ကိုယ့်အိမ်ကို Asking Price ဈေးထက်မလျော့ပဲ ရောင်းထွက်အောင်ဘယ်လိုလုပ်ရမလဲ ?
- arkar tm
- 7 hours ago
- 1 min read

သင့်ရဲ့အိမ်အရောင်း strategy က asking price နှင့် multiple offer တွေရတဲ့အထိထိုင်စောင့်ရောင်းမယ်ဆိုတဲ့ နည်းလမ်းဆိုရင် လက်ရှိဈေးကွက်မှာ အောင်မြင်မှာမဟုတ်ပါဘူး။ Seller တွေ အားသာခဲ့တဲ့ ဈေးကွက်က အခုဟိုးအနောက်မှာကျန်ခဲ့ပါပြီ။
လက်ရှိ ဈေးကွက်ပေါ်မှာ အိမ်အရောင်းအလုံး 100 ရှိရင် တစ်ဝက်လောက်ဖြစ်တဲ့ အိမ်အလုံး 50 လောက်က သူတို့ပထမဆုံးခေါ်ထားတဲ့ဈေး Asking Price ထက် လျှော့ပြီးတော့ရောင်းနေကြပါတယ်။
ဒါက Home Seller တွေအတွက် အားလျော့စရာသတင်းဆိုးတော့မဟုတ်ပါဘူး၊ ဈေးကွက်က အရင်ကသာမာန်အနေအထားမျိုးကိုပြန်ရောက်သွားတာပါ။
Zillow ကဖော်ပြထားတဲ့ survey data အရ
2018 - 2019 ကာလမှာ အရောင်းဈေးကွက်ရဲ့ 50% - 55% လောက် အိမ်တွေက Asking Price ထက်လျော့တဲ့ဈေးနှင့်ရောင်းချခဲ့ကြတယ်။ ဒါက normal ဈေးကွက်အနေအထားပါပဲ။
2021 - 2022 ကာလမှာ ဈေးကွက်ရဲ့ 25% လောက်ပဲ Asking Price အောက်လျော့တဲ့ဈေးနှင့်ရောင်းချကြတယ်။ဘာကြောင့်လဲဆိုတော့ အဲဒီ့အချိန်တုန်းက အတိုးနူန်းတွေလျော့ကျခဲ့ပြီး buyers demand တွေအရမ်းတက်လာခဲ့လို့ပါ။
2025 မှာကြတော့အိမ်တွေရဲ့ 50% လောက်က Asking Price အောက်မှာအရောင်းအဝယ်တွေ ပြန်လုပ်ခဲ့ကြတယ်။ ဒါကြောင့် အခုဈေးကွက်အခြေအနေက အရင်က သာမာန်အနေအထားကိုပြန်ရောက်သွားတယ်လို့ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အခု 2025 ဈေးကွက်မှာ over pricing အိမ်တွေက ရောင်းမထွက်တော့ဘူး၊ seller တွေကရောင်းဈေးကို သူတို့လိုချင်သလောက် သတ်မှတ်ပြီး ရောင်းလို့မရတော့ပါဘူး။ Buyers တွေဘက်မှာ သူတို့အတွက်ရွေးချယ်စရာ option တွေများတယ်၊ အဝယ်အပြိုင်အဆိုင်နည်းလို့ စဉ်းစားဆုံးဖြတ်ချိန်ပိုရတယ်၊ ပြီးတော့ သူတို့ရဲ့ Budget ကလဲ ပိုပြီး tight ဖြစ်လာတယ်။
ဒါကြောင့်ကိုယ်ကအိမ်ရောင်းတော့မယ်ဆိုရင် listing စလုပ်တဲ့ ပထမဆုံး နှစ်ပါတ်က အရေးအကြီးဆုံးအချိန်ဖြစ်ပါတယ်။ ဒီကာလမှာ ဈေးနူန်းမှားပြီ သတ်မှတ်မိလိုက်ရင် ကိုယ့်အိမ်အရောင်းထိုင်းသွားနိုင်ပါတယ်။
ဒါဆို လက်ရှိဈေးကွက်မှာ အရောင်းအောင်မြင်အောင်၊ Asking Price နှင့်ရောင်းရအောင် ဘယ်လိုလုပ်ရမလဲ ?
1. ကိုယ့်အိမ်ကိုပြင်ဆင်ပါ
အဓိကအကျဆုံးနှင့်အလိုအပ်ဆုံး ပြုပြင်မွမ်းမံမှုတွေကိုစလုပ်ပါ။ အိမ်ကိုလာကြည့်မယ့် potential buyers တွေမျက်စိကျအောင် local buyer trend တွေနှင့်ကိုက်ညီအောင် touch-up လုပ်ပါ။ အိမ်လာကြည့်ကြည့်ချင်းမှာသူတို့မျက်စိကျသွားခဲ့တယ်ဆိုရင် အိမ်ကို Asking Price နှင့် ဒါမှမဟုတ် ဒီ့ထက်တောင်ပိုတဲ့ဈေးနှင့်ရောင်းရဖို့ အခွင့်အရေးတွေရနိုင်ပါတယ်။
2. အရောင်းစတင်ကတည်းက Strategic ကျတဲ့ဈေးသတ်မှတ်ထားပါ။
Price Sensitive အရမ်းဖြစ်တဲ့ လက်ရှိဈေးကွက်မှာ buyers တွေအရင်ဆုံးကြည့်မယ့်အချက်က ဈေးနူန်းပါပဲ။ ကိုယ့်အနီးအနားက ရှိတဲ့အိမ်တွေပဲကြည့်ပြီး ဈေးနူန်းမသတ်မှတ်လိုက်ပါနှင့်။ တကယ်ဈေးကွက်ကျွမ်းကျင်တဲ့ agent နှင့်အရင်တိုင်ပင်ပြီးမှသတ်မှတ်ပါ။ ကိုယ်က ဈေးနူန်းကို ကောင်းကောင်းမွန်မွန်တင်ပေးလိုက်နိုင်ရင် ကိုယ့်အိမ်က တကယ်ဝယ်မယ့် buyers တွေအများအပြားရဲ့မျက်စိရှေ့ကိုရောက်သွားမှာဖြစ်တဲ့အတွက် အိမ်အဝယ်လာကြည့်မယ့်သူတွေ ၊ offer လာပေးမယ့်သူတွေ အများကြီးရလာနိုင်ပါတယ်။
3. ဈေးနူန်းညှိနှိုင်းဖို့ Flexible ဖြစ်ပါစေ
တကယ်ဝယ်မယ့် Buyers တွေက အနည်းနှင့်အများ ဈေးညှိကြမှာပါပဲ၊ သူတို့ဖက်ကလဲ အချို့ give-and-take အခွင့်အရေးတွေရချင်ကြမှာပါ။ ဥပမာ အိမ်ရဲ့အချို့နေရာတွေ repair လိုချင်တာ၊ closing cost သက်သာချင်တာ အစရှိတဲ့အချက်တွေအတွက် ကိုယ့်ဖက်ကနေ open mind ထားပြီး လက်ခံညှိနှိုင်းပေးနိုင်ရင် ကိုယ့်အိမ်ကို သတ်မှဈေးနှင့် ရောင်းနိုင်ဖို့ အများကြီးနီးစပ်သွားပါလိမ့်မယ်။
လက်ရှိဈေးကွက်ရဲ့ 50%လောက်အိမ်တွေက ရောင်းဈေးအောက်ပဲရတယ်ဆိုပေမယ့် အခုလိုသေသေချာချာ plan ချဆောင်ရွက်နိုင်ရင် ကိုယ့်အိမ်က ရောင်းဈေးထက်ပိုပြီးရောင်းနိုင်တဲ့ အခြား 50% ဘက်ကိုပါနိုင်ဖို့ အခွင့်အရေးအပြည့်အဝရှိပါတယ်။ ဒါကြောင့် အိမ်ရောင်းတော့မယ်ဆိုရင် ကိုယ်ယုံကြည်ရတဲ့ real estate တစ်ယောက်နှင့် အသေးစိတ်ဆွေးနွေး plan ချပြီးမှသာ ဆက်လက်ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။



Comments