top of page

လက်ရှိအိမ်ဈေးတွေဘယ်ကိုဦးတည်နေသလဲ

  • Writer: arkar tm
    arkar tm
  • Aug 28
  • 1 min read
ree

အခုတလောမှာ အိမ်ခြံမြေဈေးကွက်တွေ crash ဖြစ်နိုင်တယ်ဆိုပြီး သတင်းတွေအများကြီးထွက်နေပေမယ့် တကယ့်လက်တွေ့မှာကတော့ ဒီလောက်ထိအခြေအနေမဆိုးပါဘူး။ Local Market အချို့မှာ အိမ်အရောင်းအရေအတွက်တွေတိုးလာလို့ အိမ်ဈေးတွေနည်းနည်းကျသွားပေမယ့်လဲ တစ်နိုင်ငံလုံးအနေအထားမှာကတော့ ပုံမှန်အတိုင်း ဖြေးဖြေးနှင့်မှန်မှန်တက်သွားနေတာကိုတွေ့ရပါတယ်။ 


Fannie Mae အဖွဲ့အစည်းရဲ့ နောက်ဆုံးသုံးသပ်ချက် Home Price Expectations Survey က အိမ်ခြံမြေဈေးကွက်ကျွမ်းကျင်သူ အယောက် 100 ကျော်က နောက်လာမယ့် 2029 အထိ နှစ်စဉ်နှစ်တိုင်း အိမ်ဈေးနူန်း 3.3%ခန့် စီ တက်သွားမယ်လို့ ခန့်မှန်းထားကြကြောင်းဖော်ပြပေးထားပါတယ်။ သူတို့က အမြင့်ဆုံးကာလတွေမှာ 5% အထိတက်နိုင်ပြီးတော့ အနိမ့်ဆုံးကာလတွေမှာတော့ 1.3% လောက် နှစ်စဉ်ဈေးနူန်း တက်နိုင်တယ်လို့ပြောပါတယ်။ 


ree

ဒီ Survey result ကိုကြည့်ခြင်းအားဖြင့်  expert group  တွေအားလုံးဟာ အိမ်ဈေးတက်မှာကိုပဲ ကြိုတင်ခန့်မှန်းထားကြပြီးတော့ အိမ်ဈေးကျသွားမှာတွေ ဈေးကွက်ပျက်မှာတွေကို ဘယ်သူမှခန့်မှန်းမထားဘူး၊ ဒါကြောင့် အိမ်ခြံမြေဈေးကွက်ရဲ့ အနာဂါတ်ဟာ ကောင်းတဲ့ဖက်ကိုပဲ ဦးတည်သွားနေတယ်လို့ သုံးသပ်လို့ရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် Foreclosure rate လျော့နည်းနေတာ၊ ဘဏ်တွေက responsible lending နည်းလမ်းတွေကျင့်သုံးတာ၊  Homeowner Equity တွေ ခိုင်ခိုင်မာမာရှိနေတာ - အစရှိတဲ့အချက်တွေက လက်ရှိနှင့်အနာဂါတ်ရဲ့ U.S ရဲ့အိမ်ခြံမြေဈေးကွက်ကို ခိုင်မာပြီး healthy ဖြစ်နေဖို့အတွက်အထောက်အကူပေးနေပါတယ်။


ree

ဒါကြောင့် U.S ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ Market Crash ဖက်ကိုဦးတည်မနေပါဘူး။ သင်က အိမ်ဈေးကျတာကိုစောင့်ပြီး အိမ်ဝယ်ဖို့အတွက် စီစဉ်နေနေသူဆိုရင်တော့ market မှာအိမ်ဈေးတွေက အချိန်ကြာတဲ့အရမ်းကျသွားနိုင်မယ့်အနေအထားမရှိပါဘူး။ ကိုယ့်ရဲ့ Local ဈေးကွက်မှာ ဖြစ်နိုင်တဲ့အနည်းငယ်အတက်အကျနူန်းတွေ‌ကိုစောင့်ကြည့်ပြီးမှသာ အရောင်းအဝယ်ပြုလုပ်ဖို့အကြံပေးချင်ပါတယ်။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page