House Hunting အတွက်ပိုကောင်းလာတဲ့ လက်ရှိကာလ
- arkar tm
- Jul 5
- 1 min read

အရင်နှစ်တွေက အရမ်း အပြိုင်အဆိုင် များတဲ့ market ရဲ့ အိမ်အရောင်းပမာဏနည်းနည်းထဲမှာ အိမ်အဝယ်ရှာရခက်ပြီး ခေါင်းကိုက်နေခဲ့တယ်ဆိုရင် လက်ရှိနှစ်မှာတော့ ဒီပြသနာတွေပြေလည်သွားတော့မှာပါ။
အခုနှစ်ဟာဆိုရင် real estate market condition တွေဟာ အများကြီးပိုကောင်းလာပြီး ရောင်းသူဝယ်သူတွေအတွက် ပိုပြီးအဆင်ပြေချောမွှေ့စေမယ့် ကာလကိုရောက်ရှိလာပြီဖြစ်ပါတယ်။
Redfin ရဲ့ Chief Economist ဖြစ်တဲ့ Daryl Fairweather က ဒီနှစ် 2025 မှာ Mortgage Rateတွေ တည်ငြိမ်လာတယ်၊ အိမ်ဈေးတွေဟာလဲ ပိုပြီး တည်ငြိမ်တဲ့အနေအထားမှာရှိတယ်၊ ပြီးတော့ ဈေးကွက်မှာ အရင်ကထက် အိမ်အရောင်း Inventory တွေအများကြီးတိုးများလာတယ်၊ ဒါ့ကြောင့်အခုနှစ်ဟာ လွန်ခဲ့တဲ့နှစ်နှစ်ထက် ပိုကောင်းတဲ့ဈေးကွက်ကို ပိုင်ဆိုင်ထားတယ်လို့ပြောကြားခဲ့ပါတယ်။ ဒီလို ဈေးတန်းအစားစားက Home Inventory တွေများပြားလာခြင်းဟာ Home Buyers တွေအတွက် ရွေးချယ်ဖို့အခွင့်အလမ်းတွေပွင့်လာစေခဲ့ပါတယ်။
အရင်နှစ်နှင့်ယှဉ်ရင် ဒီ 2025 ခုနှစ် March လမှာ New Listings တွေ 10.2% ပိုများပြားလာတယ် လို့ Realtor.com ကပြောခဲ့ပါတယ်။
အခုဆိုရင် Buyers တွေအနေနှင့် ကိုယ်မျှော်မှန်းထားတဲ့ ဈေးတန်းတွေအလိုက် အကြိုက်ရွေးချယ်စရာအိမ်အများအပြားရှိနေပါပြီ။ မြို့အသစ်တစ်ခုကိုပြောင်းနေဖို့ဆုံးဖြတ်ထားလား၊ ဒါမှမဟုတ် Downsizing or Upgrading လုပ်ဖို့စီစဉ်နေလား၊ Second Property အနေနှင့် Investment အသစ်လုပ်တော့မှာလား - အစရှိတဲ့အချက်တွေတိုင်းအတွက် opportunity တွေအများကြီးတိုးလာစေပါတယ်။
ဒါကြောင့် အခုနှစ်ရဲ့ နွေဦးရာသီ Market ဟာ ဈေးကွက်မကောင်းလို့ ဆိုင်းငံထားရတဲ့ Buyers တွေရဲ့ အိမ်အရောင်းအဝယ်အစီအစဉ်တွေကို ပြန်ပြီးအကောင်အထည်ဖော်ဖို့အတွက်အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။
ဒါကြောင့် Buyers တွေအနေနှင့် ကိုယ့်အတွက် negotiation power အမြင့်ဆုံးဖြစ်တဲ့ လက်ရှိကာလကို လက်လွှတ်မခံပဲ အမြန်ဆုံး ဝယ်ယူမှု ပြုလုပ်ကြဖို့ အတွက်တိုက်တွန်းချင်ပါတယ်။ ဘာကြောင်လဲဆိုတော့ ဈေးကွက်ပြန်ကောင်းလာတဲ့နောက်မှာ ဝယ်သဝယ်သူ တွေလဲပိုများလာတော့မယ်၊ အဲဒီ့အချိန်ကြရင် အပြိုင်အဆိုင်ဈေးပေးမှုတွေပိုများလာပြီးတော့ အရင်လို လေလံဆွဲ ရတဲ့ အခြေအနေတွေ ပြန်ဖြစ်လာနိုင်တယ္်။ အဲ့လိုဖြစ်လာတဲ့ အခါ ဝယ်သူတွေရဲ့ buying power နှင့် negotiation power တွေပြန်ကျသွားတော့မှာဖြစ်ပါတယ်။
ဒါကြောင့်ကိုယ်ကအိမ်ဝယ်ဖို့ဆုံးဖြတ်ထားပြီဆိုရင် အစစရာရာ မြန်ဆန်ပြီးစီးအောင် ၊ စိတ်ချရအောင် ကိုယ်ယုံကြည်ရတဲ့အိမ် ခြံမြေ အကျိုးဆောင် နှင့်ချိတ်ဆက်ပြီးတော့ ကိုယ့်ရဲ့ အိမ်ဝယ်ယူမှု အစီအစဉ်တွေကို အမြန်ဆုံးပဲအကောင်အထည်ဖော်လိုက်သင့်ပါပြီ။
ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။



Comments