top of page

ဘာလို့အချို့အိမ်တွေရောင်းထွက်တာမြန်ပြီး တချို့တွေကြရောင်းမထွက်တာလဲ

  • Writer: arkar tm
    arkar tm
  • Dec 23, 2025
  • 1 min read

သိပ်မကြာခင်နှစ်တွေတုန်းက U.S ရဲ့ Housing Market Inventory က တော်တော်လေးအရေအတွက်နည်းခဲ့တာကြောင့် ရောင်းတဲ့ အိမ်တိုင်းနီးပါးအမြန်ပဲအရောင်းထွက်ခဲ့ကြတယ်။ အခု 2025 နှစ်ကုန်ပိုင်း မှာကြတော့ အရင်နှစ်ကထက်ကို အိမ်အရောင်းအရေအတွက်က 20% အထိပိုတက်လာခဲ့တယ်။ ဒါက အရင် 2020မတိုင်ခင်က ဈေးကွက်မျိုးကိုပြန်ရောက်သွားတဲ့အတွက် seller တွေအနေနှင့် ကိုယ့်အိမ်ကို အခြားသူတွေထက် stand out ဖြစ်ပြီး ရောင်းထွက်ဖို့ရာ ပိုအပြိုင်အဆိုင်များလာတယ်၊ခက်ခဲလာပါတယ်။


Realtor.com ရဲ့ မကြာသေးခင်ကဖော်ပြချက်အရ အခုလိုတိုးလာတဲ့ housing inventory ဟာ active listing တွေဆီကလာတယ်လို့ သိရှိရတယ်။ ဒီအိမ်တွေဟာ အသစ်ဝင်လာတဲ့ new listing တွေမဟုတ်ကြပဲ အရောင်းမထွက်လို့ market ပေါ်မှာ လနှင့်ချီပြီးကြာနေတဲ့အိမ်တွေဖြစ်ပါတယ်။ ဒါကလဲ လက်ရှိဈေးကွက်မှာ Seller တွေ Buyer ရဖို့အခက်အခဲဖြစ်နေတယ်ဆိုတာကိုဖော်ပြနေပါတယ်။ 


ဘာကြောင့် အချို့အိမ်တွေက အရောင်းတင်တင်ချင်း ချက်ချင်းနီးပါးအမြန်ရောင်းထွက်သွားကြပြီး အချို့အိမ်တွေကြတော့ လတွေကြာအောင်အရောင်းမထွက်ကြတာပါလဲ ? Redfin နှင့် HousingWire က အိမ်ခြံမြေ ကျွမ်းကျင်သူတွေက အောက်ပါအချက်တွေကြောင့်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ 


* အိမ်ကိုစရောင်းကတည်းက Over pricing သတ်မှတ်ခဲ့မိတာ။

* အိမ်အရောင်းမတင်ခင် အရေးကြီးတဲ့ ပြုပြင်မွမ်းမံမှုတွေမလုပ်ခဲ့တာ။

* အိမ်အရောင်းတင်တဲ့အခါမှာ အိမ်ပုံ၊ staging ဓာတ်ပုံတွေကောင်းကောင်း မရိုက်ခဲ့တာ၊ အသုံးမပြုခဲ့တာ။

* Potential Buyers တွေကို ဈေးနူန်းညှိနှိုင်းမှုလုပ်ခွင့်မပေးတာ။ 

* အိမ်အရောင်း showing ပြတာကို ထိထိရောက်ရောက်မလုပ်တာ ( ဥပမာ - weekend တွေပဲအိမ်လာကြည့်လို့ရမယ်၊ အိမ်လာကြည့်မယ်ဆိုရင် 48နာရီ ကြိုအကြောင်းကြားထားမှပြပေးနိုင်မယ် စသဖြင့်) 

* ပြီးတော့ ကိုယ့်အိမ်အရောင်းကို လူများများသိနိုင်ဖို့ Marketing မလုပ်နိုင်ခဲ့တာ

စတဲ့အချက်တွေက အိမ်ရောင်းထွက်ဖို့ကြန့်ကြာစေတဲ့အဓိကအချက်တွေလို့ဖော်ပြထားခဲ့ပါတယ်။ 

အရင် Market ကောင်းချိန်တုန်းကတော့ Buyers တွေအနေနှင့် ဒီလို လိုအပ်ချက်တွေရှိခဲ့လဲ အိမ်ရောင်းထွက်နိုင်ပါတယ်။ ဒါပေမယ့်အခုလို Market မျိုးမှာတော့ အဆင်မပြေတော့ပါဘူး။အခုလို Market မျိုးမှာ First impression ကောင်းကောင်းကို ရရှိဖို့အတွင်အရမ်းအရေးကြီးပါတယ်၊ အိမ်အရောင်းဖွင့်ဖွင့်ချင်း ပထမနှစ်ပါတ်သုံးပါတ်ဟာ အိမ်အရောင်းထွက်ဖို့အရေးကြီးဆုံးကာလတွေပါ။ ဒီအပါတ်တွေမှာ အပေါ်မှာဖော်ပြထားတဲ့ အမှားအယွင်းတွေကိုလုပ်ဆောင်မိခဲ့ရင်တော့ ကိုယ့်အိမ်အရောင်းထွက်ဖို့အတွက်နှောင့်နှေးသွားပြီး Market ပေါ်မှာကြာကြာတင်ထားတဲ့ stale ဖြစ်သွားပါလိမ့်မယ်။


ဒါကြောင့် ကိုယ့်မှာ real estate agent ကောင်းကောင်းတစ်ယောက်ရှိထားဖို့ဆိုတဲ့အချက်က ဒီနေရာမှာ အရမ်းအရေးကြီးသွားပါပြီ။ Skilled Professional တစ်ယောက်က ကိုယ့်ရဲ့အိမ်ကို မှန်ကန်တဲ့အရောင်းဈေးနူန်းသတ်မှတ်ပေးတာကအစ staging နှင့် marketing အဆင့်အထိကို မှန်မှန်ကန်ကန်ထိထိရောက်ရောက်လုပ်ဆောင်ပေးတဲ့အထိ စီစဉ်ဆောင်ရွက်ပေးနိုင်ပါတယ်။ အိမ်ကိုကိုယ့်ဘာသာကိုယ်ရောင်းတာက အမှားတစ်ခုမဟုတ်ပေမယ့် ယုံကြည်စိတ်ချရတဲ့ real estate agent တစ်ယောက်နှင့်ချိတ်ဆက်ပြီး လုပ်ဆောင်တာက ကိုယ်ကုန်ကျမယ့် fee ထက် အဆပေါင်းများစွာသာလွန်တဲ့ အကျိုးအမြတ်တွေ သေချာပေါက်ရရှိစေမှာမလို့ အိမ်အရောင်းအဝယ်ကိစ္စတိုင်းကို skilled & trustworthy agent တစ်ယောက်နှင့်အမြဲတမ်းလက်တွဲဆောင်ရွက်ဖို့ကို တိုက်တွန်းလိုက်ပါတယ်။ ကိုယ်နေတဲ့ နေရာမှာ agent ကောင်းကောင်းနဲ့ လက်တွဲဆောင်ရွက်ချင်တယ်၊ ယုံကြည်စိတ်ချရတဲ့ agent လိုချင်တယ်ဆိုရင်တော့ ကျွန်မကူညီပေးနိုင် ပါတယ်။ ကျွန်မကိုယ်တိုင် interview ပြီး  စိတ်တိုင်းကျေရွးချယ်ထားတဲ့  agent နဲ့ လက်တွဲပြီး customers တွေရဲ့ အိမ် အရောင်း ထွက်တဲ့ အထိ ကူညီပေးနိုင်ပါတယ်။ 



 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page