top of page

DTI ( Debt to Income Ratio) ကိုဘယ်လိုတွက်ရမလဲ?

  • Writer: arkar tm
    arkar tm
  • Feb 11
  • 1 min read


ree

သင့်ရဲ့ Debt To Income ratio ဟာ Loan provider တွေသင့်ကို ချေးငွေတွေထုတ်ပေးသင့်မပေးသင့်ဆုံးဖြတ်တဲ့အခါမှာ အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။သူတို့ သတ်မှတ်ထားတဲ့ DTI Ratio ထဲကိုအကျုံးဝင်မှသာ ချေးငွေတွေကိုထုတ်ပေးမှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အိမ်ဝယ်ဖို့ ပထမဆုံးအနေနှင့်ကိုယ့်ရဲ့ DTI Ratio ကိုသေသေချာချာတွက်ချက်ထားကြည့်နိုင်ဖို့လိုပါမယ်။


ree

DTI Ratio ဆိုတာဘာလဲ ?


DTI Ratio ဆိုတာဟာ ကိုယ့်ရဲ့လစဉ်ဝင်ငွေရဲ့ percentage တစ်ခုနှင့် ကိုယ့်ရဲ့ချေးငွေ‌တွေကိုကျေအောင် လစဉ်အရစ်ကျပေးဆပ်နိုင်စွမ်းကိုတွက်ချက်တာဖြစ်ပါတယ်။ Mortgage Lenders တွေဟာ DTI ratio 36% အောက်ကိုမှာရှိတဲ့သူတွေကို လိုလားစွာလက်ခံပြီးတော့ ၊ 43% percentage အထက်ကိုရောက်နေတဲ့သူတွေကိုတော့ ချေးငွေထုတ်ပေးဖို့ ပြန်စဉ်းစားတတ်ကြပါတယ်။

ree

DTI Ratio ကိုဘယ်လိုတွက်ချက်မလဲ


(1)ပထမဆုံးအနေနှင့် ကိုယ့်ရဲ့ အခွန်မဆောင်ရသေးခင် လစဉ်ဝင်ငွေ Gross Monthly Income amount ကိုတွက်ချက်ပါ။

(2) ပြီးတော့ ရှိနေပြီးသား လစဉ်ပေးဆောင်နေရတဲ့ monthly payment တွေကို total ပေါင်းပါ ။ ဥပမာ - Auto loans, Student Loans, Credit Loans, Personal Loans.)

(3) ပြီးတော့ ကိုယ့်ရဲ့ Total Monthly Debt ကိုတည်ပြီးတော့ ကိုယ့်ရဲ့ Gross Monthly Income နှင့်စားပါ၊ ထွက်လာတဲ့ရလဒ်ကို 100 နှင့် မြှောက်လိုက်တဲ့အခါမှာ သင့်ရဲ့ DTI Ratio Percentage ထွက်လာပါလိမ့်မယ်။ ဥပမာအားဖြင့် သင့်ရဲ့ Total Monthly Debt က 2100$ ဖြစ်ပြီး သင့်ရဲ့ Gross Monthly Income က 5000$ ဆိုရင် 

Your DTI = (2100$ ÷ 5000$) x 100 = 42% DTI Ratio ဖြစ်ပါတယ်။



ree


DTI Ratio ကို ဘယ်လိုလျော့ချနိုင်မလဲ


DTI percentage မြင့်နေရင် ချေးငွေယူဖို့ပိုခက်ခဲသလို ကောက်ခံရနိုင်တဲ့ အတိုးနူန်းတွေကိုလဲပိုမြင့်မားစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ DTI Ratio ကိုလျော့ချနိုင်ဖို့ ဆိုရင် လက်ရှိ debt တွေဖြစ်တဲ့ Credit Card Payment, Student Loans အစရှိတဲ့ consolidate debt တွေကို လျော့နည်းသွားအောင်အရင်ချေပါ။ ဒါမှမဟုတ် လက်ရှိလစဉ်ဝင်ငွေကို ပိုတိုးပွားအောင်ကြိုးစားပါ။ ပြီးတော့ တတ်နိုင်သမျှ မလိုအပ်တဲ့ loans တွေကိုနောက်ထပ်အသစ်မယူဖြစ်အောင်ကြိုးစားပါ။


ဒီလိုအချက်တွေနှင့် ကိုယ့်ရဲ့ DTI Ratio Percentage ကိုအနည်းဆုံးအထိလျော့ချနိုင်ရင် ကိုယ်အိမ်ဝယ်ဖို့အတွက် Mortgage Loan လျှောက်တဲ့အခါ အလွယ်တကူရရှိနိုင်စေတဲ့အပြင် အတိုးနူန်းပိုနည်းတဲ့ Loan Plan တွေကိုလဲ ရရှိနိုင်ပါတယ်။


ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page