လူတွေအထင်မှားတတ်ကြတဲ့ Real Estate Myths များ
- arkar tm
- 4 hours ago
- 2 min read

အိမ်ခြံ မြေအရောင်းအဝယ်လုပ် တော့မယ်ဆိုရင် real estate market ထဲမှာ လူတွေအထင်မှားနေတတ်ကြတဲ့ Real Estate Myths တွေကို အမှားအမှန်ခွဲခြားတတ်ဖို့ လိုအပ်ပါတယ်။ ဒီ Myths တွေက အရောင်းအဝယ်လုပ်တဲ့အခါမှာ misleading တွေဖြစ် စေပြီး ဆုံးဖြတ်ချက်အမှားတွေချ စေနိုင်တဲ့အတွက် ဘယ်လို Myth တွေကို ဘယ်လိုမမှန်ကန် ကြောင်းကြိုတင်သိရှိထားရပါမယ်။
လူတွေအထင်မှားတတ်ဆုံးအချက်များ
1.အိမ်ဝယ်ဖို့ 20% Down Payment အမြဲလိုအပ်တယ်။
အိမ်ကို Mortgage Loan 20% Down Payment ပေးပြီး တော့ဝယ်ရင်း Private Mortgage Insurance (PMI) ကိုရှောင်ရှားလို့ရပါတယ်။ ဒါပေမယ့် အခြား Loan program တွေဖြစ်ကြတဲ့ FHA တို့ VA Loans တို့နှင့် First Time Home Buyer ချေးငွေအမျိုးအစားတွေမှာ Down Payment ကို 3% ဒါမှမဟုတ် လုံးဝပေးစရာမလိုပဲ အိမ်ဝယ်လို့ရပါတယ်။ဒါ့ကြောင့် အိမ်ဝယ်ဖို့အတွက် 20% down payment အမြဲပေးရတယ်ဆိုတာမဟုတ်ပါဘူး ။
2. Real Estate Market ကအမြဲတမ်း strong ဖြစ်နေတယ်။
ဒီအချက်ဟာမှားပါတယ်၊ real estate ဈေးကွက်ဟာလဲ အခြားသော ဈေးကွက်တွေအားလုံးလိုပဲ သူ့ရာသီအချိန်အတိုင်းအတာတွေအလိုက် အတက်အကျတွေရှိပါတယ်။ Market ရဲ့ trends တွေဟာလည်း လက်ရှိကိုယ့်နိုင်ငံရဲ့ Political နှင့် Economical Factors တွေအလိုက် ပြောင်းလဲနေတာကြောင့် အရောင်းအဝယ်ကိစ္စ တွေကို သေသေချာချာ timing လုပ်ပြီးမှဆောင်ရွက်သင့်ပါတယ်။
3. အိမ်ဝယ်တာက အိမ်ငှားနေတာထက်ပိုကောင်းတယ်။
အိမ်ဝယ်နေတယ် ၊ အိမ်ငှား နေတယ်ဆိုတာက လက်ရှိကိုယ့်ရဲ့ lifestyle, life plan နှင့် finances တွေအပေါ်မှာမှုတည်ပြီး စိတ်ကြိုက်ရွေးချယ်ဆုံးဖြတ်နိုင်ပါတယ်။ အိမ်ငှား နေတာက Upfront Cost တွေသက်သာစေပြီး Flexibility ဖြစ်စေသလို ၊ အိမ်ဝယ်တာက ငွေပိုကုန်ကျ ပေမယ့် long time benefits တွေရှိပြီး equity building ကိုဖြစ်တည် စေပါတယ်။
4. Renovation တိုင်းက အမြဲတမ်းအိမ်ဈေးကိုပိုတက်စေတယ်။
ဒီအချက်ဟာမှားပါတယ်။ Renovation အိမ်ပြုပြင်မှုတိုင်းဟာ အိမ်ဈေးတက်ဖို့အထောက်အကူမပြုပါဘူး။ မလိုအပ်တဲ့ Luxury Renovation တွေဖြစ်တဲ့ furniture အကောင်းစားတွေထည့်တာ၊ Decorations ဈေးကြီးတာ တွေထည့်တာ၊ မီးပန်းမီးဆိုင်း တွေအလှထည့်တာ - အစရှိတဲ့ ပြုပြင် ပြောင်းလဲမှု တွေဟာ အမြဲတမ်း အိမ်ဈေးကိုမတက်စေပါဘူး၊ ဒါ့အပြင် ကိုယ်က overly renovate လုပ်မိသွားလို့ ဈေး တွေထပ်တင် ရောင်းရတဲ့အချိန်မှာ Buyer ရှာမရလို့ ပုံမှန်ထက်အရောင်းအဝယ်ကာလ တွေပိုကြာသွားနိုင်တဲ့ down side တွေရှိပါတယ်။
ဒါပေမယ့် renovation မျိုးကြတော့ အိမ်တန်ဖိုးကို ပိုတက်လာစေပါတယ်။ Kitchen နှင့် ရေချိုးခန်း တွေ remodel လုပ်တဲ့ အခါ ကိုယ်အတွက် အကျိုးရှိစေပါတယ်။ အဲ့ဒါကြောင့် remodeling လုပ်တော့မယ်ဆိုရင် အရင်ဆုံး ကိုယ့်ပါတ်ဝန်းကျင်၊ကိုယ့်မြို့မှာ Home Buyers တွေက ဘယ်လို renovation မျိုးတွေကိုပိုကြိုက်တတ်တယ် ၊ဘယ်လိုအိမ်တွေဆိုရင် ဈေးကောင်းပိုပေးတယ်၊ လက်ရှိ Market Trend က ဘယ်လိုရှိနေတယ် ဆိုတဲ့အချက်ကို ကြိုလေ့လာထားကြည့်ဖို့အကြံပေးပါတယ်။
5. Online ပေါ်ကအိမ်ဈေး တွေကမှန်ကန်ကြတယ်။
Online ပေါ်ကအိမ်အရောင်းပြတဲ့ Website တွေမှာ အိမ်ရဲ့ close estimate ဈေးနူန်းတွေကိုပဲပြထားကြပါတယ်။ ပြီးတော့ အိမ်ရဲ့ Update အချက်အလက်တွေဖြစ်တဲ့ Unique Features, recent upgrade & renovations တွေနှင့် local trends တွေကိုပြည့်ပြည့်စုံစုံမဖော်ပြနိုင်တတ်ကြပါဘူး။ ဒါကြောင့်အိမ်ဝယ်မယ်ဆိုရင် ပထမအဆင့်အနေနှင့်ပဲ Online ကနေလေ့လာတာမျိုး ၊ ကျွမ်းကျင်တဲ့ professional တွေနှင့် ကြိုတင်တိုင်ပင်တာမျိုး၊ လိုအပ်ချက်တွေကို ကြိုတင် ပြင်ဆင်ထားတာမျိုး ကိုပြုလုပ်သင့်ပါတယ်။
6. Home Inspection တွေဟာ Sewer Inspection တွေက အပိုငွေကုန်စေတယ်။
Home Inspection အရင်မလုပ်ပဲ အိမ်ဝယ်လိုက်တာဟာ အရမ်းကိုမှ risk များတဲ့အရာဖြစ်ပါတယ်။ Inspection မလုပ်လိုက်လို့ မသိလိုက်ရတဲ့ Foundation , Plumbing, Electrical System နှင့် Roof Problems တွေကြောင့် နောက်ပိုင်းမှာ ကုန်ကျနိုင်တဲ့ငွေကြေးပမာဏတွေက အရမ်းကိုများပါတယ်။ ဒါကြောင့်အိမ်ဝယ်မယ်ဆိုရင် Inspection အဆင့်ကိုမကျော်ဖို့ အကြံပေးပါတယ်။ အပြိုင်အဆိုင်များတဲ့ စျေးကွက်မှာ Inspection waive လုပ်ဖို့ ကြုံလာရင်တောင် ကိုယ့်ရဲ့ ဗဟုသုတအဖြစ် Inspection ကိုလုပ်သင့်ပါတယ်။
7. အိမ်အရောင်းအဝယ်လုပ်တဲ့အခါ ကူညီပေးတဲ့ Real Estate Agent တိုင်းက အတူတူပဲ။
Real Estate Agent တိုင်းက မတူပါဘူး။ Real Estate license ရဖို့က အရမ်းလွယ်ပါတယ်။ Realtor ကောင်း တစ်ယောက်ဖြစ်ဖို့ က အရမ်းခက်ပါတယ်။ Agent တစ်ယောက်ဖြစ်ဖို့ ပညာအရည်အချင်းမရှိလဲရပါတယ်။ ဒါပေမဲ့ ပညာတတ်တဲ့ သူ၊ အတွေ့အကြုံ ဗဟုသုတ ကြွယ်တဲ့သူနဲ့ လက်တွဲလုပ်တဲ့ အခါမှာ ကိုယ့် အတွက် အကျိုးကျေးဇူးများစွာရရှိစေပါတယ်။ ရှုပ်ထွေးတဲ့စာရွက်စာတမ်းကိစ္စတွေ၊ ကိုယ်ဝယ်မယ့်အိမ်ရဲ့ ဈေးတကယ်မှန်မမှန်ကိစ္စတွေ၊ ဈေးညှိနှိုင်းတဲ့ကိစ္စတွေက မကျွမ်းကျင်ပဲ မှားယွင်းကိုင်တွယ်မိရင် ဆုံးရှုံးကုန်ကျနိုင်တဲ့ငွေပမာဏတွေက အရမ်းကိုမြင့်မားပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ agent တစ်ယောက်နှင့်အတူပူးပေါင်းဆောင်ရွက်တာက အကောင်းဆုံးပါပဲ။ အထူးသဖြင့် First Time Home Buyers တွေအတွက် agent ကောင်းကောင်း တစ်ယောက်ရှိကိုရှိ သင့်ပါတယ်။
ဒီအချက်တွေကတော့ အိမ်ခြံမြေဈေးကွက်မှာ လူတွေအမြင်မှားတတ်ကြတဲ့ Real Estate Myths တွေပဲဖြစ်ပါတယ်။
Comments