top of page

Down Payment တွေအတွက်သိထားသင့်တဲ့အမှန်တရား

  • Writer: arkar tm
    arkar tm
  • Oct 12
  • 1 min read
ree

အိမ်ဝယ်ဖို့စီစဉ်ရတာ plan ဆွဲရတာဟာ စိတ်လှုပ်ရှားစရာကောင်းပါတယ်၊ Down payment ကိစ္စအဆင့်ကိုမရောက်သေးတဲ့အချိန်အထိပေါ့။ Down Payment အဆင့်ကိုရောက်တဲ့အခါ ကိုယ့်က ငွေပြည့်အောင်စုနိုင်ပါ့မလား၊ စုထားတဲ့ငွေနှင့်ရောလောက်ပါ့မလား၊ အိမ်အငှားပဲဆက်နေလိုက်ရတော့မလား - အစရှိသဖြင့် စိတ်ပူစရာ အတွေးများစရာတွေဖြစ်လာနိုင်ပါတယ်။


ဒါက လူတော်တော်များများဖြစ်တတ်တဲ့ကိစ္စပါ။ ပြီးတော့ သင်သိထားကြားထားဖူးတဲ့ Down Payment နှင့်ပါတ်သက်တဲ့ စိတ်ပူစရာအချက်အလက်တွေအများစုက တကယ့်အချက်အလက်‌တွေနှင့်က မတူညီတာ၊ မမှန်ကန်တာတွေများပါတယ်။ ဒါကြောင့် ကိုယ်က Down Payment ရဲ့အကြောင်းနှင့် facts တွေကို တကယ်နားလည်သိရှိသွားပြီဆိုရင် ကိုယ့်အတွက် Down Payment ‌ချပြီး အိမ်ပိုင်ဆိုင်နိုင်ဖို့ ထင်ထားတာထက်ပိုပြီးနီးစပ်နေတယ်ဆိုတာ သိရှိသွားပါမယ်။ ဒါကြောင့် Down Payment နှင့်ပါတ်သက်တဲ့ လူတွေအထင်မှားတတ်တဲ့ Myth (3) ခုကိုပြောပြပေးသွားပါမယ်။


Myth (1) : အိမ်ဝယ်ဖို့ Down Payment တစ်လုံးတခဲ amount အများကြီးပေးရမယ်


မကြာခင်ကထုတ်ပြန်ထားတဲ့ Morning Consult and NeighborWorks ရဲ့ Poll ဇယားတစ်ခုမှာ America ရဲ့ လူဦးရေ 70% က သူတို့ အိမ်ဝယ်မယ်ဆိုရင် Down Payment ကို 10% လုံးဝသွင်းရမယ်လို့ယုံကြည်ကြပြီး ၊ အခြား လူဦးရေ 11% ကတော့ Down Payment အတွက် ဘာတွေတကယ်လိုအပ်မှန်းတောင်မသိကြဘူးလို့ဖော်ပြထားပါတယ်။ ဒီပထမ Myth က အိမ်ဝယ်ချင်သူတွေရဲ့အိမ်မက်ကို အများဆုံးရပ်တန့်ပစ်လိုက်တဲ့ အချက်ပါ။

အမှန်တကယ်က အိမ်ဝယ်သူတွေ Down Payment ပေးရတာ အိမ်တန်ဖိုးရဲ့ 6% ကနေ အများဆုံး 9% အထိပဲရှိတာ 2018 ခုနှစ်ကတည်းကဖြစ်တယ်လို့ National Association of Realtors (NAR) က ဖော်ပြခဲ့ပါတယ်။ ဒီ့အပြင် ကိုယ်က FHA Loan နှင့်ဆိုရင် Down Payment 3.5% ပဲသွင်းရတယ်၊ VA Loan ဆိုရင် Down Payment သွင်းပေးစရာတောင်မလိုအပ်ပါဘူး။

ree

Myth (2) : Down Payment ပေးနိုင်အောင်ငွေကိုအကြာကြီးစုရမယ်


ငွေပမာဏတစ်ခုကိုပြည့်အောင်စုတာ အချိန်လိုတာမှန်ပါတယ်၊ ဒါပေမယ့် လူတွေထင်ထားသလောက်ကြီးတော့မကြာပါဘူး။ အချို့ States တွေမှာဆိုရင် ကိုယ့်ရဲ့ goal ပမာဏကို စုမိဖို့က ထင်ထားတာထက်ပိုမြန်ပါတယ်။ အထူးသဖြင့်ကိုယ်က ကိုယ့် budget ကိုပိုင်နိုင်ပြီး saving plan ကောင်းကောင်းရှိထားရင် အများကြီးပိုမြန်မှာပါ။  ကိုယ်နေတဲ့ state အလိုက် 10% Down Payment ငွေစုဖို့ဘယ်လောက်ပိုမြန်တယ်ဆို‌တာ အောက်ပါပုံနှင့်ကြည့်ပြီး ကြိုတင်သိရှိနိုင်ပါတယ်။


ree

ပြီးတော့ တစ်ခုသိထားဖို့က Down Payment အားလုံးက 10% တောင်‌ပေးဖို့မလိုဘူးဆိုတာပါ။ နောက်ထပ်က ကိုယ်က Down Payment ဘယ်လောက်ပဲသွင်းရမယ်ဖြစ်စေ အကုန်လုံးကို ကိုယ်တစ်ယောက်တည်းကပဲ အိတ်စိုက်ပေးရမှာ မဟုတ်ဘူးဆိုတာပါပဲ။


Myth (3) : ငွေအားလုံးကို အကူအညီမပါပဲ ကိုယ်ကပဲပေးချေရမယ်


ဒါကတော့ အကြီးဆုံး Myth တစ်ခုပါပဲ။ တကယ့်လက်တွေ့မှာက Down Payment Assistant Program တွေ ထောင်ဂဏန်းနှင့်ချီပြီးတော့ တည်ရှိနေပါတယ်၊ ဒီအချက်ကို America ရဲ့ 39% သောလူဦးရေတွေက မသိကြပါဘူး။  ဒီ program တွေဟာ သင့်လိုအိမ်ဝယ်ဖို့အဆင်သင့်ဖြစ်နေတဲ့သူတွေကို ကူညီပေးဖို့အတွက် တည်ရှိနေကြတာဖြစ်ပါတယ်လို့ CBC Mortgage Agency ရဲ့ President ဖြစ်သူ Miki Adams က ပြောပြထားခဲ့ပါတယ်။



ဒါကြောင့် အိမ်ဝယ်ဖို့ Down Payment အတွက်ပြင်ဆင်တော့မယ်ဆိုရင် ကိုယ်ကလဲ‌သေသေချာချာလေ့လာထားပြီး တကယ့်စာရွက်စာတမ်းနှင့် regulations process တွေကို တာဝန်ယူကူညီဆောင်ရွက်ပေးနိုင်တဲ့ trustworthy real estate agent တစ်ယောက်နှင့် ချိတ်ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်လိုက်ပါ။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page