေ့ချင်တယ်ဘဝအသစ်နှင့်နေရာအသစ်ကိုမရောက်ရှိနိုင်တော့ပါဘူး။


(3) အိမ်အငှားတွေထားလိုက်ရခြင်း

အချို့အိမ်ပိုင်ရှင်တွေကတော့ အိမ်မရောင်းရတဲ့အတူတူ အိမ်ကိုအငှားထားပြီးတော့ပဲနေကြပါတယ်။ အိမ်အငှားထားပြီးတော့ management လုပ်ရတာ ပြုပြင်ထိမ်းသိမ်းရတာ၊ အိမ်အငှားတွေကို manage လုပ်ရတာ၊ ပြဿအမျိုးမျိုးကို ခေါင်းခံဖြေရှင်းပေးရတာဟာ လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ပါဘူး။ ရံဖန်ရံခါမှာ အိမ်ငှားရတဲ့‌ဝင်ငွေနှင့် ရင်ဆိုင်ဖြေရှင်းရတဲ့ပြဿနာတွေနှင့် အချိန်ကုန်လူပန်းရတာတွေ မတန်တဲ့အဖြစ်မျိုးတွေရှိကြပါတယ်။


ဒါကြောင့်  အိမ်အရောင်းဈေးကိုသတ်မှတ်တာဟာ ကိုယ့်အိမ်ကိုအမြန်ရောင်းထွက်ဖို့အတွက်အရမ်းအရေးကြီးတဲ့အချက်ပါပဲ။ အိမ်ဈေးဆိုတာကလဲ တစ်နေရာနှင့်တစ်နေရာ သတ်မှတ်ရတာခက်ပါတယ်။ တစ်နိုင်ငံလုံးအနေနှင့် သင့်တော်တဲ့ဈေးက ကိုယ့်ပါတ်ဝန်းကျင် local area မှာ သတ်မှတ်ဖို့အဆင်မပြေတဲ့

‌အ‌နေအထားမျိုးတွေရှိပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ local market ကျွမ်းကျင်ပြီး စာရွက်စာတမ်းကိစ္စတွေကိုပိုင်နိုင်စိတ်ချရတဲ့ local agent တစ်ယောက်နှင့် အတူတူတွဲလုပ်တာက ကိုယ့်အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page