top of page

အလုပ်အကိုင်ရော စီးပွားရေးမှာပါ အောင်မြင်မှုရရှိစေမည့် နည်းလမ်းကောင်း (၅) ခု

  • 6 hours ago
  • 1 min read

အောင်မြင်မှုဆိုတာ ငွေကြေးချမ်းသာရုံသက်သက်မဟုတ်ဘဲ ပိုမိုကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်ခြင်း၊ လွတ်လပ်မှုရှိခြင်းနဲ့ အခွင့်အလမ်းသစ်တွေကို ဖော်ဆောင်နိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ကိုယ်က ဝန်ထမ်းတစ်ဦးအဖြစ် ရာထူးတက်ဖို့ ကြိုးစားနေတာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားရေး လုပ်နေတာပဲဖြစ်ဖြစ် တိုးတက်မှုဆီ လျှောက်လှမ်းရမယ့် လမ်းစဉ်ကတော့ အတူတူပါပဲ။ အလုပ်မှာရော စီးပွားရေးမှာပါ အောင်မြင်ချင်တယ်ဆိုရင် လိုက်နာရမယ့် အရေးပါတဲ့ အချက် (၅) ချက်ကို မျှဝေပေးလိုက်ပါတယ်။


၁။ ကိုယ်လုပ်နေတဲ့အရာမှာ ကျွမ်းကျင်ပါစေ

အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်က "ကျွမ်းကျင်မှု" ပါ။ ဝန်ထမ်းတစ်ဦးအနေနဲ့ဖြစ်စေ၊ လုပ်ငန်းရှင်တစ်ဦးအနေနဲ့ဖြစ်စေ သူတစ်ပါးက ကိုယ့်ကို တန်ဖိုးထားစေချင်ရင် အရည်အသွေးကောင်းတဲ့ ရလဒ်တွေ ထွက်ပေါ်အောင် လုပ်နိုင်ရပါမယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကျွမ်းကျင်မှုစွမ်းရည်တွေကို အမြဲမပြတ် လေ့လာသင်ယူပြီး တိုးတက်အောင် လုပ်ဆောင်ပါ။ ယနေ့ထက် မနက်ဖြန်မှာ ပိုတော်တဲ့သူဖြစ်အောင် ကြိုးစားပါ။ ကိုယ်က အားကိုးထိုက်ပြီး ကျွမ်းကျင်သူတစ်ဦး ဖြစ်လာလေလေ၊ ကိုယ့်ကို မရှိမဖြစ်လိုအပ်လာလေလေ ဖြစ်ပါလိမ့်မယ်။



၂။ ခိုင်မာတဲ့ ဂုဏ်သတင်းကို တည်ဆောက်ပါ

ကိုယ့်ရဲ့ ဂုဏ်သတင်း (Reputation) ဆိုတာ ကိုယ့်ရဲ့ personal brand "ကိုယ်ပိုင်အမှတ်တံဆိပ်" ပါပဲ။ ကောင်းမွန်တဲ့ ဂုဏ်သတင်းက အခွင့်အလမ်းတံခါးတွေကို အလိုအလျောက် ပွင့်သွားစေနိုင်ပါတယ်။ အလုပ်ထဲမှာ "ယုံကြည်စိတ်ချရသူ၊ အလုပ်ကြိုးစားသူ" လို့ လူသိများတာက ရာထူးတိုးဖို့ အထောက်အကူဖြစ်စေပြီး၊ စီးပွားရေးမှာတော့ ခိုင်မာတဲ့ ဂုဏ်သတင်းက သစ္စာရှိတဲ့ ဖောက်သည်တွေကို ဆွဲဆောင်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပေးထားတဲ့ ကတိတွေကို တည်အောင်လုပ်ပြီး ရိုးသားမှုနဲ့ ကိုယ့်ဂုဏ်သတင်းကို စောင့်ရှောက်ပါ။



၃။ အဓိပ္ပာယ်ရှိတဲ့ လူမှုဆက်ဆံရေးတွေ တည်ဆောက်ပါ

ဘယ်သူမှ တစ်ယောက်တည်းနဲ့ လုပ်ငန်း တစ်ခုကို အောင်မြင်အောင် မလုပ်နိုင်ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေ၊ စီမံခန့်ခွဲသူတွေ ဒါမှမဟုတ် ဖောက်သည်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာဟာ အောင်မြင်မှုအတွက် အဓိကအချက်ပါ။ ကိုယ့် ကာစတန်မာတွေရဲ့ ယုံကြည်မှုကနေတဆင့်  မိတ်ဆွေကောင်းတွေ ရလာမယ်။ ဒီမိတ်ဆွေ တွေကနေ တစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ရလာနိုင် ပါတယ်။ ဒါကြောင့် ဘေးပတ်ဝန်းကျင်ကလူတွေကို နားထောင်ပေးတာ၊ ကူညီပေးတာနဲ့ ခိုင်မာတဲ့ ပတ်သက်မှုတွေရှိနေအောင် ကိုယ့်ဘက် ကစပြီး အချိန်ပေး ရင်းနှီးမြှုပ်နှံဖို့လိုပါတယ်။ 



၄။ တာဝန်ယူလိုစိတ် ပိုရှိပါစေ

အခွင့်အလမ်းဆိုတာ တာဝန်ယူရဲတဲ့သူတွေဆီကိုပဲ လာတတ်ပါတယ်။ အလုပ်မှာ ပရောဂျက်အသစ်တွေကို ရှေ့ထွက်တာဝန်ယူတာက ကိုယ့်ကို ခေါင်းဆောင်မှုနေရာ ရောက်စေပါတယ်။ စီးပွားရေးမှာလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်းက ကိုယ့်ကို ကြံ့ကြံ့ခံနိုင်ရည်ရှိစေပြီး လုပ်ငန်းကို ပိုချဲ့ထွင်နိုင်စေပါတယ်။ ကိုယ်က တာဝန်ယူနိုင်လေလေ၊ ကိုယ့်အပေါ် ယုံကြည်ကိုးစားမှု ပိုရလေလေ ဖြစ်မှာပါ။



၅။ ကိုယ်သိထားတာတွေကို ပြန်လည်မျှဝေပါ

အောင်မြင်မှုဆိုတာ ကိုယ့်အတွက်တင်မဟုတ်ဘဲ ပတ်ဝန်းကျင်ကိုပါ အကျိုးသက်ရောက်စေတာမျိုးပါ။ ကိုယ်သိထားတဲ့ အသိပညာကို သူတစ်ပါးကို မျှဝေပေးတာက ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို ပိုခိုင်မာစေသလို ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ်လည်း ပေါ်လွင်စေပါတယ်။ အလုပ်မှာ လက်တွဲဖော်တွေကို သင်ပြပေးတာ၊ စီးပွားရေးမှာ ဝန်ထမ်းတွေ ဒါမှမဟုတ် ဖောက်သည်တွေကို အကြံဉာဏ်ပေးတာက ကိုယ့်ရဲ့အောင်မြင်မှုကို ဆထက်ထိုင်မက တိုးပွားစေပါတယ်။



 ကိုယ်က ရာထူးတိုးဖို့ ကြိုးစားနေတာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားရေး ချဲ့ထွင်နေတာပဲဖြစ်ဖြစ် အောင်မြင်မှုရဲ့ အခြေခံတွေကတော့ အတူတူပါပဲ။ အဲဒါတွေကတော့ ကျွမ်းကျင်မှု၊ ဂုဏ်သတင်း၊ ဆက်ဆံရေး၊ တာဝန်ယူမှုနဲ့ ပြန်လည်မျှဝေခြင်း တို့ပဲ ဖြစ်ပါတယ်။ ဒီအချက် (၅) ချက်ကို စွဲစွဲမြဲမြဲ ကျင့်သုံးသွားမယ်ဆိုရင် ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်တွေကို ရောက်မယ့်အပြင် အခြားသူတွေအတွက်ပါ အကျိုးရှိတဲ့ အောင်မြင်မှုမျိုးကို ပိုင်ဆိုင်နိုင်မှာပါ။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page