top of page

2 to 4 Unit FHA Multi-Unit အတွက် လိုအပ်ချက်များ | FHA 2 - 4 Unit Guidelines

  • Writer: Win Myat Thu
    Win Myat Thu
  • Dec 22, 2023
  • 2 min read

Updated: Dec 27, 2023

Owner occupied Multi Family Financing ကတော့ အခန်းပေါင်း ၂ခန်းကနေ ၄ခန်းအထိပါတဲ့ Smaller Multi-Family တွေမှာ အိမ်ဝယ်တဲ့သူက အဲ့ဒီ Apartment မှာ ကိုယ်တိုင် တစ်ခန်း နေရမှာဖြစ်ပြီး ကျန်တဲ့အခန်းတွေကိုတော့ ငှားစားလို့ရတဲ့ အခွင့်အရေးပါ။


ဒီလိုမျိုး Small Multi-Family တွေ ကို FHA multi-unit mortgage နဲ့ ဝယ်မယ်ဆိုရင် FICO Credit Score က 580 ရှိရမှာဖြစ်ပြီး Down Payment ကို 3.5% (သို့မဟုတ်) အဲ့ထက်ပိုတဲ့ ပမာဏကို ချလို့ရပါတယ်။


Multi Family ကို ဝယ်လိုက်ချင်းက ငွေချေးမယ့်သူကို Homeowner ဖြစ်လာခွင့်ပေးပြီး ကျန်တဲ့ Unit တွေကို ငှားလို့ရတဲ့ ဝင်ငွေကို Mortgage ကို ပြန်ပေးဖို့ သုံးနိုင်ပြီး ငွေချေးမယ့်သူအတွက် Equity မြန်မြန်တည်ဆောက်တာမျိုး (သို့မဟုတ်) Passive Income ကို ရရှိစေပါတယ်။



Multi-Unit ဝယ်ဖို့အတွက် ဘယ်လို Properties အမျိုးအစားတွေကို ခွင့်ပြုထားသလဲ?

ငွေချေးသူတစ်ယောက်က Multi-unit property ဝယ်ဖို့ FHA Mortgage ရဖို့အတွက် အရည်အချင်းပြည့်မီတယ်ဆိုရင် သူတို့အနေနဲ့ 2 to 4 Units အထိ ပိုင်ဆိုင်နိုင်ပါတယ်။

Multi-unit တွေဟာ

  • Two units (duplex) - Single Family Residential Property လို့ သတ်မှတ်ထားတဲ့ Two unit property

  • Three units (triplex) - Single Family Residential Property လို့ သတ်မှတ်ထားတဲ့ Three unit property

  • Four units (fourplex) - Single Family Residential Property လို့ သတ်မှတ်ထားတဲ့ Four unit property

  • Commercial , Residential, Retail, Office (သို့မဟုတ်) Parking Spaces တွေ ပေါင်းစုထားတဲ့ Mixed use


နောက်ထပ် Mixed use ကတော့ FHA Insurance အတွက် အကျုံးဝင်တဲ့ 1 to 4 unit properties တွေမှာ သူတို့ရဲ့

  • Square footage ရဲ့ 51% က Residential Use အတွက် ဖြစ်ပြီး ကျန်တဲ့ 49% က Commercial Use အတွက်ဖြစ်ရပါမယ်။

  • Occupants ရဲ့ Health နဲ့ Safety ကို သက်ရောက်မှု မရှိစေတဲ့ Commercial use ဖြစ်ရပါမယ်။


FHA Multi-Unit Properties: 2 to 4 Units အတွက် လိုအပ်ချက်များ

Mortgage Cases တွေအားလုံးဟာ Automated Underwriting System (AUS) ပေါ်မှာ မူတည်ပြီး ကွဲပြားနိုင်ပေမယ့် Pre-approval Process မှာတော့ Loan Originator တစ်ယောက်က

run ပေးနိုင်ပါတယ်။


  • 3 to 4 unit properties တွေအတွက် Lender ဟာ အရင်ဆုံး လျှောက်မယ့်သူရဲ့ Principal, interest, taxes နဲ့ insurance (PITI) တွေကို အရင် စစ်ဆေးပြီး အတည်ပြုဖို့လိုပါတယ်။

  • 3 to 4 unit property တစ်ခုအတွက်နဲ့ Manual underwriting အတွက် PITI ၃လစာကို အတည်ပြုပြီး ပြင်ဆင်ပြီးဖြစ်ရပါမယ်။

  • 1 to 2 unit properties အတွက်နဲ့ Manual underwriting အတွက်ကတော့ PITI တစ်လစာကို အတည်ပြုပြီး ပြင်ဆင်ပြီးဖြစ်ရပါမယ်။



3 to 4 Units တွေကတော့ Self-Sufficiency Rental Income Test ကို အောင်ဖို့လိုပါတယ်။

  • Income Test Self Sufficiency ကို တွက်ရင်နည်းနှစ်ခုကို သုံးတယ်။ ပထမတစ်ခုကတော့ 3 to 4 Units စလုံးရဲ့ Fair Market Rent 75% ကို Income အနေနဲ့ တွက်တယ်။

  • ဒုတိယနည်းက ရာဖြတ်က သတ်မှတ်တဲ့ Market Rent စျေးနှုန်းထဲကနေမှ သင့်တော်တဲ့ Vacancies နဲ့ Maintenance ကို နှုတ်ပြီးတော့ ကျန်တဲ့ငွေကို Rental Income အနေနဲ့ သတ်မှတ်ပါတယ်။


2 to 4 Unit Properties တွေအတွက် Rental Income အသုံးပြုခြင်း

Appraisal လုပ်တဲ့အခါ Fair Market မှာ ပြထားတဲ့ Proposed Rental Income ကို ပါဝင်စေခြင်းဖြင့် Mortgagee တွေက Verified လုပ်ဖို့ Proposed Rental Income ကို သုံးပါတယ်။


Limited သို့မဟုတ် History မရှိတဲ့ Rental Income တွေအတွက်တော့

1025 က Fannie Mae (သို့မဟုတ်) 72 က Freddie Mac - Small Residential Income Property Appraisal Report တကယ်လို့ ရတယ်ဆိုရင်တော့ Prospective တွေက lease လုပ်ပါတယ်။

 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page