top of page

School District တွေအိမ်ဈေးတွေအပေါ်ဘယ်လိုသက်ရောက်လဲ ?

  • Writer: arkar tm
    arkar tm
  • Mar 26
  • 1 min read

ကျောင်းကောင်းကောင်းတွေရှိတဲ့ ပါတ်ဝန်းကျင်တွေက အိမ်တွေဟာ ပုံမှန်အားဖြင့်ဈေးပိုကောင်းကြပါတယ်။မိသားစုတိုင်းဟာ သူတို့ရဲ့ကလေးတွေအတွက် ပညာရေးကောင်းကောင်းလေ့လာနိုင်ဖို့နှင့် အသွားအလာအဆင်ပြေဖို့ ကျောင်းနှင့်နီးတဲ့အိမ်တွေကို ဈေးပိုပေးပြီးဝယ်ယူကြတယ်၊ demand မြင့်မားကြပါတယ်။ ကျောင်းတွေရဲ့ quality တွေက အနီးအနားက အိမ်ဈေးတွေကို အောက်ပါအတိုင်းသက်ရောက်စေပါတယ်။




1. Higher Housing Demand ရှိခြင်း

Family တိုင်းက မိဘတွေဟာ ကိုယ့်သားသမီးတွေရဲ့ပညာရေးကို အဓိကထားဦးစားပေးကြပါတယ်။ ဒါ့ကြောင့် ကျောင်းကောင်းကောင်းတွေရှိတဲ့ area က listing home တွေဟာ ပိုများများ view ရပြီးတော့ မြန်မြန်ရောင်းထွက်ပါတယ်။ဒီလိုအိမ်တွေကိုရောင်းဖို့ Listing လုပ်တဲ့အခါမှာဈေးကွက်‌ပေါ်ကပုံမှန်အခြားနေရာကအိမ်တွေထက် ပျှမ်းမျှ 8 ရက်လောက်ပိုစောပြီးရောင်းထွက်တတ်ကြပါတယ်။


2. Resale Value ပိုများခြင်း

ကျောင်းရှိတဲ့ area ကအိမ်တွေဟာ ပြန်ရောင်းတော့မယ်ဆိုရင် အပေါ်ကပြောခဲ့သလို မြန်မြန်ပြန်ရောင်းထွက်တဲ့အပြင်မှာ demand များတဲ့အတွက်ကြောင့် ကိုယ်ဝယ်ခဲ့တုန်းကဈေးထက် အမြတ်ပိုတင်ပြီးရောင်းချလဲ လွယ်လွယ်ကူကူပဲ ရောင်းထွက်ကြပါတယ်။




3. Neighborhood Stability မြင့်မားခြင်း

ကျောင်း‌ကောင်းကောင်းရှိတဲ့ပတ်ဝန်းကျင်မှာ income level မြင့်တဲ့မိသားစုတွေနေတယ်၊ ဒါကြောင့် လူသန့်ပြီးတော့ safe ဖြစ်တယ်ဆိုတဲ့ perception ဟာလဲ အိမ်ရဲ့ value ကိုမြင့်စေပါတယ်။


4. Higher Property Tax to Higher Education Funds

ထိပ်ဆုံး area ကအိမ်တွေဟာ ပိုပြီးဈေးကြီးတဲ့အတွက် property tax ဟာလဲပိုများတယ်။ ဒီ Tax တွေဟာ ပုံမှန်အားဖြင့် ဒီ area က ကျောင်းတွေကိုပဲ Funding အနေနှင့်ပြန်ရောက်ရှိကြတယ်၊ ဒါကြောင့် ကျောင်းတွေရဲ့ facility ၊ reputation နှင့် performance ကိုပိုမြင့်စေတယ်။ ဒါကြောင့် ဒီ area က အိမ်တွေကိုပိုပြီး ဈေးကောင်းစေတယ့် အပြန်အလှန် beneficial ecosystem တစ်ခုဖြစ်နေပါတယ်။




ဒါကြောင့်မလို့ ကိုယ်က ဒီလိုကျောင်းကောင်းကောင်းရှိတဲ့ ‌area တွေမှာ အိမ်ဝယ်ပြီး investment ထားတော့မယ်ဆိုရင် ကိုယ်ဝယ်ချင်တဲ့ အိမ်နားက ကျောင်းတွေရဲ့ rating ကို Great schools.org နှင့် National Center for Education Statistics လို website တွေမှာ အရင် research လုပ်ပြီးတော့အခြေအနေတွေကိုလေ့လာဆုံးဖြတ်နိုင်ပါတယ်။

ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page