top of page

အိမ်တန်ဖိုးတက်စေတဲ့ Home Project များ

  • Writer: arkar tm
    arkar tm
  • Jun 15
  • 1 min read

Updated: Oct 30

ree

ကိုယ့်အိမ်ကို နေဖို့အတွက်ပဲဖြစ်ဖြစ် ပြန်ရောင်းဖို့အတွက်ပဲဖြစ်ဖြစ် ပြုပြင်မွမ်းမံတဲ့အခါမှာ မှန်ကန်တဲ့ Home improvement projects တွေကိုရွေးချယ်ရင်းနှင့် အိမ်ရဲ့တန်ဖိုးကို ပိုမြင့်မားသွားစေနိုင်ပါတယ်။ ဘယ်လို Home improvement တွေက ကိုယ့်အိမ်အတွက် Return of Investment (ROI)အကောင်းဆုံးပေးနိုင်သလဲ၊ ကိုယ်က အစီအစဉ်တကျနှင့်ဘယ်လို ဆောင်ရွက်သွားရမလဲဆိုတာပြောပြပေးသွားပါမယ်။


Strategic ကျကျ plan အရင်ချပါ။

အိမ်ကို မွမ်းမံတော့မယ်ဆိုရင် အရင်ဆုံး ကိုယ့်ရဲ့အိမ်အနေအထားကို သေသေချာချာဆန်းစစ်ကြည့်ပါ။ ဘယ်လို Upgrade မျိုးက အိမ်နှင့်သင့်တော်မလဲ၊ လိုအပ်နေလဲ၊ ပြီးတော့ ဘယ်လို Upgrade မျိုးက အိမ်တန်ဖိုးပိုတက်သွားစေနိုင်လဲဆိုတာ စဉ်းစားဆုံးဖြတ်ပါ။ ပုံမှန်အားဖြင့် မီးဖိုချောင် နှင့် ရေချိုးခန်းတွေကို remodeling လုပ်တာ၊ Floor အသစ်ပြန်ခင်းတာ၊ ပြီးတော့ အိမ်ရဲ့ ပြတင်းပေါက်နှင့်တံခါးပေါက်တွေအသစ်ပြန်လုပ်တာတွေက အိမ်တန်ဖိုးကိုတက်စေတဲ့ renovation project တွေပဲဖြစ်ပါတယ်။



ကြိုတင်ပြီးတော့ Plan Ahead လုပ်ပါ။

အချို့ project တွေက အချိန်ခဏပဲပေးရပေမယ့် ၊ အချို့ project တွေကတော့ အချိန်ကိုလနှင့်ချီပြီးယူရတာမျိုးတွေရှိပါတယ်။ ဥပမာ ပြတင်းပေါက် တံခါးပေါက်တွေ ပြုပြင်အသစ်လဲတာက ရက်ပိုင်းအတွင်းမှာပြီးစီးနိုင်ပြီးတော့၊ ကြမ်းခင်းအသစ်လဲတာ ၊ မြေအောက်ခန်းနှင့်ထပ်ခိုးတွေ ပြုပြင်ပြောင်းလဲတာ၊ ရေချိုးခန်းအိမ်သာတွေ ကြွေပြားလဲတာ ပြုပြင်တာတွေက အချိန်ပိုကြာကြာပေးရတတ်ပါတယ်။ ဒါကြောင့် ကိုယ်ကအိမ်ကို ဈေးကွက်ရဲ့ဘယ်အနေအထား ဘယ်အချိန်မျိုးမှာရောင်းချင်တာ၊ အငှားထားချင်တာ စတဲ့ goals တွေအပေါ် မူတည်ပြီး သေသေချာချာ timeline နှင့် planning လုပ်ဖို့လိုအပ်ပါတယ်။


Local Market ကိုလေ့လာသုံးသပ်ပါ။

တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကိုယ်နေတဲ့ဒေသရဲ့ local buyers တွေနှင့်က ဦးစားပေးတာတွေ၊အကြိုက်တွေက မတူကြတတ်ပါဘူး။ အချို့မြို့တွေမှာ အိမ်ရဲ့ Landscaping တို့ ဘယ်လိုပရိဘောဂတွေသုံးထားတာတို့ကို buyers တွေကဦးစားပေးပေမယ့် ကိုယ့်ရဲ့ Local Market မှာကြတော့ Local Buyers တွေက ပိုစနစ်ကျတဲ့ မီးဖိုချောင်၊ ပိုလှပတဲ့ ကြမ်းခင်းတွေ ဒါမှမဟုတ် Living Room အကျယ်အဝန်းတွေ အစရှိတဲ့အရာတွေကို ပိုဦးစားပေး ကြည့်ရှု့ပြီးတော့ ဝယ်တတ်ကြတာမျိုးတွေ အမြဲရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Home Improvement Projects တွေကို ကိုယ့်ရဲ့ Local Trends တွေနှင့်ကိုက်ညီအောင် စီစဉ်တာက smart အဖြစ်ဆုံးပါပဲ။


အလွန်အကျွံ Over Doing မဖြစ်ပါစေနှင့်။

ကိုယ့်အိမ်ကို ပြုပြင်ပြောင်းလဲတဲ့အခါမှာ အကောင်းဆုံးကိုလိုချင်ပြီးတော့ လိုတာထက်ပိုပြီး budget တွေသုံး ထပ်ပြီး ပြုပြင်မိတာမျိုးတွေက အဖြစ်များပါတယ်။ ကိုယ်က အိမ်ကိုဈေးအကောင်းဆုံးနှင့်ရောင်းချင်လို့ အများကြီး ပြုပြင်ပြောင်းလဲလိုက်တဲ့အခါ ကုန်ကျစရိတ်တွေပိုများပြီး ရောင်းဈေးတွေကိုဖြစ်သင့်တာထက်ပိုပြီးတင်ရောင်းရတဲ့အခါ ဝယ်သူတွေတော်တော်နှင့်ရှာမတွေ့၊ ကိုယ့်ရဲ့ budget နှင့် အချိန်တွေလဲ ပိုပြီးကုန်ကျဆုံးရှုံးရတာမျိုးတွေ မဖြစ်ရအောင်လဲ ကြိုတင်စီစဉ်ဖို့လိုအပ်ပါတယ်။


အကောင်းဆုံးကတော့ ကိုယ့်အိမ်ကို ပြုပြင်မွမ်းမံဖို့ဆုံးဖြတ်ထားတဲ့အချိန်ကစပြီးတော့ Planning အဆင့်ကနေ Project တွေအထိကို ယုံကြည်ရတဲ့ Local Real Estate Agent တစ်ယောက်ယောက်နှင့် ချိတ်ဆက်ပြီးဆောင်ရွက်တာဖြစ်ပါတယ်။ Local Agent တွေက ကိုယ့်နေရာဒေသရဲ့ trends တွေကိုသိကြတယ်၊ potential customer တွေက ဘယ်အချက်တွေကိုပိုကြိုက်ကြတယ်၊ ဘယ်လိုအိမ်မျိုးတွေကို ဈေးကောင်းပေးပြီးဝယ်ကြတယ် အစရှိတဲ့ အရေးပါတဲ့အချက်တွေကို ညွှန်ပြပေးနိုင်ပါတယ်။ ဒါကြောင့် သူတို့နှင့် အစအဆုံး ပူးပေါင်းဆောင်ရွက်တာက ကိုယ့်အတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ပြီးတော့ ငွေတွေအချိန်တွေကိုလဲ အများကြီး save လုပ်နိုင်မှာပါ။ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ အိမ်ရောင်းမဲ့ မိတ်ဆွေ တွေအတွက်လည်း  အကြံဉာဏ်ပေးတာ၊ တော်တဲ့ local realtor တွေနဲ့ ဆက်သွယ် ပြီး အရောင်းကိစ္စဆောင်ရွက်ပေးတာမျိုးလုပ်ပေးနိုင်ပါတယ်။ 

 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page