top of page

အောင်မြင်မှုတွေရနိုင်ဖို့ Growth Mindset တစ်ခုကိုဘယ်လိုပြုစုပျိုးထောင်ရမလဲ

  • Writer: Arkar Tin Myint
    Arkar Tin Myint
  • Sep 14, 2024
  • 1 min read

Updated: Oct 28, 2024


Growth Mindset

ကိုယ့်ရဲ့ mindset စိတ်အာရုံစူးစိုက်မှုဟာဆိုရင် အခက်အခဲတွေ ၊ set back တွေနှင့်ကြုံလာတဲ့အခါမှာ အားမလျှော့ပဲ ဒီအခက်အခဲတွေကိုဘယ်လိုဖြေရှင်းနိုင်လဲ၊ ဘယ်လို learning opportunity တွေကိုယူရနိုင်လဲ ဆိုတဲ့ စိတ်ဓါတ်ခိုင်မာမှုကိုဖန်တီး‌ပေးပါတယ်။ Growth Mindset ရှိသူတွေဟာ Fixed Mindset ရှိသူတွေထက် စီးပွားရေးနယ်ပါယ်မှာရော personal life မှာပါ ပိုပြီးမြင့်မားတဲ့ ရလာဒ်ကောင်းတွေကို ပိုင်ဆိုင်နိုင်ကြပါတယ်။


Fixed vs. Growth Mindset 

Fixed Mindset ရှိတဲ့သူတွေဟာဆိုရင် ကိုယ့်အရည်အချင်းကိုယုံကြည်မှု့နည်းပြီးတော့ စိန်ခေါ်မှုတွေ၊ challenges တွေကို ရှောင်လွှဲတတ်ကြပါတယ်။

Growth Mindset ရှိ‌သူတွေကကြတော့ challenges တွေကိုကြိုဆိုပြီး၊ ခက်ခဲမှုတွေကိုဖြတ်သန်းပြီးတော့ ကြုံတွေ့ရတဲ့အမှား‌တွေ၊ ဒီခက်ခဲမှုတွေကို ကိုယ့်ရဲ့တိုးတက်မှု့အတွက် သင်ခန်းစာနှင့်အခွင့်အရေးတွေလို့သတ်မှတ်ပြီး ရှေ့ဆက်ကြပါတယ်။


Growth Mindset ကိုပြုစုပျိုးထောင်ခြင်း


1. Embrace Imperfection : လူတိုင်းမှာအစစအရာရာပြည့်စုံတယ်ဆိုတာမရှိပါဘူး၊ ကိုယ့်ရဲ့ အားနည်းတဲ့ area တွေကို growth ဖြစ်ဖို့အခွင့်အရေးရှိတဲ့အရာတွေလို့သတ်မှတ်ပါ။

2. View Challenges as Opportunities: အခက်အခဲတွေနှင့် ရုန်းကန်ရမှုတွေကို ကိုယ့်အတွက် growth ဖြစ်ဖို့အခွင့်အရေးတွေလို့သတ်မှတ်ပါ။


3. Focus on Learning : အမှားအယွင်းတွေဆိုတာ ကျရှုံးမှုတွေမဟုတ်ပါဘူး၊ အနာဂါတ်မှာ အသုံးဝင်မယ့် သင်ခန်းစာတွေပါ။


4. Set Continuous Goals : ဘယ်တော့မှရပ်မနေပါနှင့် အမြဲတမ်း positive challenges တွေ၊ objectives အသစ်တွေနှင့် ဆက်ပြီးလျှောက်လှမ်းနေပါ။


5. Value the Process: Growth Outcome တွေတင်သာမဟုတ်ပဲ၊ ကိုယ့်ရဲ့ growth အတွက်ဆက်သွားနေတဲ့ ခရီးလမ်းကိုလဲ enjoy လုပ်ပါ။


ဒီအချက်တွေကတော့ Growth Mindset တစ်ခုကိုဘယ်လိုစတင်တည်ထောင်ရမလဲဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page