အိမ်မဝယ်ခင်မှာ လုပ်ဆောင်သင့်တဲ့ အရေးကြီးအချက် (5) ချက်
- arkar tm
- 13 minutes ago
- 1 min read

အိမ်ဝယ်တယ်ဆိုတော့ဟာ ဘဝမှာအရေးကြီးဆုံးသော ဆုံးဖြတ်ချက်တွေထဲကတစ်ခုဖြစ်ပါတယ်။ ကိုယ်က ပထမဆုံးအိမ်ကိုဝယ်မှာပဲဖြစ်စေ Upgrade or Downsizing လုပ်ဖို့အိမ်ထပ်ဝယ်မှာပဲဖြစ်စေ သေသေချာချာပြင်ဆင်ပြီးမှ ဝယ်ဖို့လုပ်ဆောင်သင့်ပါတယ်။ ကိုယ်ဆောင်ရွက်သင့်တဲ့အရေးကြီးအချက်တွေကတော့
(1) ကိုယ့်ရဲ့ Financial Status ကိုအရင်သုံးသပ်ပါ
အိမ်ဝယ်ဖို့မရှာရသေးခင်မှာ အရင်ဆုံးကိုယ့် ငွေကြေးအခြေအနေကို သေသေချာချာသုံးသပ်ပါ။ ကိုယ့်ရဲ့ ဝင်ငွေ၊ လစဉ်အသုံးစရိတ် နှင့် ကိုယ့်ရဲ့ saving အခြေအနေတွေအပေါ်မှာ မူတည်ပြီးတော့ ကိုယ်တကယ်တတ်နိုင်တဲ့ အိမ်တန်ဖိုးကို ဆုံးဖြတ်သတ်မှတ်ပါ။ ပြီးတော့ အရေးကြီးဆုံးက ကိုယ့်ရဲ့ Credit Score က ဘယ်လောက်ရှိနေလဲ ဆိုတာကိုအရင်သိရအောင်လုပ်ပါ၊ Mortgage deal တွေကောင်းကောင်းရဖို့အတွက် ကိုယ့် Credit Score က အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ နောက်ပြီး ကိုယ်ဝယ်ဖို့သတ်မှတ်ထားတဲ့ အိမ်တန်ဖိုးရဲ့ 3%, 5%, 10% to 20% ကို ပေးရမယ့် down payment အတွက်နှင့် နောက်ထပ် 2% to 5% လောက်ကို closing cost ပေးဖို့အတွက် ချိန်ဆပြီးတော့ ငွေကိုစုထားပါ။
(2) Mortgage Pre-Approval ရအောင်လုပ်ပါ
Pre- Approval ရထားတာက ကိုယ့်ကို Seller တွေရဲ့အမြင်မှာ အိမ်ဝယ်ဖို့ အဆင်သင့်ဖြစ်နေတဲ့သူ၊ တကယ့် Serious buyers အဖြစ်မြင်စေတာမို့ သူတို့က အိမ်ကို ပိုကောင်းတဲ့ deal တွေနှင့်ရောင်းပေးမယ့် အခွင့်အရေးတွေရရှိနိုင်ပါတယ်။ Pre-approval process မှာ Lender တွေက ကိုယ့်ရဲ့ financial history ကိုကြည့်ပြီးတော့ သူတို့ဖက်ကနေ Loan ကို ဘယ်ပမာဏအထိ ချေးပေးနိုင်တယ်ဆိုတာကို ဆုံးဖြတ်ပေးတဲ့အတွက် ကိုယ့်အနေနှင့် ကိုယ့်မှာ borrowing power ဘယ်လောက်ရှိတယ်ဆိုတာ ကြိုသိရနိုင်ပါတယ်။

(3) ကိုယ့်လိုအပ်ချက်နှင့် ဦးစားပေးရမယ့်အရာတွေကိုဆုံးဖြတ်ပါ။
ကိုယ့်တကယ်လိုအပ်တဲ့ အချက်တွေကို list ချရေးပြီးမှ ကိုက်ညီတဲ့အိမ်ကိုစရှာပါ။ ဘယ် location မှာလဲ၊ အိပ်ခန်းနှင့်ရေချိုးခန်း ဘယ်နှစ်ခန်းပါစေချင်လဲ၊ ကျောင်းတွေနှင့် အလုပ်တွေနှင့်ဘယ်လောက်နီးလဲ၊ အိမ်နှင့်ခြံအကျယ် ဘယ်လောက်ရှိရမလဲ - အစရှိတဲ့အချက်တွေကိုကြိုသတ်မှတ်ပြီးရှာတာက ကိုယ့်ရဲ့ focus ကိုပိုရှင်းလင်းပြတ်သားစေပြီး ကိုယ်နှင့်ကိုက်ညီတဲ့အိမ်ကိုသေသေချာချာရှာနိုင်မှာပါ။
(4) ယုံကြည်ရတဲ့ Real Estate Agent တစ်ယောက်ငှားပါ
Professional Real Estate Agent တစ်ယောက်က ဈေးကွက်ရဲ့ valuable knowledge တွေ၊ ကျွမ်းကျင်တဲ့ Negotiation skills တွေ၊ ပြီးတော့ အိမ်ဝယ်တဲ့ process အတွက် တိကျတဲ့ Guidelines တွေ - အစရှိတဲ့ တန်ဖိုးရှိအချက်တွေနှင့် ကိုယ့်ကို အထိရောက်ဆုံးကူညီပံပိုးနိုင်ပါတယ်။ Agent တစ်ယောက်နှင့် အတူလက်တွဲလုပ်ဆောင်တာက ကိုယ့်အတွက် အိမ်ဝယ်ဖို့ကို ပိုချောမွှေ့လွယ်ကူပြီး အမှားအယွင်းမရှိပဲ မြန်မြန်ဆန်ဆန်ပြီးမြောက်အောင်မြင်စေပါတယ်။

(5) Home Inspection သေသေချာချာလုပ်ပြီးတော့မှ Closing လုပ်ပါ
ကိုယ်တကယ်ကြိုက်တဲ့အိမ်တွေ့ပြီ ဝယ်ဖို့အတွက်စဉ်းစားနေပြီဆိုရင် Professional Inspector တစ်ယောက်ငှားပြီးတော့မှ အိမ်ကိုသေသေချာချာ စစ်ဆေးခိုင်းပါ။ Inspector က ကိုယ်မမြင်နိုင်တဲ့ hidden issues တွေနှင့် အိမ်ရဲ့တကယ့်အခြေအနေကို ဖော်ပြပေးနိုင်ပါတယ်။ အရောင်းအဝယ်စာချုပ်ကို သေသေချာချာဖတ်ပါ ၊ လိုအပ်တဲ့မေးခွန်းတွေကို အားမနာပဲမေးမြန်းပါ၊ ပြီးတော့ လိုချင်တဲ့ condition နှင့် repairing တွေကို closing မလုပ်ခင်မှာ ပြီးစီးအောင်ဆောင်ရွက်ပေးဖို့ ရောင်းသူနှင့်ညှိနှိုင်းပါ။ နှစ်ဦးနှစ်ဖက် သဘောတူညီမှုတွေရပြီး လိုအပ်တဲ့အချက်တွေ ပြုပြင်ပြီးစီးတဲ့အခါမှ Closing လုပ်ပါ။
ဒီအချက်တွေကတော့ အိမ်ဝယ်မယ့်သူတိုင်း လိုက်နာကျင့်သုံးသင့်တဲ့ အချက်(၅) ချက်ပဲဖြစ်ပါတယ်။



Comments