ဘာလို့ Downsizing လုပ်သင့်တာလဲ ?
- arkar tm
- 18 hours ago
- 1 min read

ကိုယ့်လက်ရှိအိမ်ကိုရောင်းပြီး ကုန်ကျစရိတ်ပိုသက်သာတဲ့အိမ်ကိုဝယ်ဖို့၊ Downsizing လုပ်ဖို့အတွက်စဉ်းစားနေတယ်ဆိုရင် အခုပြောပြပေးမယ့် အကြောင်းအရာကိုဖတ်ကြည့်လိုက်ပါ။
အခုအိမ်ပိုင်ရှင်တော်တော်များများဟာ နောက်ထပ်အိမ်တစ်လုံးကို Mortgage Loan ယူစရာမလိုပဲ ဝယ်ယူနိုင်လာကြပါတယ်။ ကိုယ်ကလဲ အိမ်တစ်လုံးကိုပိုင်ဆိုင်ထားတာတော်တော်ကြာပြီဆိုရင် သူတို့လိုမျိုး လုပ်ဖို့အတွက်အဆင်ပြေနိုင်ပါတယ်။
လက်ရှိ U.S မှာ အိမ်ပိုင်ရှင် 10 ယောက်ထဲက 4 ယောက်ဟာ mortgage free homeowners တွေဖြစ်နေကြပြီ။ ဒါဟာ တစ်နိုင်ငံလုံးက အိမ်ပိုင်ရှင်လူဦးရေရဲ့40% လောက်ဖြစ်ပြီး၊ U.S အိမ်ခြံမြေသမိုင်းကြောင်းမှာ အမြင့်မားဆုံးပမာဏဖြစ်တယ်လို့ ResiClub data မှတ်တမ်းကဖော်ပြထားခဲ့ပါတယ်။

ဒီလို Trend ဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းကတော့ Baby Boomers လို့ခေါ်တဲ့ 1946 ကနေ 1964 ခုနှစ်ကြားမှာ မွေးဖွားခဲ့တဲ့ generation ဟာ သူတို့အိမ်စဝယ်တဲ့ကာလကနေပြီးတော့ အိမ်အပြောင်းအလဲတွေမလုပ်ပဲ Mortgage တွေကျေတဲ့အထိ ဒီအိမ်မှာပဲ ရေရှည်နေထိုင်ကြလို့ဖြစ်ပါတယ်။ ကိုယ်ကလဲ ဒီ generation ထဲမှာပါတယ်၊ အိမ်ကိုဝယ်ထားတာလဲ ကြာပြီဆိုရင် အခုအချိန်မှာ ကိုယ်အိမ်အသစ်ဝယ်ဖို့ Buying Power တွေအများကြီးရှိနေပါပြီ။
ကိုယ့်အိမ်က Mortgage တွေကျေသွားပြီ ဒါမှမဟုတ်ကျေခါနီးနေပြီဆိုရင် ကိုယ့်အိမ်ရဲ့ Equity ကလဲတော်တော်လေးမြင့်မားနေပါပြီ။ ဒီလိုဆိုရင် ကိုယ့်ရဲ့အိမ်ကိုရောင်းပြီး ဒီ့ထက်ပိုဈေးသက်သာတဲ့အိမ်ကို cash down ဝယ်နိုင်ပါပြီ။ ဒီလို ဝယ်လိုက်ခြင်းအားဖြင့် ကိုယ့်အိမ်ရဲ့ အထွေထွေစရိတ်တွေ၊ ပြုပြင်ထိမ်းသိမ်းခတွေ ပိုသက်သာသွားနိုင်တဲ့အပြင် အိမ်ဝယ်လို့ကျန်တဲ့ပိုငွေတွေက ကိုယ့်အငြိမ်းစားဘဝအတွက် အကျိုးရှိတဲ့ cash flow တစ်ခုကိုပါ ရရှိစေမှာဖြစ်ပါတယ်။
ပြီးတော့ နောက်အိမ်ဝယ်တဲ့အခါမှာလဲ Cash Down ပေးပြီး ဝယ်နိုင်တာဖြစ်လို့ Mortgage Loan နှင့် ဝယ်ရတုန်းကလိုမျိုး အလုပ်မရှုပ်တော့ပဲ လွယ်လွယ်ကူကူနှင့်ပြီးစီးသွားပါမယ်။
John Burns Research and Consulting (JBREC) နှင့် Keeping Current Matter (KCM) တို့ရဲ့နောက်ဆုံးထွက် Data Survey တွေအရ အိမ်တွေကို Cash Down ပေးချေပြီးဝယ်ယူသူပမာဏဟာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် ပိုပိုပြီး တိုးများလာနေတယ်လို့ သိရှိရပါတယ်။

Downsizing ဆိုတာကိုယ်နေမယ့်အိမ်ကို Downgrading လုပ်တာမဟုတ်ပါဘူး။ဒါက ကိုယ့်အတွက် စရိတ်တွေပိုသက်သာစေမယ့် ပိုသေးတဲ့အိမ်မှာ၊ Mortgage တွေ အကြွေးတွေလွတ်ကင်းတဲ့ အေးအေးချမ်းချမ်း ဘဝတစ်ခုဖန်တီးနိုင်မယ့် Financial Strategy တစ်ခုပဲဖြစ်ပါတယ်။
ကိုယ်ကလဲ ဒီလို Downsize လုပ်ပြီး Cashနှင့် အိမ်ဝယ်နိုင်သူဆိုရင် ကိုယ့်ဘဝရဲ့ ရှေ့ခရီးလမ်းကို ပိုပြီးကောင်းမွန်အောင် စီစဉ်ရေးဆွဲနိုင်မယ့်အခွင့်အရေးရှိပါတယ်။
ဒါကြောင့်ကိုယ့်မှာ Downsizing လုပ်ဖို့အစီအစဉ်ရှိတယ်ဆိုရင် ကိုယ်ယုံကြည်စိတ်ချရတဲ့ Real Estate တစ်ယောက်နှင့် ဆက်သွယ်ပြီးတော့ ကိုယ့်အိမ်ကိုဘယ်လိုရောင်းမလဲ၊ နောက်အိမ်ကိုဘယ်လိုဝယ်ကြမလဲဆိုတာ ဆွေးနွေးတိုင်ပင်ပြီး အကောင်အထည်ဖော်သင့်ပါတယ်။



Comments