top of page

ငွေကြေးချမ်းသာကြွယ်ဝဖို့အတွက် အထိရောက်ဆုံး Real Estate Investment Strategy များ

  • Writer: arkar tm
    arkar tm
  • Jun 30
  • 1 min read
ree

အိမ်ခြံမြေမြေရင်နှီးမြုပ်နံမှုဆိုတာဟာ ကိုယ့်ရဲ့ကြွယ်ဝချမ်းသာခြင်းကို ရေရှည်ရင်းနှီးမြုပ်နှံမှုအနေနှင့်အပြင် အပိုဝင်ငွေရနေစေခြင်း၊ ကိုယ့်ရဲ့ portfolioကို diversificationလုပ်ထားနိုင်ခြင်းတို့နှင့် ထိထိရောက်ရောက် အထောက်အကူပေးနိုင်တယ်ဆိုတာ  အရင်ခေတ်ကတည်းက အခုအချိန်အထိပါပဲ။ ဒါကြောင့်ကိုယ့်မှာငွေကြေးတွေပေါများချမ်းသာဖို့ Real Estate Investment တွေကို စနစ်တစ်ကျသေသေချာချာလုပ်နိုင်မယ့် Strategies တွေကိုပြောပြပေးချင်ပါတယ်။


အိမ်ဝယ်ထားပြီးတော့ hold ထားခြင်း။

ဈေးကွက်မှာ steady growth ဖြစ်ဖို့အလားအလာရှိတဲ့အိမ်ခြံမြေတွေကို ဝယ်ထားပါ။ ပြီးတော့ ဒီ  properties တွေကိုအငှားထားပြီးတော့ maintenance fee တွေကိုလစဉ် cover လုပ်ထားနိုင်ပါတယ်။ ဒီအိမ်ခြံမြေတွေဟာ ကိုယ့်ရဲ့ပိုင်ဆိုင်မှု့အနေနှင့် အချိန်နှင့်အမျှဈေးတက်လာမှာဖြစ်ပြီး တချိန်တည်းမှာလဲ အိမ်အငှားရတဲ့ငွေတွေက ကိုယ့်ကို passive income အနေနှင့်ဝင်ငွေရနေစေမှာပါ။


အိမ်ကို အဝယ်အရောင်းလုပ်ခြင်း။

နောက် Investment နည်းလမ်းတစ်ခုကတော့ undervalued ဖြစ်နေတဲ့အိမ်တွေကိုလိုက်ရှာဝယ်ပြီးတော့ ပြန်လည်ပြုပြင်မွမ်းမံပါ။ ပြီးတော့ ဈေးကွက်ပေါ်မှာအမြတ်တင်ပြီးရောင်းချပါ။ ဒီလို House Flipping လုပ်တဲ့အခါမှာ ကိုယ့်ရဲ့ local market ကိုကြေညက်အောင်သိရှိထားဖို့နှင့် အိမ်ကိုပြန်ပြုပြင်တဲ့အခါမှာ overspending မဖြစ်ဖို့ရယ်ကို သေသေချာချာဆောင်ရွက်ရပါမယ်။


Real Estate Investment Trusts (REITs)

ဒါကတော့ ကိုယ်ပိုင်အိမ်ဝယ်စရာမလိုပဲ အိမ်ခြံမြေတွေအပိုင်ရှိတဲ့အဖွဲ့အစည်းတွေရဲ့ အိမ်ခြံမြေအငှားလုပ်ငန်းတွေမှာ ရှယ်ယာဝင်တာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းက ကိုယ်ပိုင်အိမ်ဝယ်တာထက်စာရင် ပိုပြီး risk နှင့် cost နည်းပါတယ်။ ဒါပေမယ့် ဝင်ငွေကတော့ ကိုယ်ပိုင် properties တွေကိုငှားတာထက်စာရင် ပိုနည်းနိုင်ပါတယ်။


အိမ်ခြံမြေဝယ်ယူပြီးတော့ Tax Benefits နှင့် အကျိုးအမြတ်တွေရယူပါ။

Real Estate Investment နှင့် ရရှိနိုင်တဲ့ Tax benefits တွေက သေသေချာချာ အသုံးချတတ်ရင် ကိုယ့်ချမ်းသာကြွယ်ဝမှု့ကို အများကြီးအထောက်အကူပေးနိုင်ပါတယ်။ ဥပမာ  1031 Exchange လိုမျိုး  အိမ်ပိုင်ရှင်တစ်ဦးက အိမ်ရောင်းတဲ့အခါ၊ ဒီအိမ်ရောင်းလို့ရတဲ့‌ငွေနှင့် အခုသူရောင်းလိုက်တဲ့အိမ်အမျိုးအစားလို အိမ်နောက်တစ်လုံးကိုပြန်ဝယ်ကြောင်း အစိုးရကိုပြနိုင်ရင် သူရဲ့ အိမ်ရောင်းလို့ရတဲ့ငွေထဲကနေ Capital Gain Tax ကိုချက်ချင်းမပေးသေးပဲ defer လုပ်လို့ရပါတယ်။ ဒါက ကိုယ့်အိမ်အဟောင်းက ရောင်းလို့ရတဲ့အမြတ်တွေကိုသုံးပြီး ပိုတန်ဖိုးများတဲ့ အိမ်အသစ်ကိုဝယ်ယူ investment လုပ်နိုင်စေပါတယ်။ 


ဒီအချက်တွေကတော့ ထိရောက်တဲ့ Timeless Real Estate Investment Strategies တွေပဲဖြစ်ပါတယ်။ 

ကိုယ်က Investment စလုပ်တော့မယ်ဆိုရင် ပထမဆုံး ကိုယ့်ရဲ့ Goal ကိုအရင်ဆုံးဖြတ်ပါ။ ကိုယ်က ရှေရှည်အတွက် or ရေတိုအတွက်ရင်းနှီးမြုပ်နှံချင်တာလား ဆုံးဖြတ်ပြီးတော့ ကိုယ့်ရဲ့ ရည်မှန်းချက်နှင့်ကိုက်ညီမယ့် location တွေကိုရွေးချယ်ပါ။ ပြီးတော့ ရွေးချယ်ထားတဲ့ properties တွေကို ကိုယ့်အတွက်အကောင်းဆုံး အရောင်းအဝယ်ကာလတွေနှင့် timing လုပ်ပြီးမှ အရောင်းအဝယ်ကိစ္စတွေကိုဆောင်ရွက်ပါ။

 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page