အိမ်ကိုမရောင်းပဲအငှားထားမလို့စဉ်းစားနေရင် ဒါကိုဖတ်ကြည့်ပါ

အိမ်ရောင်းမထွက်လို့ အငှားပဲထားတော့မယ်ဆိုပြီးစဉ်းစားနေပါသလား? ။ ဒီလိုမျိုးအဖြစ်အပျက်က အိမ်ပိုင်ရှင်တွေမကြာခဏဖြစ်တတ်ကြလို့ Accidental Landlord ဆိုပြီး လူတွေက နာမည်တောင်ပေးထားကြပါတယ်။
ဘာကြောင့်အခုတစ်လောမှာ ဒီလို Landlord တွေဆက်တိုက် ပေါ်ထွက်လာတာလဲ ?
ဘာကြောင့်လဲဆိုတော့ Mortgage rate တွေမြင့်ပြီး အိမ်အရောင်းတွေနှေးနေတဲ့ဈေးကွက်မှာ အရောင်းမထွက်ပဲကြာနေတဲ့အိမ်တွေများလာပါတယ်။ ဒီလိုထဲမှာမှ အိမ်ပိုင်ရှင်တစ်ချို့ဟာ သူတို့အိမ်ကို ဈေးချမရောင်းချင် အိမ်အငှားတွေထားဖို့ပဲဆုံးဖြတ်ကြပါတယ်။ ဒါပေမယ့် သိထားဖို့က အိမ်အငှားထားပြီး Landlord အနေနှင့်ရပ်တည်ဖို့ဆိုတာ စိန်ခေါ်မှု challenge တွေအများကြီးရှိတယ်ဆိုတာပါ။ ဒီ challenge တွေကိုကြိုတင်စဉ်းစားပြီးမှသာ ကိုယ့်အနေနှင့် Landlord လုပ်သင့်မလုပ်သင့် ချင့်ချိန်ဆုံးဖြတ်သင့်ပါတယ်။
အိမ်အငှားမထားခင် ကြိုစဉ်းစားထားမယ့်အချက်များ
1. သင့်အိမ်က အငှားထားဖို့သင့်တော်ရဲ့လား?
- ကိုယ့်ရဲ့အိမ်က အိမ်အငှားတွေလာနေဖို့ စိတ်ဝင်စားမယ့် location မှာရှိလား။
- အိမ်အငှားရခဲ့ရင်ရော Mortgage နှင့် Maintenance ဖိုးတွေ ကာမိမှာလား။
- အိမ်အငှားမထားခင်မှာရော ငွေကုန်ကြေးကျများမယ့်ပြုပြင်ရေးတွေလုပ်ဖို့လိုမလား။
-အငှားမရှိသေးတဲ့ အချိန်မှာ mortgage payment အတွက်ပေးစရာ ငွေ အလုံအလောက်ရှိရဲ့လား
အစရှိတဲ့အချက်တွေကိုအရင်တွက်ချက်ပါ။

2. Landlord တစ်ယောက်အနေနှင့် အိမ်ငှားတွေနှင့် ဆက်ဆံပြီး Manage လုပ်ဖို့အဆင်သင့်ဖြစ်ပြီလား?
Landlord တစ်ယောက်ဟာ အိမ်ငှား complaint တက်လာပြီဆိုရင် ချက်ချင်း အိမ်အတွက် လိုအပ်တဲ့ ပြုပြင်ထိမ်းသိမ်းရေးတွေလုပ်ပေးရတယ်။ အိမ်ထိခိုက်ပျက်စီးမှုတွေရှိလာရင် အိမ်ငှားနှင့်စကားအချေအတင်ပြောပြီး ပြုပြင်စရိတ်တွေတောင်းရတယ်။ ပြောဆိုဆက်ဆံရတာ အဆင်ပြေတဲ့အိမ်ငှားရော မပြေတဲ့အိမ်ငှားတွေဆီက အိမ်ငှားခတွေရအောင်ကောက်ခံရတယ်။ အိမ်ငှားအချင်းချင်းဖြစ်တဲ့ပြဿနာတွေကိုပါ အဆင်ပြေအောင်လိုက်ပြီး တာဝန်ယူဖြေရှင်းပေးရတယ်။ အစရှိတဲ့ တာဝန်တွေကို ယူပြီး အိမ်ငှားထားဖို့ အဆင်သင့်ဖြစ်မဖြစ်ကိုစဉ်းစားပါ။ ဒီကိစ္စတွေကို Property Manager တစ်ယောက်ခန့်ထားပြီး ဖြေရှင်းလို့ရပေမယ့် လစာပေးရမှာဖြစ်တဲ့အတွက် ကိုယ့်အမြတ်တွေကလျော့နည်းသွားနိုင်ပါတယ်။
3. ကြုံတွေ့လာရမယ့် Hidden Cost တွေအတွက် ငွေကုန်ခံနိုင်ရဲ့လား ?
အိမ်အငှားထားမယ်ဆိုရင် Insurance ကြေးတွေပိုပြီးပေးရပါမယ်။ Management နှင့် Property Maintenance လစဉ်ကုန်ကျမယ့်စရိတ်တွေ။ ပြီးတော့ အိမ်ငှားမရခဲ့ရင် Vacant ဖြစ်ပြီး ဝင်ငွေမရှိမယ့်လတွေ - အစရှိတဲ့အခြေအနေတွေကိုရင်ဆိုင်ဖြေရှင်းဖို့အတွက် ကုန်ကျစရိတ်တွေအတွက်ရော အဆင်သင့်ဖြစ်ပြီလား။

အိမ်အငှားထားတယ်ဆိုတာ လူအများထင်သလို passive income ဝင်ငွေလမ်းစစ်စစ်ကြီးမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် အမြဲတမ်းအဆင်သင့်ဖြစ်နေပြီးတော့ မကြာခဏ ဝင်ရောက် ဆောင်ရွက်ရတဲ့ လုပ်ငန်းသဘောမျိုးဖြစ်ပါတယ်။ ဒါကြောင့် အထက်မှာဖော်ပြထားတဲ့ အချက်တွေအားလုံးကို စဉ်းစားတွက်ချက်ပြီးတော့မှသာ အိမ်ငှားထားဖို့အတွက်ကိုဆုံးဖြတ်သင့်ပါတယ်။



Comments