ချမ်းသာတယ်လို့မထင်ရတဲ့ တကယ့်သူဌေးတွေရဲ့ အလေ့အကျင့် (7) ခု
- arkar tm
- 3 hours ago
- 2 min read

တကယ်ကိုငွေကြေးဥစ္စာတွေကြွယ်ဝပြီး ချမ်းသာတဲ့သူတွေက အပေါ်ယံကြည့်လိုက်ရင် ချမ်းသာတဲ့ပုံစံမပေါ်ဘူးနော်။ သူတို့က ဈေးကြီး Designer Clothing တွေကို တောက်တောက်ပြောင်ပြောင်တွေမဝတ်ပြဘူး၊ တန်ဖိုးကြီး ပြိုင်ကားတွေကိုလဲ စီးပြမနေဘူး၊ သူတို့ ဘာဝယ်လာတာ ဘယ်လိုပစ္စည်းတွေပိုင်ဆိုင်တာနှင့်လဲ လူတိုင်းကို လိုက်ကြွားမနေဘူး။ တကယ်ကိုချမ်းသာတဲ့သူတွေက စည်းစနစ်ကျကျနှင့် တိတ်တိတ်ဆိတ်ဆိတ် ငွေကြေးဥစ္စာတွေကို ရှာဖွေစုဆောင်းတယ်၊ ရေရှည်ကိုကြည့်ပြီးတော့ သူတို့အတွက်တကယ့် အမြတ်အစွန်းထွက်မယ့် အရာတွေမှာသာ Investment လုပ်တယ်။ ဒါကြောင့်မလို့ သူတို့ဟာ Financial Freedom ကို ပြည့်ပြည့်ဝဝပိုင်ဆိုင်ထားပြီးတော့လိုလေသေးမရှိတဲ့ အေးချမ်းသာယာတဲ့ဘဝကို ဖန်တီးနိုင်ခဲ့ကြတယ်။ ဒီလို တကယ်ချမ်းသာတဲ့ Quietly Wealthy Person တွေတိုင်းမှာ တူညီတဲ့ အလေ့အကျင့် (7) မျိုးရှိကြတယ်။ ဒါတွေကတော့
(1) သူတို့ရဲ့စီးပွားရေးကို auto လည်ပါတ်စေတယ်
တိတ်တိတ်ဆိတ်ဆိတ်နဲ့ ချမ်းသာတဲ့သတဲ့သူ တွေမှာ အရမ်းကိုစနစ်ကျတဲ့ ငွေကြေးစီးဆင်းမှု System ရှိတယ်။ သူတို့က သူတို့ရဲ့ငွေတွေကို Saving ထဲ၊ Investment တွေထဲ၊ ပြီးတော့ bills နှင့် emergency funds တွေထဲကို အချိုးကျဘယ်လိုသွားမယ်ဆိုတာ လစဉ်တိုင်းအတွက် စီစဉ်ထားပြီးသားဖြစ်တယ်။ သူတို့က ငွေကြေးကိုရင်းနှီး၊ ငွေကိုပဲအလုပ်လုပ်ခိုင်းပြီး ရလာတဲ့အမြတ်တွေကို ထပ်ပြီးတိုးပွါးအောင် Investment တွေထဲကိုထည့်တယ်။ ပြီးတော့ သူတို့ရဲ့ စီးပွါးရေး system တွေကို သူတို့အိပ်နေရင်တောင်၊ သူတို့ဝင်မပါ အလုပ်မလုပ်ရင်တောင် ပုံမှန်လည်ပါတ်ပြီး အမြတ်အစွန်းတွေရနေအောင်လို့ သေသေချာချာစီစဉ်ဖန်တီးထားကြတယ်။
(2) သူတို့က ဈေးနူန်းကိုမကြည့်ဘူး၊ တန်ဖိုးကိုပဲကြည့်တယ်။
ဆိုလိုတာက သူတို့က ပစ္စည်းတစ်ခုခုကိုဝယ်မယ်ဆိုရင် ပစ္စည်းရဲ့တန်ဖိုးထက် ဒီပစ္စည်းက ပြန်ရမယ့် အကျိုးအမြတ်ကိုပဲကြည့်တယ်။ Liability ဖြစ်မယ့် ဝယ်ပြီးခဏနေဈေးတွေကျသွားမယ့်စျေးကြီးပြိုင်ကားနှင့် ဈေးကြီး fashion items တွေထက် အကျိုးအမြတ်တွေကောင်းကောင်းပြန်ပေးမယ့် Assets တွေဖြစ်တဲ့ အိမ်ခြံမြေနှင့် လုပ်ငန်းအတွက် လိုအပ်တဲ့စက်ပစ္စည်းလိုအရာတွေကို သာဦးစားပေးဝယ်ယူကြတယ်။ ပြီးတော့ ဇိမ်ခံပစ္စည်းတွေနှင့် စက်ပစ္စည်းတွေကို ဝယ်ယူရင်တောင်မှ တကယ့်ရေရှည်အသုံးခံမယ့်ပစ္စည်တွေကိုပဲ ဈေးကောင်းပေးပြီးဝယ်သုံးကြတယ်။

(3) သူတို့က Income ထက် Net Worth ကိုပဲအလေးထားတယ်။
ဝင်ငွေဘယ်လောက်များများ ထွက်ငွေလဲများနေရင် ဘာမှမထူးပါဘူး ။ ဒါကြောင့် တကယ့်သူဌေးတွေက သူတို့ဝင်ငွေဘယ်လောက်ရှိလဲထက် ဒီဝင်ငွေတွေကပေးတဲ့ အသားတင်ပိုင်ဆိုင်မှုဘယ်လောက်ရှိလဲကို အဓိကထားကြပါတယ်။ သူတို့မှာ အိမ်ခြံမြေတွေဘယ်လောက်ပိုင်ဆိုင်ထားတယ်၊ Stock share တွေဘယ်လောက်ရှိတယ်၊ ဘယ်လို အောင်မြင်တဲ့ Business တစ်ခုကိုပိုင်ဆိုင်ထားတယ် အစရှိတဲ့ ရေရှည်မှာ တန်ဖိုးတွေပြန်ပေးမယ့် အရာတွေကိုသာ ဂရုစိုက်ကြပါတယ်။ သူတို့က ဝင်ငွေနည်းပေမယ့် များများစုနိုင်သူက ဝင်ငွေများပြီး မစုဆောင်းတတ်သူထက် ပိုချမ်းသာတယ်ဆိုတာကို နားလည်ထားကြတယ်။
(4) သူတို့က ရေရှည်ကိုပဲကြည့်ကြတယ်
တိတ်တိတ်ဆိတ်ဆိတ်နဲ့ ချမ်းသာတဲ့သူတွေက ခဏတာအကျိုးအမြတ်တွေနှင့် short term lifestyle upgrade တွေကို စိတ်မဝင်စားကြပါဘူး။ သူတို့က ရေရှည်မှာ အကျိုးအမြတ်ပေါ်ကို ထပ်ပြီးကြီးပွားစေမယ့် compound interest လိုမျိုး၊ ငွေကြေးထပ်ဆင့်တိုးပွားမှုလိုမျိုး အရာတွေကိုသာ ဦးစားပေးကြပါတယ်။ ဒီလိုရေရှည်ကိုသာ ကြည့်တတ်ကြလို့ သူတို့ ရဲ့ ကြွယ်ဝမှုတွေက ပိုပြီး မြန်မြန်တိုးပွါးလာတာ ဖြစ်ပါတယ်။ ရေရှည်မှာ စျေးတက်နိုင်တဲ့ Cryptocurrency နဲ့ ငွေကြေးထက် တန်ဖိုးပိုရှိတဲ့ Gold/ Silver အစရှိတာတွေမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြတယ်။

(5) သူတို့က ဝင်ငွေလမ်းကြောင်းသုံးလေးခုကိုတည်ဆောက်တယ်
လျှို့ဝှက်စွာချမ်းသာနေတဲ့သူတွေဟာ ဝင်ငွေလမ်းကြောင်းတစ်ခုတည်းကို အားမကိုးကြဘူး။ သူတို့မှာ စီးပွားရေးလမ်းကြောင်းသုံးလေးခုကို တစ်ပြိုင်နက်တည်း run ထားကြတယ်။ ဥပမာ အိမ်ခြံမြေရင်းနှီးမြုပ်နှံထားရင်း ၊ အိမ်ခြံအငှားတွေထားတာ၊ Stock share တွေမှာရင်းနှီးမြုပ်နှံထားရင်းက Mortgage Note Investment တွေပါလုပ်ထားတာ၊ အစရှိတဲ့ ဝင်ငွေလမ်းကြောင်းသုံးလေးခုကို တပြိုင်နက်တည်း ဖန်တီးထားကြတယ်။ ဒါက ကိုယ့်ရဲ့ ချမ်းသာကြွယ်ဝမှုကို ပိုမြန်မြန်ဆန်ဆန် ဖွံ့ဖြိုးစေတဲ့အပြင် လုပ်ငန်းတစ်ခုမှာ အဆင်မပြေတဲ့အချိန်မှာ နောက်လုပ်ငန်းတစ်ခုနှင့် ဝင်ငွေမပျက်ရပ်တည်နိုင်စွမ်းရှိကြပါတယ်။
(6) သူတို့မှာ Lifestyle Inflation မရှိဘူး။
ချမ်းသာသူတွေက သူတို့ Income တွေဘယ်လောက်ပဲတိုးပွါးလာပါစေ သူတို့ရဲ့ ကုန်ကျစရိတ်တွေက ပိုများမလာစေပါဘူး။ သူတို့က ဘယ်လောက်ပဲငွေရှိရှိ သူတို့ရဲ့နေ့စဉ်နေထိုင်မှုနှင့်ဘဝကို ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းကြတယ်။ သူတို့က lifestyle upgrade လုပ်မယ်ဆိုရင်တောင် တဖြေးဖြေးခြင်းနှင့်upgrade လုပ်တယ်၊ ရည်ရွယ်ချက်ရှိရှိနှင့်ရေရှည် စဉ်းစားတယ်၊ ပြီးတော့ အဲဒီ့ upgrade အတွက်ကြောင့် သူတို့ရဲ့စီးပွါးရေးနှင့် ငွေဝင်တွေကို အထိအခိုက်မခံဘူး။ သူတို့က မလိုအပ်တဲ့ lifestyle ကုန်ကျစရိတ်တွေအကုန်ခံမယ့်အစား Investment တွေအတွက်မှာသာ ဒီငွေတွေကိုအကုန်အကျခံကြတယ်။

(7) သူတို့က သိုသိုသိပ်သိပ်ပဲနေထိုင်တယ်
တကယ်ချမ်းသာသူတွေက သူတို့ဘယ်လောက်ချမ်းသာလဲ၊ ဝင်ငွေဘယ်လောက်ရှိလဲ လူတွေကိုလိုက်ပြောပြမနေဘူး၊ social media တွေမှာ post တွေတင်ပြီး ကြွားဝါမနေကြဘူး။ သူတို့က showing off လုပ်တာထက် security ၊ privacy နှင့် peace ကိုပိုတန်ဖိုးထားကြတယ်။ သူတို့ ချမ်းသာတယ်လို့ လူတွေမသိလေလေ သူတို့ အေးအေးဆေးဆေးပိုနေရလေဖြစ်ပြီးတော့ ဘာ attention ၊ distraction အနှောင့်အယှက်တွေမှမရှိပဲ ပိုတိုးတက်ရာတိုးတက်ကြောင်းတွေကို ငြိမ်းချမ်းစွာပဲ ဆက်လက်လုပ်ကိုင်နိုင်ကြတယ်။

ဒါတွေကတော့ Quietly Wealthy People တိုင်းမှာတွေ့ရှိရတဲ့ တူညီတဲ့ အလေ့အကျင့် (7) မျိုးဖြစ်ပါတယ်။ ဒီအလေ့အကျင့်တွေက သူဌေးတွေမှမဟုတ်ပါဘူး၊ လိုက်နာကျင့်သုံးနိုင်တဲ့ လူတိုင်းအတွက် အကျိုးရှိမယ့် အလေ့အကျင့်ကောင်းတွေဖြစ်ပါတယ်။



Comments