top of page

စီးပွားရေးလုပ်ငန်းတွေမှာ ကိုယ့်ရဲ့စိတ်ဓာတ်ကြံခိုင်မှုကိုတည်ဆောက်ပြီး အခက်အခဲတွေကိုကျော်လွှားနိုင်မယ့် အချက် (5) ချက်။

  • Writer: Arkar Tin Myint
    Arkar Tin Myint
  • Sep 5, 2024
  • 1 min read

Updated: Oct 28, 2024


Mental Toughness

အောင်မြင်တဲ့စီးပွားရေးလမ်းကြောင်းတစ်ခုကိုလျှောက်လှမ်းနိုင်ဖို့ဆိုတာ Business Strategy တစ်ခုတည်းနှင့်မလုံလောက်ပါဘူး။ ကြုံတွေ့လာရမယ့် အခက်အခဲတွေကို ကြံကြံခံပြီး ကျော်လွှားနိုင်ဖို့အတွက် ကိုယ့်ရဲ့စိတ်ဓာတ်ကိုခိုင်မှာနေအောင် ကြိုတင်ပြင်ဆင်ထားရပါမယ်။


(1) ကိုယ့်ရဲ့ Self Awareness ကိုမွေးမြူပါ။

Self Awareness နှင့်  holistic wellness လို့ခေါ်တဲ့ စိတ်ရောကိုယ်ပါ ဘက်မျှအောင်တိုးတက်ပြောင်းလဲစေမယ့် အလေ့အကျင့်တွေကို နေ့စဉ်ကျင့်သုံးပါ။ ကိုယ့်ရဲ့အားနည်းချက် အားသာချက်တွေကို တိတိကျကျ နားလည်နေခြင်းအားဖြင့် ကိုယ့်ရဲ့ personal growth ကို ပိုပြီးထိထိရောက်ရောက် ပျိုးထောင်နိုင်ပါလာပါလိမ့်မယ်။


(2) ကိုယ့်ရဲ့ " ဘာကြောင့်" ဆိုတဲ့မေးခွန်းတွေကိုအဖြေရှာပါ။

ကိုယ့်ရဲ့နေ့စဉ်လှုပ်ရှားရုံးကန်မှု့တွေ၊ ကြိုးစားအားထုတ်မှုတွေဟာ ဘာအတွက်ကြောင့်ဖြစ်တယ်၊ ကိုယ့်ရဲ့ အနာဂါတ် goals တွေဆိုတာဟာ ဘယ်လိုအချက်တွေကိုအခြေခံပြီးတော့ စတင်ခဲ့တယ်ဆိုတာကို အမြဲအဖြေရှာပါ။ ဒီအချက်တွေကို ပိုပြီးရှင်းရှင်းလင်းလင်းနားလည်နိုင်ရင် ကိုယ့်ရဲ့ motivation နှင့် ခွန်အားတွေကလဲ ပိုပြီးခိုင်မာအာကောင်းလာနိုင်လေဖြစ်ပါတယ်။


(3) ခက်ခဲတဲ့အရာတွေကို အမြဲရင်ဆိုင်ပါ

ခက်ခဲရှုပ်ထွေးတဲ့ challenge တွေကို ရင်ဆိုင်ဖို့ဝန်မလေးပါနှင့်၊ အခက်အခဲနှင့်ပြဿနာတွေဆိုတာဟာ ကိုယ့်ရဲ့ဖွံဖြိုးမှု့အတွက်လိုအပ်တဲ့အရာတွေပါ။ ပိုခက်ခဲတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်လေ ကိုယ့်ရဲ့ confident နှင့် experience တွေကလဲမြင့်တက်လာလေဖြစ်ပါတယ်။


(4) Build a support network 

အရာအားလုံးကို ကိုယ်တစ်ယောက်တည်းရင်ဆိုင်ဖြေရှင်းလို့မရပါဘူး။ ကိုယ့်မှာ အားကိုးရတဲ့ အသိုင်းအဝိုင်းတွေလိုအပ်ပါတယ်။ အလုပ်အတွက် ယုံကြည်အားကိုးရတဲ့ team တွေကိုဖွဲ့စည်းသလိုမျိုး

ကိုယ့် personal life မှာလဲ ကိုယ့်ကို အားပေးတဲ့၊ ကိုယ် ယုံကြည်ရတဲ့ မိတ်ဆွေကောင်းတွေနဲ့ supportive ဖြစ်တဲ့ ပါတ်ဝန်းကျင်ကောင်းတစ်ခုကိုတည်ဆောက်ထားပါ။


(5) မိမိကိုယ်ကိုယ်ယုံကြည်ပါ

ကိုယ့်ရဲ့အရည်ချင်းတွေ၊ စွမ်းရည်တွေနှင့် ဆုံးဖြတ်ချက်တွေကို confident ထားနိုင်အောင်လုပ်ပါ။ ကိုယ့်ဘာသာကိုယ်ယုံကြည်မှု့ရှိမှသာ ရင်ဆိုင်ရမယ့်အတားအဆီးတွေကို ကျော်လွှားနိုင်ပါမယ်။ ဒါကြောင့် အမြဲကိုယ့်ဘာသာကိုယ်ယုံကြည်နိုင်ဖို့ စာများများဖတ်၊ မိမိကိုယ်ကို invest လုပ်ပြီး self development ကိုမပြတ်မြှင့်တင်ပါ။


ဒီအချက်(5) ချက်ကတော့ ကိုယ့်ရဲ့စိတ်ဓာတ်ကြံခိုင်မှု့တွေကို တဖြည်းဖြည်းခြင်းပိုခိုင်မာလာစေမယ့် အချက်တွေပဲဖြစ်ပါတယ်။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page