top of page

Renton, WA မှာမနေခင် သိသင့်တဲ့ အချက် ၁၅ ချက်

  • Writer: Win Myat Thu
    Win Myat Thu
  • Apr 25, 2024
  • 2 min read

Renton မြို့က ဝါရှင်တန်ရေကန်ရဲ့ အရှေ့တောင်ဘက်ကမ်းစပ်မှာရှိတဲ့ Seattle ရဲ့ ရပ်ကွက်တစ်ခုပါ။  ဒီမြို့မှာ မနေခင် သိသင့်တဲ့ အချက် ၁၅ ချက်ကို ပြောပြပေးပါမယ်။


၁။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပါတယ်။


သင်က မြို့လယ်မှာနေထိုင်တယ်ဆိုရင် နေရာတိုင်းကို အလွယ်တကူ  သွားရောက်ဖို့အတွက် ရွေးချယ်စရာတွေများပါတယ်။ သင်က Renton ကနေ Seattle ဒါမှမဟုတ် SeaTac လေဆိပ်ကို သွားချင်တယ်ဆိုရင်တော့ Renton ရဲ့ Transit System ကိုသုံးပြီး သွားလို့ရပါတယ်။


၂။ စိမ်းလန်းစိုပြေတဲ့ နေရာတွေ အများကြီးရှိပါတယ်။ 


တကယ်လို့ သင်က ကလေး ဒါမှမဟုတ် အိမ်မွေး တိရိစ္ဆာန်တွေနဲ့ အတူ ပြောင်းရွေ့နေထိုင်ဖို့ စဉ်းစားထားရင်လည်း Renton မှာ လမ်းလျှောက်ဖို့နဲ့ ပျော်ပွဲစားထွက်ဖိ​ြ့ နေရာတွေ အများကြီး ရှိပါတယ်။ Renton ရဲ့ စိမ်းလန်းတဲ့ နေရာတွေသွားချင်တယ်ဆိုရင်တော့ Heritage Park, Riverview Park, Cedar River Trail Park တွေဆီလည်ကြည့်ပါ။


၃။ Renton ကဈေးကြီးပါတယ်။


Seattle မှာနေထာထက် Renton မှာ နေတာက ပိုသက်သာပေမယ့် ဈေးအရမ်းနည်းတဲ့ထဲလည်း မပါပြန်ပါဘူး။ ဥပမာပြောရရင် Renton က Seattle နဲ့ နီးတဲ့အတွက် သူရဲ့ အိမ်စရိတ်က တစ်နိုင်ငံလုံးပျမ်းမျှထက် ကျော်လွန်နေပါတယ်။  


၄။ ကောင်းမွန်တဲ့ ပညာရေးစနစ်ရှိပါတယ်။


Renton, WA မှာ နေထိုင်လို့ကောင်းမွန်တဲ့ အချက်ထဲက တစ်ခုကတော့ ကောင်းမွန်တဲ့ ပညာရေးစနစ်ရှိလို့ပါ။ သင်က ကလေးတွေနဲ့ ပြောင်းရွှေ့ဖို့စဉ်းစားထားတယ် ဒါမှမဟုတ် အနာဂတ်မှာ ကလေးယူဖို့တွေးထားတယ်ဆိုရင်တော့ ဒီမြို့က အကောင်းဆုံးနေရာပါပဲ။


၅။ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ရှိတယ်။ 


Renton မှာနေတာက သင်နဲ့ စိတ်တူကိုယ်တူရှိတဲ့ အသိုင်းအဝိုင်းကို ရှာတွေ့ဖို့ အာမာခံချက်ရှိပါတယ်။ Renton က သင့်ရဲ့ ပတ်ဝန်းကျင်နဲ့ အိမ်နီးချင်းတွေက သင့်ကို စောင့်ရှောက်ပေးနေတဲ့ ဆိုတဲ့ အသိနဲ့ အေးအေးချမ်းချမ်းအနားယူနိုင်မယ့်နေရာပါ။ 


၆။ ကမ်းခြေအများကြီးရှိခြင်း


Renton မှာနေတာက စိမ်းလန်းနေတဲ့ နေရာတွေအပြင် လှပလွန်းတဲ့ ကမ်းခြေတွေကိုလည်း ခံစားနိုင်မှာပါ။ Renton ရဲ့ အကောင်းဆုံး ကမ်းခြေတွေကတော့ Gene Coulon Memorial Beach Park, Kennydale Beach Park နဲ့ Newcastle Beach Park တို့ပါ။ 


၇။ Renton က Washington ရဲ့ အကြီးမားဆုံးအသိုင်းအဝိုင်း ၁၀ ခုထဲကတစ်ခုပါ။


Renton  မှာ လူဦးရေပေါင်း 100,000 ကျော်ရှိပြီးတော့ Washington ရဲ့ အကြီးမားဆုံး အသိုင်းအဝိုင်းတွေထဲမှာပါပါတယ်။ ဒါကြောင့် သင့်ရဲ့ ဝါသနာ၊ စိတ်ဝင်စားမှုက ဘာတွေပဲဖြစ်နေပါစေ သင့်နဲ့ အကြိုက်တူတဲ့ စိတ်တူကိုယ်တူအဖွဲ့အစည်းကိုရှာတွေ့ကိုတွေ့နိုင်မှာပါ။


၈။ Renton မှာ နိုင်ငံပေါင်းစုံက အစားအစာတွေရနိုင်ပါတယ်။ 


Renton မှာ ကျယ်ပြန့်ပြီး အရသာရှိတဲ့ ဟင်းလျာတွေ ခံစားနိုင်ပါတယ်။ သင်က အသားမစားတဲ့သူ၊ နို့ထွက်ပစ္စည်းမစားသူဖြစ်စေ Venezuela, Italy, Vietnam လိုနိုင်ငံစာတွေစားချင်သည်ဖြစ်စေ Renton မှာ အကုန်လုံးကို စားသုံးခံစားနိုင်မှာပါ။ ဗီယက်နမ်အစားအစာအစစ်ကို စားကြည့်ချင်ရင် Blossom Vegetarian ဒါမှမဟုတ်   steak အကင်တွေ စားချင်ရင်တော့ Melrose Grill ကိုသွားကြည့်ပါ။


၉။ အပန်းဖြေပြီး လုပ်စရာပေါများပါတယ်။ 


နွေရာသီကာလမှာ လုပ်လို့ရတဲ့ outdoor activities တွေအများကြီးရှိပါတယ်။ Water Sports တွေအတွက် Aquatic Center ကိုသွားလို့ရသလို လမ်းလျှောက်ပြေးလွှားဖို့အတွက် ပန်းခြံတွေလည်း ရှိပါတယ်။ Renton  မှာနေထိုင်တာက ပိတ်ရက်မှာ လုပ်စရာမကုန်သွားပါဘူး။


၁၀။ Jimmy Hendrix Memorials


သင်က Jimmy Hendrix ရဲ့ ပရိသတ်တစ်ယောက်ဆိုရင် Renton မှာ သူ့အတွက် memorial တစ်ခုရှိတယ်ဆိုတာကို သိရလို့ ပျော်မယ်လို့ထင်ပါတယ်။ Renton  မှာ Jimmy Hendrix Memorial က သမိုင်းဝင်အထင်ကရနေရာတစ်ခုဖြစ်လာပြီးတော့ ပရိသတ်တွေ လည်လို့ကောင်းတဲ့ နေရာပါ။


၁၁။ SeaTac အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ နီးခြင်း


Renton မှာနေထိုင်ရတာ အလွန်အဆင်ပြေတဲ့ နောက် အကြောင်းအရင်းတစ်ခုကတော့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ကားနဲ့ ၁၅  မိနစ်မောင်းရုံနဲ့ ရောက်တာပါ။ ဒါကြောင့် ပြည်တွင်းရော ပြည်ပခရီးစဉ်တွေသွားရတာ တော်တော်လွယ်ကူပါတယ်။


၁၂။ ဈေးဝယ်စရာနေရာများခြင်း


သင်က Renton မှာပြောင်းရွှေ့နေထိုင်ဖို့ စဉ်းစားနေတဲ့ ဈေးဝယ်ထွက်ရတာကြိုက်တဲ့ သူလား? ဒါဆိုရင် Renton မှာ ဈေးဝယ်စရာနေရာကောင်းတွေရှိတယ်ဆိုတဲ့ အကြောင်းကို သိရတာ ဝမ်းသာစရာပဲနေမှာပါ။ Southcenter (Supermall) ကနေ ဆယ်မိနစ်လောက်ပဲ မောင်းရတဲ့ Renton  က ဈေးဝယ်တာဝါသနာပါတဲ့သူတွေအတွက် အဓိကနေရာတစ်ခုပါပဲ။


၁၃။ Renton ကသွားရလာရလွယ်ကူပါတယ်။


ပြောပြခဲ့တဲ့ အတိုင်းပဲ Renton  က SeaTac လေဆိပ်နဲ့ ၁၅ မိနစ်, Downtown Seattle နဲ့ ၁၁ မိုင် ပြီးရင် Bellevue နဲ့ မိနစ် ၂၀၊ Tacoma နဲ့ မိနစ် ၃၀ ပဲကွာပါတယ်။ ဒါကြောင့် အဲ့ဧရိယာတွေမှာ အလုပ်လုပ် ကျောင်းတက်တဲ့ လူတွေအတွက် Renton က အကောင်းဆုံးနေရာတစ်ခုပါပဲ။


၁၄။ ကလေးတွေကို ပြုစုပျိုးထောင်လို့ကောင်းတဲ့ နေရာကောင်းတစ်ခုပါ။


Renton  ကနေလို့ကောင်းတဲ့ နေရာကောင်းတစ်ခုဖြစ်နေရတဲ့ နောက်အကြောင်းပြချက်တစ်ခုကတော့ ကလေးတွေကို ပြုစုပျိုးထောင်းလို့ ကောင်းတဲ့ အတွက်ပါ။ Renton မှာကျောင်းကောင်းတွေ ပန်းခြံတွေ လုပ်စရာ activity အများကြီးရှိပြီးတော့ Seattle ထက်လည်း သာယာအေးချမ်းပါတယ်။ ဒါကြောင့် Renton  က ကလေးရှိတဲ့ အတွဲတွေနဲ့ ကလေးယူဖို့ စဉ်းစားနေတဲ့လူတွေအတွက် ကောင်းမွန်ပါတယ်။


၁၅။ Renton ကလူမျိုးစုံပါတယ်။


Seattle နဲ့ Bellevue လိုပဲ Renton မှာ မတူညီတဲ့ ယဉ်ကျေးမှုတွေ အစားအစာတွေ အနုပညာတွေ ဘာသာစကား အများကြီး ကွဲပြားမှုတွေ ရှိပါတယ်။ ဒါကြောင့် Renton က အနုပညာရှင်တွေ ကျောင်းသားတွေနဲ့ ကွဲပြားမှုတွေကို စိတ်ဝင်စားတဲ့သူတွေအတွက် နေချင်စရာ နေရာတစ်ခုပါ။

 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page