top of page

စိတ်ရှည်ရှည်ထိုင်‌စောင့်နေတာထက် ဈေးကောင်းကောင်းသတ်မှတ်တာက အိမ်အမြန်ရောင်းထွက်စေမှာပါ။

  • Writer: arkar tm
    arkar tm
  • Nov 25, 2025
  • 1 min read


ဈေးကွက်ပေါ်ကိုအိမ်အရောင်းတင်ထားပြီး perfect buyer ရောက်လာဖို့အတွက် ထိုင်စောင့်နေတဲ့ အိမ်အရောင်း strategy က လက်ရှိကာလမှာ အလုပ်မဖြစ်တော့ပါဘူး။ ခုခေတ်မှာ အိမ်တစ်လုံးရောင်းထွက်ဖို့က အချိန်တွေပိုပြီးကြာလာပါပြီ၊ အရောင်းစတင်တဲ့ရက်ကနေ ပျှမ်းမျှရက် 60 လောက်အထိကြာတတ်ပါတယ်။  အရင်နှစ်နှင့် ယှဉ်ကြည့်လိုက်မယ်ဆိုရင် 7 ရက်လောက်ပိုပြီးကြာလာတာကိုတွေ့ရပါတယ်။ ဒါက လက်ရှိဈေးကွက်မှာ တိုးများလာတဲ့ Inventory တွေနှင့်  အတူပြောင်းလဲလာတဲ့ buyers behavior တွေကြောင့်ဖြစ်ပါတယ်။

အရင်နှစ်တွေတုန်းက အိမ်ရောင်းသူတွေက သူတို့စိတ်ကြိုက်ဈေးနူန်းတွေသတ်မှတ်ပြီး ရောင်းရင်တောင် buyers အများအပြားက offer တွေအပြိုင်အဆိုင်လာပေးတတ်ကကြပါတယ်။ အခုအချိန်မှာတော့ ဈေးကွက်အနေအထားတွေပြောင်းခဲ့သွားပါပြီ၊ listing price တွေက တပြေးညီဈေးတွေဖြစ်ကုန်ပြီး buyers တွေကလဲ price sensitive တွေဖြစ်လာကြပါပြီ။ 



သင့်အိမ်ကို market average price ထက်နည်းနည်းလေးပိုတင်ရောင်းမိလိုက်ရင်တောင် အိမ်ဝယ်မယ့်သူတွေက စိတ်မဝင်စားတော့ပဲ ကျော်သွားကြမှာဖြစ်ပါတယ်။ buyers တွေအတွက် ရွေးချယ်စရာတွေများပြားနေတဲ့အချိန်ဖြစ်နေတာမလို့ပါ။ 

ဒါကြောင့် အိမ်အရောင်းမထွက်ဘူးဆိုရင် ကိုယ့်အိမ်ရဲ့ရောင်းဈေးက ဖြစ်သင့်တာထက်ပိုများနေလားဆိုတာ အောက်ပါအချက်တွေနှင့်လိုက်ပြီး သုံးသပ်ကြည့်သင့်ပါတယ်။


(1) သင့်အိမ်ကိုလာကြည့်တဲ့သူတွေ အရမ်းနည်းနေတယ်။


(2) အဝယ် offer လာမပေးကြဘူး၊ လာပေးတော့လဲ ဈေးနှိမ်တဲ့ lowball offer တွေဖြစ်နေတယ်။


(3) အိမ်လာကြည့်တဲ့သူတွေကလဲ Negative Feedback တွေပေးပြီးပြန်သွားကြတယ်။


(4) သင့်အိမ်က တခြားပါတ်ဝန်းကျင်ကအိမ်တွေထက် အရောင်းထွက်ချိန်နောက်ကျနေပြီ။


အစရှိတဲ့အချက်တွေက ကိုယ့်အိမ်ရောင်းဈေးက ဖြစ်သင့်တာထက်ပိုများနေတယ်၊ ဒါကြောင့် အိမ်လာကြည့်တဲ့သူတွေက ဈေးနူန်းနှင့် အိမ် value မကိုက်ဘူး၊မတန်ဘူးလို့ သတ်မှတ်သွားကြတဲ့ လက္ခဏာတွေဖြစ်တယ်။



သင့်အိမ်အရောင်းမှာ ဒီလိုအချက်တွေကို ကြုံ‌တွေ့နေပြီဆိုရင်တော့ စိတ်ရှည်သည်းခံပြီး အရောင်းထွက်ဖို့ထိုင်စောင့်နေတာက ဘာမှထူးခြားလာမှာမဟုတ်တော့ပါဘူး။ 


ဒီ့အတွက်ကို ဖြေရှင်းနိုင်တဲ့တစ်ခုတည်းသောနည်းလမ်းကတော့ မဖြစ်မနေ အိမ်အရောင်းဈေးကိုပြောင်းလဲပြီး ရောင်းရမှာပဲဖြစ်ပါတယ်။ သင်‌မျှော်မှန်းထားခဲ့သလို ဈေးနူန်းမြင့်မြင့် အမြတ်တွေအများကြီးနှင့်မရောင်းရပေမဲ့လည်း ဒီလိုဈေးနူန်းအသင့်အတင့်နှင့် ပြန်ပြောင်းပြီးရောင်းတာက သင့်အတွက်ဖြစ်သင့်ဖြစ်ထိုက်တဲ့ အကျိုးအမြတ်တွေကို သေချာပေါက်ရစေဦးမှာပါပဲ။ ဘယ်လိုဖြစ်ဖြစ် သင်အိမ်ဝယ်ခဲ့တုန်းကထက် ပိုတဲ့ဈေးနူန်းနှင့်ပဲ ရောင်းရမှာပါ။ဘာလို့လဲဆိုတော့ အိမ်တန်ဖိုးဆိုတာ အချိန်အတိုင်းအတာ တစ်ခုကြာတဲ့ အခါ အမြဲတမ်းတက်နေတာဖြစ်တယ်၊ သင်ဝယ်ထားခဲ့တာကြာခဲ့လေလေ သင့်အတွက်အမြတ်ပိုရလေလေဖြစ်ပါတယ်။


ဒါကြောင့် အိမ်အရောင်းမှာ စိတ်ရှည်သည်းခံပြီးထိုင်စောင့်တာက reliable strategy မဟုတ်ပါဘူး၊ smart pricing ကသာ ထိရောက်တဲ့ selling strategy ဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်က အိမ်ရောင်းတော့မယ်ဆိုရင် ကိုယ့်ရဲ့ ယုံကြည်စိတ်ချရတဲ့ real estate agent နှင့် selling price တစ်ခုကို တိုင်ပင်ပြီးသတ်မှတ်ပါ။ Sitting price မျိုးကို မရွေးချယ်မိပါစေနှင့်။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page