ဆောက်ပြီးခါစအိမ်တွေဝယ်ဖို့အတွက် သိထားသင့်တဲ့ Myths များ
- arkar tm
- Oct 12
- 1 min read

အိမ်ဝယ်သူအချို့ဟာ လူတွေအထင်မှားတတ်တဲ့ Myth အချို့ကြောင့် ဆောက်ပြီးခါစအိမ်အသစ်တွေကိုဝယ်ဖို့အတွက် ဝန်လေးကြတတ်ပါတယ်။ ဒါကြောင့် ကိုယ်က အိမ်အသစ်ဝယ်မယ့်သူဆိုရင် ဒါနှင့် ပါတ်သက်တဲ့ အထင်အယူအဆ အမှားတွေကို ခွဲခြားသိမြင်ထားဖို့အတွက်အရေးကြီးပါတယ်။ လူတွေအများဆုံးအထင်မှားတတ်တဲ့ Newly Built Home Myths တွေကတော့
(1) အိမ်အသစ်တွေက အကုန်အကျပိုများတယ်
အိမ်အသစ်ကိုဝယ်ရင် အိမ်အဟောင်းကိုဝယ်တာထက် ပိုပြီးငွေကုန်ကြေးကျရှိမယ်လို့လူတွေကထင်တတ်ကြပါတယ်။ဒီအချက်ဟာ အမြဲတမ်းမမှန်ကန်ပါဘူး။ Census နှင့် National Association of Realtors (NAR) တို့က ထုတ်ပြန်ထားတဲ့ data တွေအရ အခုအ
ရောင်းဈေးကွက်မှာ အိမ်အသစ်တွေရဲ့ Median Price တွေဟာ အိမ်အဟောင်းတွေထက် ပိုပြီးလျော့နည်းတယ်လို့ဖော်ပြထားပါတယ်။ ဒါက အိမ်အသစ်တွေမှာ ပို smaller floor plan နှင့် အိမ်ဆောက်တဲ့စရိတ်လျော့နည်းစေတာကြောင့်ဖြစ်ပါတယ်။

(2) အိမ်ဆောက်ရောင်းတဲ့ Builder တွေဈေးဆစ်မခံဘူး
တကယ့်ဈေးကွက်မှာက ဒီလိုမဟုတ်ပါဘူး။ အိမ်တွေဆောက်ထားပြီးရောင်းဖို့ Inventory ရှိနေတဲ့ builders တွေဟာ အိမ်ဝယ်မယ့်သူတွေနှင့် ဈေးနူန်းညှိနှိုင်းဖို့အတွက် စိတ်အားထက်သန်ကြပါတယ်။ဒီအချက်ဟာဆိုရင် အိမ်အဟောင်းရောင်းမယ့်သူတွေထက်စာရင်တောင် သူတို့က ပိုကောင်းတဲ့ deals တွေပေးနိုင်တယ်ဆိုတာ ဖော်ပြပေးနေပါတယ်။ အချို့ builders တွေဆိုရင် အိမ်ဝယ်သူတွေအတွက် ပိုသက်သာတဲ့ Mortgage rate တွေ နှင့် Home Upgrade incentive တွေပေးပြီးရင်တောင် အရောင်းအဝယ်ဖြစ်ဖို့ညှိနှိုင်းပေးကြပါတယ်။
(3)အိမ်အသစ်တွေဟာ quality မကောင်းတတ်ကြဘူး
ဆောက်ပြီးခါစအိမ်အသစ်တွေဟာ လူနေပြီးသားအိမ်တွေလို quality စိတ်မချရဘူးဆိုပြီး လူအများစုကတွေး တတ်ကြပါတယ်။ အိမ်ဆောက်တဲ့သူတွေရဲ့လက်ရာနှင့် ခိုင်ခံသပ်ရပ်မှု quality တွေဟာ တစ်ယောက်နှင့်တစ်ယောက်မတူညီကြပါဘူး။ ကိုယ်က သေသေချာချာ research လုပ်ပြီးတော့ ကောင်းမွန်တဲ့ builders တွေကိူရွေးချယ်နိုင်မယ်ဆိုရင် ဒီအချက်ကို စိုးရိမ်စရာမလိုပါဘူး။ ဒီလိုရွေးချယ်ဝယ်ယူနိုင်မယ်ဆိုရင် အိမ်အသစ်ကိုဝယ်ယူတာက အိမ်အဟောင်းတွေကိုဝယ်တာနှင့်ယှဉ်ရင်တောင် ပိုကောင်းတဲ့အိမ်တွေကို ပိုသက်သာတဲ့ကုန်ကျစရိတ်တွေနှင့် ရနိုင်ဖို့အခွင့်အရေးရှိပါတယ်။
(4) အိမ်အသစ်ဝယ်ဖို့ Agent ငှားစရာမလိုဘူး။
ဒါကတော့ Myth အားလုံးထဲမှာအကြီးဆုံးတစ်ခုပဲဖြစ်ပါတယ်။ Builder တွေရဲ့ အိမ်အရောင်းအဝယ် contract က ပုံမှန်အိမ်တွေရဲ့အရောင်းအဝယ်ကိစ္စတွေနှင့် မတူညီတဲ့စာရွက်စာတမ်းပုံစံတွေနှင့် အဆင့်တွေအများကြီးပါဝင်ပါတယ်။ ဒါကြောင့် အဝယ်စာချုပ်လက်မှတ်မထိုးခင်မှာ ဒီအချက်တွေကိုသေသေချာချာနားလည်ပြီးရှင်းပြနိုင်တဲ့ Agent တစ်ယောက် ကိုယ့်အနားမှာရှိနေဖို့အရေးကြီးပါတယ်။ Builders တွေဖက်က အိမ်နှင့်အဆောက်အဦးအကြောင်းတွေကိုရှင်းပြပေးမယ် Builder Repတွေရှိပေမယ့် ကိုယ့်မှာ ယုံကြည်ရတဲ့ Agent တစ်ယောက်ပါလာတာက ဘယ်လောက်အထိ ပိုပြီးအထောက်အကူဖြစ်သလဲဆိုတာကို Realtor.comရဲ့ Survey က အောက်ပါပုံအတိုင်းနှိုင်းယှဉ်ပြသပေးထားပါတယ်။

ဒါတွေကတော့ အိမ်အသစ်ဝယ်ဖို့စိတ်ဝင်စားတဲ့သူတွေ သိရှိထားသင့်တဲ့ New Home Myths တွေပဲဖြစ်ပါတယ်။



Comments