Multi Generational Home တွေအဝယ်များလာရတဲ့အကြောင်းအရင်း
- arkar tm
- Aug 10
- 1 min read

Multi Generational Home ဆိုတာဟာ ကိုယ်ဝယ်ထားပြီးတော့ ကိုယ့်ရဲ့အမွေဆက်ခံသူတွေအတွက်ပေးအပ်ထားခဲ့ဖို့ တန်ဖိုးအရှိဆုံး အရာတစ်ခုပါပဲ။ ကောင်းမွန်တဲ့ အိမ်တစ်လုံးဟာ generational wealth တစ်ခုကိုဖန်တီးဖို့ အကောင်းရင်းနှီးမြုပ်နှံမှုတစ်ခုလည်းဖြစ်ပါတယ်။ 2013 ခုနှစ်ကနေ အခုအချိန်အထိမှာ U.S ရဲ့ Multi Generational Home အဝယ်အား 17% အထိတက်လာခဲ့တယ်လို့ National Association of Realtors အဖွဲ့အစည်းက အောက်ပါဇယားနှင့်အတူ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီလို အိမ်တွေဝယ်လိုအား ဘာကြောင့်တက်လာရသလဲဆိုတဲ့ အဓိကအချက်ကတော့ ဒီအိမ်တွေရဲ့ Affordability ကြောင့်ပါ။ 2024 စစ်တမ်းကောက်ယူချက်တွေမှာ 36% သော Home buyers တွေက cost saving အချက်ကို ဦးစားပေးပြီး အိမ်တွေကို ဝယ်ယူကြပါတယ်။ ဒီ ရာခိုင်နှုန်းဟာ 2015 လောက်တုန်းကအခြေအနေနှင့်ယှဉ်ကြည့်လိုက်ရင် နှစ်ဆကျော်ပိုများပါတယ်။ ကိုယ့်ရဲ့ သက်ကြီးရွယ်အို ဆွေမျိုးမိဘတွေကို ဂရုစိုက်ပေးရင်း အိမ်ကောင်းကောင်းတစ်လုံးထဲမှာ မိသားစုလိုက်နေကြတာဟာ buyers တွေရဲ့ cost saving motivation ပါပဲ။ ဒါကြောင့် မိသားစုတွေဟာ အခြား အိမ်ခြံမြေတွေထက် Multi Generational Home တွေကို ပိုသဘောကျဝယ်ယူလာကြတာပါ။
လက်ရှိကာလမှာ ဖြစ်ပျက်နေတဲ့ အိမ်ဈေးနူန်းတွေတက်လာတာ၊ Mortgage Rate တွေတက်လာတာ စတဲ့အချက်တွေက အိမ်တစ်လုံးကို လူတစ်ယောက်တည်းဝယ်နိုင်ဖို့အတွက် ပိုပြီးခက်ခဲလာပါတယ်။ ဒါကြောင့် တချို့မိသားစုတွေဟာ အိမ်တစ်လုံးကို စုပေါင်းပြီးဝယ်ကြတယ်၊ ပြီးတော့ ဒီအိမ်မှာပဲ အတူတူ share နေကြတယ်။ ဒီလိုစီစဉ်တာက အိမ်ရဲ့ကုန်ကျစရိတ်တွေ၊ လစဉ်Mortgage ချေးငွေ၊ ရေခမီတာခနှင့် အစရှိတဲ့ ရှောင်လွှဲမရတဲ့ ကုန်ကျစရိတ်တွေကို စုပေါင်းပြီးတော့ ဖြေရှင်းနိုကြမယ်၊ ဒါကြောင့် တစ်ယောက်ချင်းစီရဲ့ ကုန်ကျစရိတ်ဟာလဲ ပိုပြီးတော့ သက်သာသွားစေပါတယ်။ဒါ့အပြင်မှာလဲ စုပေါင်းအားနှင့် အိမ်ကျယ်ကျယ်တွေကိုဝယ်ယူတာကလဲ မိသားစုဝင်တွေ အိမ်မှာတစ်ယောက်တစ်နေရာစီ လွပ်လပ်အေးချမ်းစွာနှင့် နေထိုင်နိုင်ကြပြီး အစစအရာရာ ပိုပြီးအဆင်ပြေစေပါတယ်။
ကျွမ်းကျင်သူတွေက ဒီ Generational Home တွေကို buyers တွေပိုပြီးဝယ်ယူလာကြတာဟာ ခဏပေါ် ခဏပျောက်သွားမယ့် Trend တစ်ခုမဟုတ်ဘူး၊ ဒါဟာ Buyers အများစုအတွက် လက်တွေ့ကြတဲ့ ရေရှည် solution တစ်ခုဖြစ်လို့ နောင်အချိန်တွေအထိ Multi Generational Home အဝယ်တွေပိုပိုပြီးများလာမယ်လို့ခန့်မှန်းထားကြပါတယ်။
ဒီအချက်တွေကြောင့် အခု 2025 မှာဆိုရင် market ရဲ့ 28% သောအိမ်ဝယ်သူတွေဟာ Single Family Home ကိုပဲ target ထားပြီး ဝယ်ယူလာကြတာဖြစ်ပါတယ်။



Comments