ရေရှည်လား၊ ရေတိုလား? ဘယ်ရင်းနှီးမြုပ်နှံမှုက ပိုပြီး ချမ်းသာစေသလဲ။
- 2 hours ago
- 1 min read

ရင်းနှီးမြှုပ်နှံမှု လုပ်တော့မယ်ဆိုရင် လူတော်တော်များများ တွေးလေ့ရှိတာက "ချက်ချင်းအမြတ်ရမယ့်ဟာကို လုပ်ရမလား၊ ဒါမှမဟုတ် အကြာကြီး စောင့်ရမလား" ဆိုတာပါပဲ။ တကယ်တော့ ဒီအဖြေက ကိုယ် investment လုပ်တဲ့ပိုက်ဆံပမာဏ အပေါ်မှာတင် မူတည်တာမဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်ရှည်မှုနှင့် ချမှတ်ထားတဲ့ ပန်းတိုင်အပေါ်မှာလည်း မူတည်ပါတယ်။

၁။ ရေတို ရင်းနှီးမြှုပ်နှံမှု (Short-Term Investment)
ဒါကို Quick Win (အမြန်အမြတ်ရနည်း) လို့ ခေါ်နိုင်ပါတယ်။ ငွေစုစာအုပ်တွေ၊ သက်တမ်းတို အပ်ငွေတွေနဲ့၊ ခဏလေးအတွင်း ပြန်ရောင်းမယ့် Stock ရှယ်ယာတွေတို့ - အစရှိတဲ့နည်းလမ်းက ဒီအုပ်စုထဲမှာ ပါပါတယ်။
အားသာချက်: ပိုက်ဆံကို လိုအပ်တဲ့အချိန်မှာ ချက်ချင်း ပြန်ထုတ်ယူရလွယ်ကူပါတယ်။ကံကောင်းရင် အကျိုးအမြတ်များများကို အချိန်တိုအတွင်းရတတ်တယ်။
အားနည်းချက်: အမြတ်နည်းတတ်ပြီး ဈေးကွက်အတက်အကျကြောင့် စိတ်ဖိစီးမှု များနိုင်ပါတယ်။ တခါတရံ အရှုံးနဲ့လည်း ရင်းဆိုင်ရနိုင်ပါတယ်။
ကံကောင်းရင် အကျိုးအမြတ်များများကို အချိန်တိုအတွင်းရတတ်ပေမဲ့ သေချာ ခိုင်မာမှုတော့မရှိပါဘူး။
ရေတိုအတွက်တော့ ကောင်းပေမဲ့ တကယ့်သူဌေးဖြစ်ဖို့အတွက်တော့ ဒါက မလုံလောက်ပါဘူး။
ရရှိတဲ့ အမြတ်ကိုလည်း short term capital gain tax ပေးရတဲ့ အတွက် အခွန်ကုန်ကျစရိတ်ပိုများပါတယ်။

၂။ ရေရှည် ရင်းနှီးမြှုပ်နှံမှု (Long-Term Investment)
ဒါကတော့ "အချိန်ကို အသုံးချပြီး အကျိုးအမြတ်တွေရယူတာ" ဖြစ်ပါတယ်။ ရှယ်ယာတွေ၊ အိမ်ခြံမြေတွေ ဒါမှမဟုတ် ပင်စင်အတွက် စုဆောင်းတာမျိုးကို နှစ်ပေါင်းများစွာ (ဆယ်စုနှစ်နဲ့ချီပြီး) ကိုင်ထားတာမျိုးပါ။
အားသာချက်: အချိန်ကြာလာတာနဲ့အမျှ "အတိုးပေါ် အတိုးဆင့် (Compounding Effect)" ရဲ့ အစွမ်းကြောင့် သင့်ပိုက်ဆံက အဆမတန် တိုးပွားလာပါလိမ့်မယ်။ ဈေးကွက်က ဒီနေ့တက်၊ မနက်ဖြန်ကျနေပါစေ၊ နှစ်ပေါင်းများစွာ စောင့်နိုင်ရင် အရှုံးမရှိသလောက်ပါပဲ။
စျေးကွက် အပြောင်းအလဲ အတက်အကျတွေကို နေ့စဉ် စောင့်ကြည့်စရာမလိုတဲ့ အတွက် အလုပ်များတဲ့ Busy professionals တွေအတွက် သင့်တော်ပါတယ်။
အားနည်းချက်: ကိုယ် ရရှိတဲ့ အမြတ်ကို ချက်ချင်း ထုတ်သုံးလို့ မရတဲ့ရေရှည် ရင်းနှီးမြှုပ်နှံမှု ဖြစ်တဲ့အတွက် ငွေ ချက်ချင်းလိုတဲ့ အခါ အခက်အခဲရှိနိုင်ပါတယ်။
ရင်းနှီးမြှုပ်နှံမှု တစ်ခုတည်းကို အားထားပြီး လုပ်လို့မရပါဘူး။ နေ့စဉ် ပုံမှန်ဝင်ငွေရတဲ့ အလုပ်ရှိဖို့ လိုပါတယ်။

ဘယ်ဟာက ပိုပြီး ကြွယ်ဝချမ်းသာစေသလဲ။
သမိုင်းကြောင်းအရ ကြည့်မယ်ဆိုရင် စိတ်ရှည်သူတွေကပဲ အမြဲတမ်း အနိုင်ရပါတယ်။ ရေရှည်ရင်းနှီးမြှုပ်နှံမှုဟာ ရေတိုထက် ပိုပြီး အမြတ်များများ ပေးနိုင်တာကို တွေ့ရပါတယ်။ အခွန်ပေးရသက်သာတယ်။ နည်းနည်းချင်းစီ မှန်မှန်ရင်းနှီးသွားခြင်းက သင့်ကို နောက်ဆုံးမှာ Financial Freedom လို့ခေါ်တဲ့ ငွေကြေး လွတ်လပ်ခွင့် သေချာပေါက် ရစေမှာပါ။
အနှစ်ချုပ်ပြောရရင် ကိုယ့်မှာ မကြာခင်သုံးဖို့ လိုအပ်တဲ့ ပိုက်ဆံအတွက် ရေတိုရင်းနှီးမြှုပ်နှံမှု နည်းလမ်းကို သုံးပါ။ ဒါပေမဲ့ တကယ့်ကြီးပွားချမ်းသာမှုကို လိုချင်ရင်တော့ ရေရှည် ရင်းနှီးမြှုပ်နှံမှုကို ရွေးချယ်ပါ။ စည်းကမ်းရှိရှိနဲ့ အချိန်ပေးပြီး ရင်းနှီးမြှုပ်နှံထားမယ်ဆိုရင် အနာဂတ်မှာ သင့်ကိုယ်သင် ကျေးဇူးတင်နေပါလိမ့်မယ်။



Comments