top of page

Home Owner တိုင်းသိထားသင့်တဲ့ Home Safety Checklist

  • Writer: arkar tm
    arkar tm
  • Apr 3
  • 1 min read

ree

ကိုယ်နှင့် ကိုယ့်မိသားစုဝင်တွေအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိအောင် ကိုယ်နေထိုင်တဲ့အိမ်ကို အချိန်မှန်မှန် safety check လုပ်ပေးခြင်းဟာ ကောင်းမွန်‌တဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ဒီလို check လုပ်ဖို့အတွက်ကိုယ်က စနစ်တကျအစဉ်အတိုင်းစစ်ဆေးနိုင်ဖို့ Safety Check List တစ်ခုကို အောက်ပါအတိုင်းရေးဆွဲထားသင့်ပါတယ်။



ree

မီးဘေး Safety Check

(1) ကိုယ့်ရဲ့ မီးသတိပေး smoke alarm စက်တွေအလုပ်လုပ်ရဲ့လား၊ Battery ကျန်သေးရဲ့လား

(2) မီးသတ်ဆေးဗူးတွေရော သက်တန်းကျန်သေးလား၊ အရေးပေါ်မှာ အလွယ်တကူထုတ်ယူအသုံးပြုဖို့အဆင်သင့်ဖြစ်ရဲ့လား

(3) မီးဖိုခန်းနှင့် fire place လိုနေရာတွေမှာ မီးဒါဏ်ခံအကာအကွယ် materials တွေ သေသေချာချာတပ်ဆင်ထားပြီးပြီလား

(4) ကိုယ့်ရဲ့ မီးဘေးကာကွယ်တဲ့ ရေပန်း Sprinklers တွေအလုပ်လုပ်ရဲ့လား

ဒီအချက်တွေကိုစစ်ဆေးရပါမယ်။



ree

Electrical လျှပ်စစ် Safety Check

(1) ကိုယ့်အိမ်ရဲ့ မီးခလုပ်၊ လျှပ်စစ်မီးကြိုးတွေမှာ ထိခိုက်ပေါက်ပြဲမှုတွေရှိလား

(2) Electrical Out Let တွေမှာ warranty ပေးထားတဲ့ခံနိုင်ရေထက်ပိုပြီး အားသွင်းပစ္စည်းတွေကို စုပြုံအသုံးပြုနေမိလား

(3) လျှပ်စစ်လမ်းကြောင်းနှင့် ရေနှင့်ထိစပ်ပြီး electrical shock ဖြစ်နိုင်တဲ့ မြေအောက်ခန်းနှင့် ရေချိုးခန်း၊မီးဖိုတွေနေရာမှာ GFCI (Ground Fault Circuit Interrupter)တွေတပ်ဆင်ထားရဲ့လား ၊အလုပ်ကောင်းကောင်းလုပ်သေးရဲ့လား

(4) ကိုယ့်ရဲ့ electrical system ဟာ City safety code နှင့်ကိုက်ညီရဲ့လား

အစရှိတာတွေကို စစ်ဆေးရပါမယ်။



ree

Home Safely 

(1) ကိုယ့်အိမ်တံခါးတွေ၊ ပြတင်းပေါက်တွေ နှင့်ခြံတံခါးတွေမှာ သော့ကောင်းကောင်းသုံးထားရဲ့လား၊လုံခြုံမှုရှိရဲ့လား

(2) ကိုယ့်အိမ်ရဲ့ surveillance system တွေဖြစ်တဲ့ CCTV နှင့် motion detector တွေဟာ ကောင်းကောင်းမွန်မွန်လည်ပါတ်နေရဲ့လား

(3) အရေးပေါ်အချိန်မှာ အဆင်သင့်ထုတ်သုံးနိုင်တဲ့ First Aid Kitတွေထဲမှာ ဆေးပစ္စည်းတွေ စုံစုံလင်လင်ရှိရဲ့လား -

ဆိုတဲ့ ဒီအချက်‌တွေကိုစစ်ဆေးထားရပါမယ်။



ree

Child & Senior Safety

(1) ကလေးငယ်တွေရှိတဲ့ မိသားစုတွေအတွက် Kitchen နှင့် Home Appliance တွေထားတဲ့‌

နေရာ‌တွေ ၊ အံဆွဲတွေနှင့်cabinet တွေမှာ

Child proof lock တွေတပ်ဆင်ထားပြီလား။ 

(2)သက်ကြီးရွယ်အိုတွေရှိတယ်ဆိုရင်လဲသူတို့အတွက် grab bars နှင့် handles တွေကို လှေခါးနှင့်ရေချိုးခန်းတွေမှာ တတ်ဆင်ထားပြီးပြီလား။

(3) အိမ်ရဲ့အပြင်ဖက် ခြံထဲနှင့်ပန်းပင်မြက်ခင်းတွေမှာ အဆိပ်ရှိသတ္တဝါတွေမရှိအောင်၊ ပြီးတော့ ခလုပ်တိုက်ပြီးထိခိုက်ချော်လဲနိုင်တဲ့ အရာတွေရှင်းလင်းနေအောင်

- အစရှိတဲ့အချက်တွေကို သေချာစစ်ဆေးသင့်ပါတယ်။


အခုလို ကိုယ့်ရဲ့အိမ်မှာအဓိက သတိထားရမယ့်အချက်တွေကို Safety Check List တစ်ခုရေးဆွဲထားပြီး အချိန်မှန်မှန်စစ်ဆေးကြည့်ရှုခြင်းက ကိုယ်နှင့်ကိုယ့်မိသားစုတွေအတွက် အန္တရာယ်ကင်းရှင်းပြီး safe ဖြစ်တဲ့ environment တစ်ခုကိုတည်ဆောက်ပေးနိုင်ပါတယ်။ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page