top of page

ထိရောက်အောင်မြင်တဲ့ Home Inspection တစ်ခုကိုဘယ်လိုပြင်ဆင်ရမလဲ။

  • Writer: arkar tm
    arkar tm
  • Jan 21
  • 1 min read

ree

Home Inspection ဆိုတာဟာ အိမ်အရောင်းအဝယ်ကိစ္စတွေမှာ buyers နှင့် sellers နှစ်ဖက်လုံးအတွက် အရမ်းကိုအရေးကြီးတဲ့ အဆင့်တစ်ခုဖြစ်ပါတယ်။ ဒီအဆင့်ကိုသေသေချာချာကြိုတင်ပြင်ဆက်ထားတယ်ဆိုရင် နှစ်ဖက်လုံးအတွက် အချိန်နှင့်ငွေကုန်ကျမှု့တွေကို အများကြီးလျော့ချပေးနိုင်ပါတယ်။



ree

Buyers တွေအတွက် ဘယ်လိုပြင်ဆင်ရမလဲ

Home Inspection ဆိုတာဟာ အဓိက major system တွေဖြစ်တဲ့ plumbing, electrical, HVAC နှင့် structural ခိုင်မာမှုတို့ကိုစစ်ဆေးတာဖြစ်ပြီး ဒီစစ်ဆေးမှုတွေက 2နာရီကနေ 4နာရီလောက်အထိကြာချိန်ရှိပါမယ်။ ပျှမ်းမျှအားဖြင့် $300 ကနေ $500 ပါတ်ဝန်းကျင် Home Inspector ကိုပေးရမယ့်ကုန်ကျစရိတ်ရှိပါမယ်။

ဒါ့ကြောင့် Home Inspection ဝင်တော့မယ်ဆိုရင်

(1) ယုံကြည်စိတ်ရပြီးတော့ recommendations တွေကောင်းတဲ့ Inspector ကိုသေသေချာချာရွေးချယ်ပါ။

(2) Home Inspection ကို ကိုယ်တိုင်လိုက်ပါပြီး ကြည့်ရှု့လေ့လာပါ။

(3) လေ့လာမှုတွေကို စာရင်းလုပ်ထားပြီး check list တစ်ခုနှင့်သွားပါ။

Inspection ကိစ္စတွေပြီးသွားပြီဆိုရင် Inspector ရဲ့ report ကိုသေသေချာချာသုံးသပ်ပါ၊ ပြီးတော့ major problems တွေကိုအရင်ဆုံးဦးစားပေးဖြေရှင်းပါ။လိုအပ်ရင် Seller နှင့် ညှိနှိုင်းဆောင်ရွက်ပါ။



ree

Sellers တွေဖက်က ဘယ်လိုပြင်ဆင်ရမလဲ

(1) Inspection မစခင်ကတည်းက အိမ်ရဲ့ potential problems တွေကို seller နှင့် ပွင့်ပွင့်လင်းလင်းပြောပြထားပါ။

(2) ပြင်ဆင်လို့ရတဲ့ small problem တွေကိုယ် ကိုယ်တိုင်ပြုပြင်မွမ်းမံထားပါ။

(3) အိမ်ကို သန့်ရှင်းသပ်ရပ်အောင် ရှင်းလင်းထားပါ။

(4) မြေအောက်ခန်း၊ ထပ်ခိုးနှင့် HVAC & Electrical System တွေကို အလုပ်လုပ်ပြီး အဆင်သင့် ကြည့်ရှု့စမ်းသပ်လို့ရအောင်စီစဉ်ပေးထားပါ။

အခုလိုပြင်ဆင်မှု့တွေစီစဉ်ထားပြီးတော့ Inspection နေ့မှာ buyers နှင့် inspector တို့ကို လွပ်လွပ်လပ်လပ် ကြည့်ရှု့လေ့လာနိုင်အောင် space ပေးပြီး လေ့လာခိုင်းပါ။

ဒီ Home Inspection process မှာ Buyer အနေနှင့် အပေါ်ယံပြသနာအသေးအဖွှဲတွေကို အရမ်းအာရုံမစိုက်ပဲ အဓိက ရေရှည်မှာအရေးကြီးတဲ့အချက်တွေကိုပဲ ပိုအာရုံစိုက်ပြီး လေ့လာသုံးသပ်သင့်ပါတယ်။ Seller အနေနှင့်လဲ ကိုယ့်အိမ်ရဲ့ပြသနာတွေရှိနေရင် ဖုံးထားဖို့မကြိုးစားပဲ ပွင့်ပွင့်လင်းလင်းပြောပြထားသင့်ပါတယ်။

ဒီလိုနှစ်ဦးနှစ်ဖက်လုံးက ကိုယ့်အတွက်အရေးကြီးတဲ့အချက်တွေကို သေသေချာချာပြင်ဆင်စီစဉ်ထားခြင်းအားဖြင့် Home Inspection Process မြန်မြန်နှင့်အောင်မြင်စွာကျော်ဖြတ်ပြီးတော့ Buying/ Selling Stage ကို မြန်မြန်ရောက်ရှိအဆုံးသတ်နိုင်ပါတယ်။



ree

ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 



 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page