top of page

မြင့်တက်လာတဲ့ Foreclosure အရေအတွက်နှင့် အိမ်ခြံမြေဈေးကွက်ရဲ့အနာဂါတ်

  • Writer: arkar tm
    arkar tm
  • 1 day ago
  • 1 min read
ree

အခုတလော အိမ်ခြံမြေသတင်းခေါင်းစဉ်တွေမှာ အိမ်တွေforeclosure လုပ်ခံရတဲ့နူန်းတွေမြင့်တက်လာတယ်ဆိုပြီး ခဏခဏမြင်မိတွေ့မိကြမှာပါ။ ဒါကြောင့်လူတော်တော်များများက 2008 တုန်းကလို အိမ်ခြံမြေဈေးကွက် crisis ထပ်ဖြစ်လာတော့မှာလားဆိုပြီး စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် U.S ရဲ့ အိမ်ခြံမြေ data survey အဖွဲ့အစည်းဖြစ်တဲ့ ATTOM organization ကတော့ 2008 စီးပွားပျက်ကပ်တုန်းက foreclosure လုပ်ခံရတဲ့သူ၊ distress sale တွေချရောင်းကြတဲ့သူ‌တွေ 9သန်းကျော်ရှိတယ်၊ အခုက foreclosure ဖြစ်တာ 3 သိန်းကျော်ပဲရှိပါသေးတယ်။ ဒါကြောင့် လက်ရှိမှာ foreclosure တွေမြင့်တက်လာတယ်ဆိုရင်တောင် Market Crisis ဖြစ်နိုင်တဲ့ ပမာဏထက် အဆပေါင်းများစွာနည်းတာကြောင့် စိတ်မပူကြဖို့နှင့် အိမ်ခြံမြေဈေးကွက်ပျက်ဖို့အတွက် အလားမလာမရှိကြောင်း ထုတ်ဖော်ကြေညာပေးခဲ့ပါတယ်။


 Foreclosure တွေဖြစ်တတ်တဲ့ ပထမဦးဆုံးလက္ခဏာဟာ Mortgage Delinquency ပါ။ Mortgage Delinquency ဆိုတာဟာ mortgage ငွေ‌ချေးသူတွေက lenders တွေကို လစဉ်mortgage ပြန်ဆပ်ဖို့ ရက် 30 ထက်ပိုပြီးနောက်ကျတဲ့ ချေးငွေအပေါ်တာဝန်ပျက်ကွက်မှု၊ စည်းကမ်းမလိုက်နာမှုကိုခေါ်တာပါ။ 

အခု US ရဲ့ အခြားအိမ်ခြံမြေဈေးကွက်ကျွမ်းကျင်သူတွေကလဲ လက်ရှိ US မှာ Mortgage Delinquency နူန်းဟာ ပုံမှန်အတိုင်းအတာမှာပဲရှိနေတယ်၊ 2008 crisisတုန်းကလို တဟုန်ထိုးတက်လာတာမျိုးမရှိဘူးလို့ ပြောပြပေးခဲ့ကြပါတယ်။ ဒါကလဲ အနာဂါတ်မှာ Market Crisis မဖြစ်နိုင်ဘူးဆိုတဲ့အချက်ကို ပိုပြီးခိုင်မာစေပါတယ်။ 

ree

အထက်ပါ data ဇယားအရ လက်ရှိ Mortgage Delinquency ဖြစ်တာတွေများနေတာ FHA loan ယူထားတဲ့ သူတွေဖြစ်ပါတယ်။ Conventional Loan ယူထားသူတွေနှင့် အခြား Loan တွေကတော့ ပုံမှန် နှုန်းထားအတိုင်းပဲဆက်သွားနေပါတယ်။ ဒါကြောင့် လက်ရှိ နိုင်ငံရဲ့ စီးပွားရေးအခြေအနေ အပြောင်းအလဲတွေက FHA Loan ယူထားတဲ့ Demographic အပေါ်မှာ အဓိက ရိုက်ခတ်ခံရတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ 


အောက်ပါ စစ်တမ်းထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးအနေနှင့် FHA loan ယူထားသူတွေဟာ 12.34 % ရှိတယ်၊ သူတို့အများစုက နိုင်ငံရဲ့တောင်ဖက် State တွေမှာ နေထိုင်ကြတယ်လို့ သိရှိရပါတယ်။ ဒါကြောင့် Mortgage Delinquency အဖြစ်အပျက်တွေနှင့် foreclosure ကိစ္စတွေဟာ အချို့သောပြည်နယ်တွေမှာသာ အရေအတွက်ပိုတိုးနေပြီး နိုင်ငံရဲ့အခြားသောဒေသတွေမှာတော့ ပုံမှန်အနေအထားမျိုးနှင့်ပဲတည်ရှိနေပါတယ်။

ree

ဒါကြောင့် Foreclosure တွေတက်လာပြီလို့ သတင်းတွေမြင်နေရလဲ အိမ်ခြံမြေဈေးကွက်အနာဂါတ်အတွက် စိတ်ပူစရာမလိုပါဘူး။


အကယ်၍သင်က ငွေကြေးအခက်အခဲတွေရင်ဆိုင်နေရတယ်၊ လစဉ် mortgage payment တွေအတွက် struggle လုပ်နေရတယ်ဆိုရင် သင့်အိမ်ကို foreclosure အလုပ်မခံရဖို့အတွက် သင့်ရဲ့ lender ကိုဆက်သွယ်ပါ၊ ပြီးတော့ repayment plan, loan modification တွေရရှိနိုင်ဖို့အတွက် ဆွေးနွေးတိုင်ပင်ပါ။ ဒါ့အပြင် သင်အိမ်ဝယ်ထားတာကြာပြီ equity တွေကောင်းကောင်းရှိနေပြီဆိုရင် လက်ရှိအိမ်ကို ရောင်းချပြီး အမြတ်ငွေပြန်ဖော်နိုင်ပါတယ်။ 


အချုပ်အားဖြင့်ပြောရရင် လက်ရှိမှာ Foreclosure တွေပိုများလာတာမှန်ပါတယ်။ ဒါပေမယ့် Market Crisis ဖြစ်နိုင်ဖို့အလားအလာမရှိပါဘူး။ ကိုယ့်အိမ် foreclosure ဖြစ်နိုင်တဲ့အနေအထားမျိုးရှိရင် အထက်ပါအကြံပေးချက်တွေအတိုင်း ဆောင်ရွက်ကြည့်ဖို့အတွက်တိုက်တွန်းအပ်ပါတယ်။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page