top of page

ကိုယ်ပိုင်အိမ်ခြံမြေနှင့် Passive Income ဘယ်လိုရှာမလဲ

  • Writer: arkar tm
    arkar tm
  • Jul 12
  • 1 min read
ree

Real Estateဟာ အရင်ချိန်တွေကတည်းက အခုအချိန်အထိ passive income ရှာဖို့အကောင်းဆုံးနည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ သင်ဟာ financial freedom ရဖို့ကြိုးစားနေတာဖြစ်ဖြစ် extra income ရချင်တာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အိမ်ခြံမြေကိုအသုံးချပြီးတော့ အချိန်နှင့်အားစိုက်မှုနည်းနည်းပဲလိုအပ်တဲ့ ဝင်ငွေလမ်းကြောင်းတွေကို အလွယ်တကူဖန်တီးနိုင်ပါတယ်။


Passive Income ရှာဖို့အကောင်းဆုံးနည်းလမ်းများ


1. အိမ်အငှားထားခြင်း : Single Family နှင့် Multi Family Homes တွေဟာ အိမ်အငှားထားပြီးတော့လစဉ်ဝင်ငွေကောင်းတဲ့ cash flow တစ်ခုကိုဖန်တီးနိုင်ပါတယ်။ အငှားအိမ်ကိုထိထိရောက်‌ရောက်စီမံခန့်ခွဲနိုင်ဖို့ အတွက်  Property Manager တစ်ယောက်ငှားထားမယ်ဆိုရင် ကိုယ့်အတွက်အများကြီး အလုပ်ရှုပ်သက်သာစေပါတယ်။


2.ရက်တိုအငှားထားခြင်း : လစဉ်အိမ်ငှားထားသလိုပဲ Airbnb နှင့် VRBO တို့လိုမျိုး ရက်တိုအိမ်အငှားထားတဲ့နည်းလမ်းကလဲ ကိုယ့်ပိုင်အိမ်နှင့်ဝင်ငွေကောင်းကောင်းရှာလို့ရပါတယ်။ ဒီလိုရက်တိုအငှားထားမယ်ဆိုရင် အရင်ဆုံးကိုယ်နေတဲ့ဒေသရဲ့ Local Regulations တွေနှင့်ကိုက်ညီစွာလုပ်နိုင်ဖို့အရင်စီစဉ်ထားရပါမယ်။ 


3. REITs (Real Estate Investment Trusts) : သင်က အိမ်အပိုင်မရှိဘူး ဒါမှမဟုတ် အိမ်အပိုင်မဝယ်ချင်ဘူးဒါပေမယ့် extra income အတွက်လဲ investment လုပ်ချင်တယ်ဆိုရင် REITs နည်းလမ်းရှိပါတယ်။ ဒါက Real Estate ကိုပိုင်ဆိုင်ထားပြီး အငှားထားစီးပွားရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေဆီမှာ ရှယ်ယာဝင်ထည့်ခြင်းဖြစ်ပါတယ်။ဒါက Stock တွေကို investment လုပ်တဲ့နည်းနှင့်တူပြီး ကိုယ်ထည့်ထားတဲ့ ရှယ်ယာအလိုက် investment return ကိုလစဉ်ရနိုင်ပါတယ်။ဒီနည်းလမ်းရဲ့အားသာချက်က ကိုယ်တိုင် property ထိမ်းသိမ်းစရာမလိုပဲ steady income ရနိုင်ပြီး အားနည်းချက်ကတော့ ကိုယ်ပိုင်အိမ်ငှားတာထက် ဝင်ငွေပိုနည်းပြီး၊ ကိုယ်ရင်းနှီးမြှုပ်နှံထားတဲ့  Property အပေါ်မှာ full control မရှိပါဘူး။


4. အိမ်ကိုပိုင်းပြီးအငှားထားခြင်း : ကိုယ်နေနေတဲ့အိမ်မှာအခန်းအလွတ်တွေ၊ အထပ်လွတ်တာတွေရှိတယ်ဆိုရင် နေထိုင်လို့ရအောင်ပြုပြင်ပြီးတော့ ရေရှည်၊ရေတို ဧည့်သည်တွေနေထိုင်ဖို့အတွက်အငှားထားလို့ရပါတယ်။ ဒီလိုအငှားထားတာကလဲ ကိုယ့်အတွက် လစဉ်ဝင်ငွေကောင်းကောင်းရနိုင်ပြီး

 အိမ်ရဲ့လစဥ်ကုန်ကျစရိတ်တွေနှင့် mortgage တွေပေး

ချေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။


5. Real Estate Syndication: ဒါကတော့ ယုံကြည်ရတဲ့ လူတွေလူတွေနှင့်အဖွဲ့တစ်ခုတည်ထောင်ပြီး အိမ်ခြံမြေတွေကိုအချိုးကျစုပေါင်းဝယ်ယူကာ စီးပွားရေးလုပ်တာပါပဲဖြစ်ပါတယ်။ ဒါကတော့ များများရင်းနိုင်တဲ့ investor တွေက ကိုယ်တိုင် property management လုပ်စရာမလိုပဲ အချိန်မှန်မှန် passive Income များများရရှိအောင် လုပ်ကိုင်ကြတဲ့နည်းလမ်းပဲဖြစ်ပါတယ်။


ဒါတွေကတော့ Real Estate နှင့် ဘယ်လို passive income တွေရရှိနိုင်တယ်ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။

 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page