အိမ်ခြံမြေဈေးတွေ တကယ့်လက်ရှိမှာဘယ်လိုအနေအထားမျိုးဖြစ်နေသလဲ ?
- arkar tm
- Oct 27, 2024
- 1 min read
Updated: Oct 28, 2024

သင်ဟာ အိမ်ခြံမြေဈေးကွက်ကိုလေ့လာနေသူတစ်ယောက်ဆိုရင် အခုအတောအတွင်းမှာ Market Situation တွေပြောင်းလဲနေတယ် Mortgage Rate တွေပြောင်းလဲနေတာကို သတိထားမိမှာပါ၊ ဒီလိုအပြောင်းအလဲတွေနှင့်ပါတ်သက်ပြီးတော့ တကယ့်အိမ်ဈေးတွေအတွက် အခုလက်ရှိနှင့် အနာဂါတ်မှာ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းသုံးသပ်ချက်လေးကို shareပေးပါရစေ။
(1) အိမ်ဈေးတက်တာတွေနှေးနေပါတယ် ဒါပေမယ့် ဈေးတန်းတွေကတော့ကျမသွားပါဘူး။
အိမ်တန်ဖိုးဆိုတာကတော့ အမြဲတမ်းတက်နေတဲ့အရာပါ၊ ဒါပေမယ့်ဒီကာလအတွင်းမှာ အိမ်ဈေးအတက်နူန်းတွေက နှေးသွားပါတယ်။ ဒါပေမယ့် ဈေးကျလာတာမျိုးတော့မရှိပါဘူး ။ အရင်နှစ်ကလို တဟုန်ထိုးကြီးတက်နေတာမျိုးမဟုတ်တော့ပဲ တဖြည်းဖြည်းချင်းပဲတက်နေတဲ့အနေအထားမျိုးပါ။

(2) လာမယ့်နှစ်မှာ အိမ်ဈေးတွေဘယ်လိုအပြောင်းအလဲရှိနိုင်မလဲ။
Supply ဖြစ်တဲ့ အိမ်အရောင်း Inventory Listing တွေပိုများလာပေမယ့် အဝယ်ဘက်က Demand တွေကတော့ တက်မလာပါဘူး။ Demand တွေတက်မလာသေးသ၍ကတော့ အိမ်ဈေးအတက်တွေဟာလဲ လက်ရှိအနေအထားလိုနှေးနေဦးမှာပါပဲ ။ ဒါ့ကြောင့် နောက်နှစ်အစလောက်အထိမှာလဲ အိမ်ဈေးတွေဟာအခုလိုပဲ
အတက်နှေးနေဦးမယ်လို့ယူဆပါတယ်။

(3) ကျွမ်းကျင်သူတွေရဲ့ ယူဆချက်
Realtor.com ရဲ့ Chief Economic Danielle Hale က " ဒီကာလရဲ့ တိုးတက်လာတဲ့ inventory အရေအတွက်ဟာ ပိုပြီး balance ဖြစ်တဲ့ market တစ်ခုဆီကို ဦးတည်နေပါတယ်၊ ဒါကြောင့် အိမ်ဈေးအတက်နူန်းတွေက နှေးနေဦးပါမယ်" လို့ပြောခဲ့ပါတယ်။ဒီ့အတွက်ကြောင့်လဲ Mortgage Rate တွေဟာ ထပ်ကျလာဖို့အလားအလာရှိတယ်၊ ဒီလိုကျလာတဲ့အခါ market ရဲ့ demand ဖက်မှာ improvement တွေတွေ့လာနိုင်တယ်လို့ ထပ်မံဖြည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီအချက်တွေကတော့ လက်ရှိနှင့် near future မှာဖြစ်နေမယ့် အိမ်ဈေးနူန်းနှင့် ဈေးကွက်အနေအထားပဲဖြစ်ပါတယ်။ အိမ်ဈေးအတက်နှေးနေတာ၊ Mortgage Rate တွေကလဲ အရင်နှစ်တွေကထက်ကျနေတာ၊ demand နည်းပြီး competition သိပ်မရှိသေးတာ အစရှိတဲ့အချက်တွေကြောင့်မလို့ အခုချိန်ကတော့ အိမ်ဝယ်ဖို့အချိန်ကောင်းတစ်ခုပါ။ အိမ်ဝယ်မယ်ဆိုရင် ကိုယ့် plan ခိုင်ခိုင်မာမာနှင့် ခိုင်မာမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ကျွမ်းကျင်ယုံကြည်ရတဲ့ Realtor တွေနှင့်အရင်ဆုံး ဆွေးနွေးကြည့်ပါ။
ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Realtor လက်မှတ် ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Comments