အိမ်ရောင်းတဲ့အချိန်မှာ သတိထားဆင်ခြင်သင့်တဲ့အမှားများ

အိမ်ရောင်းတယ်ဆိုတာဟာ exciting ဖြစ်စရာကာလတစ်ခုပါပဲ။ ဒါပေမယ့်ကိုယ်အိမ်ရောင်းတဲ့အချိန်မှာ ကိုယ့်ရဲ့ အချိန်တွေငွေတွေမဆုံးရှုံးရအောင် သတိထားရမယ့်အမှားအယွင်းတွေရှိပါတယ်။ ဒါကဘယ်အချက်တွေလဲဆိုတာနှင့် ဒီအရာတွေကိုဘယ်လိုကြိုတင်ရှောင်လွှဲရမလဲဆိုတာတွေပြောပြပေးသွားပါမယ်။
1. အိမ်ဈေးနူန်းပိုတင်ပြီးရောင်းမိခြင်း
အိမ်ရောင်းတဲ့အချိန်မှာ လူတိုင်းက အမြင့်ဆုံးဈေးကိုရချင်ကြပါတယ်။ ဒါပေမယ့် ကိုယ်သတ်မှတ်လိုက်တဲ့ဈေးနူန်းက လက်ရှိ Market နှင့်လိုက်လျောညီထွေမရှိပဲ ပိုပြီးမြင့်နေတယ်ဆိုရင် potential buyers တွေကို ချက်ချင်းမျက်နှာလွှဲသွားစေနိုင်ပါတယ်။ ဒီလိုနှင့် အိမ်အရောင်းမထွက်ပဲ Market ထဲမှာကြာသွားရင် နောက် buyers တွေကိုပိုပြီးစိတ်ဝင်စားမှုလျော့ကျစေတဲ့အပြင် ရောင်းဈေးကိုပါ ပြန်လျော့ချရတဲ့အခြေအနေမျိုးကိုရောက်ရှိစေနိုင်ပါတယ်။ ဒါကြောင့် အိမ်ရောင်းမယ်ဆိုရင် ကိုယ်ယုံကြည်ရတဲ့ local real estate agent တစ်ယောက်နှင့်အရင်ဆုံးတိုင်ပင်ပြီးတော့ ဈေးကွက်နှင့်ကိုက်ညီတဲ့၊ ကိုယ့်အတွက်လဲ အမြတ်ကောင်းကောင်းရနိုင်ပြီး မှန်ကန်တဲ့ဈေးနူန်းတစ်ခုကိုသတ်မှတ်သင့်ပါတယ်။
2. မှားယွင်းတဲ့ Home Upgrade တွေကိုထည့်သွင်းမိခြင်း။
အိမ်ရောင်းတဲ့အခါမှာ buyers တွေဈေးပိုပေးအောင်၊ ပိုဆွဲဆောင်မှုရှိအောင် renovation ပြန်လုပ်တာက လုပ်သင့်တဲ့အချက်တစ်ခုပါပဲ။ ဒါပေမယ့် Home Upgrade တွေတိုင်းက သင့်ရဲ့အိမ်ကိုတန်ဖိုးပိုမတက်စေတဲ့အပြင် တစ်ခါတစ်လေမှာ ကိုယ့်အိမ်တန်းဖိုးကိုထိခိုက် စေပြီး အချိန်ကုန်ငွေကုန်နှင့် ရောင်းထွက်ဖို့ပိုကြာသွားတာမျိုးတွေတောင်ဖြစ်စေနိုင်ပါတယ်။ လက်ရှိလို အိမ်အဝယ်တွေထက် ရောင်းတဲ့သူတွေပိုများနေတဲ့ကာလမှာ ကိုယ့်အိမ် upgrade တွေကို local ဈေးကွက်ရဲ့ trends တွေနှင့် ကိုက်ညီမှုရှိအောင် သေသေချာချာလေ့လာပြီးမှ upgrade လုပ်သင့်ပါတယ်။
3. အရောင်းအဝယ်စကားပြောပြီး Negotiate မလုပ်ခြင်း။
အခုလို အိမ်အရောင်းတွေပိုများလာတဲ့ကာလမှာ ဈေးကွက်က အိမ်ဝယ်သူတွေဖက်မှာပိုအားသာပါတယ်။ အကယ်၍ negotiation လုပ်ခြင်းက ကိုယ့်အတွက် closing cost တွေ cover လုပ်ရဖို့၊ repair အသေးတွေပြန်လုပ်ရဖို့ အလားအလာရှိခဲ့ရင်တောင် ဝယ်သူတွေနှင့် negotiation စကားလက်ခံပြောဆိုဖို့အတွက် open ဖြစ်သင့်ပါတယ်။ ဒီ့အတွက် ကိုယ့်ရဲ့ Local Agent ကိုပါ negotiation process ထဲကိုပါဝင်စေပြီးတော့ ဝယ်သူအတွက်ရော ကိုယ့်အတွက်ပါ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ အရောင်းအဝယ်တစ်ခုဖြစ်မြောက်ဖို့အတွက် စီစဉ်ဆောင်ရွက်သင့်ပါတယ်။
4. မှန်ကန်တဲ့ Real Estate Agent ကိုမရွေးချယ်မိခြင်း။
ကိုယ်တွေ့တဲ့ ပထမဆုံး agent ကိုရွေးချယ်ပစ်လိုက်ပြီး အရောင်းအဝယ်ကိစ္စတွေ မလုပ်လိုက်ပါနှင့်။ ကိုယ့်ပါတ်ဝန်းကျင်မှာရှိတဲ့ Local Agent တွေအားလုံး ကိုလိုက်ပြီး online မှာလေ့လာပါ။ ပြီးမှ ဒီထဲကနေအဆင်ပြေတဲ့ agent တွေကို ကိုယ်တိုင်ဆုံတွေ့ပြီးစကားပြောကြည့်ပါ။ ပြီးမှ ကိုယ့်နှင့်အဆင်ပြေဆုံး တစ်ယောက်ကိုရွေးချယ်သင့်ပါတယ်။ မှန်ကန်တဲ့ agent တစ်ယောက်ကိုရွေးချယ်နိုင်ခြင်းက ကိုယ့်အိမ်ရောင်းအဝယ်ကိုမြန်မြန်ဆန်ဆန်နှင့် အမြတ်များများရအောင်ကူညီပေးနိုင်သလို မှားယွင်းတဲ့ agent ကိုငှားမိပြီး ကိုယ့်အတွက်အချိန်ကုန်ငွေကုန်နှင့် အရောင်းအဝယ်မဖြစ်ပဲ ကြန့်ကြာတာတွေဖြစ်စေနိုင်ပါတယ်။
ဒါတွေကတော့ အိမ်အရောင်းသမားတွေဖြစ်တတ်တဲ့၊ သတိထားရမယ့်အချက်လေးချက်ပဲဖြစ်ပါတယ်။



Comments