top of page

အိမ်အရောင်းအဝယ်နှေးတာခဏတာသာဖြစ်တယ်

  • Writer: arkar tm
    arkar tm
  • 20 hours ago
  • 1 min read
ree

လက်ရှိအိမ်အရောင်းတွေကျနေတဲ့ကာလမှာ အိမ်ပိုင်ရှင်တွေတော်တော်များများက သူတို့အိမ်တွေကိုဈေးကွက်ကနေပြန်ထုတ်ပြီးအရောင်းတွေပိတ်နေကြပါတယ်။ Realtor.com က လက်ရှိဈေးကွက်ပေါ်မှာ new listing လုပ်လာတာ အိမ် 100 ရှိရင် နဂိုအရောင်းတင်ထားတဲ့ထဲက 21 အိမ်လောက်က ဈေးကွက်ကနေ remove လုပ်သွားကြတယ်လို့ ပြောပြခဲ့ပါတယ်။ သင့်အိမ်မရောင်းရလို့ ဈေးကွက်ထဲကနေပြန်ထုတ်ပြီး အရောင်းနားထားခဲ့တယ်ဆိုရင် ဒီလိုလုပ်ခဲ့တာသင်တစ်ယောက်တည်းမဟုတ်ပါဘူး၊ အိမ်ပိုင်ရှင်တော်တော်များများက ဒီလိုပြန်ထုတ်နေကြတာပါပဲ။ တစ်ခုသိထားသင့်တာကတော့ အိမ်အရောင်းတွေနှေးတာဟာ အိမ်ခြံမြေလောကရဲ့ ခဏတာ အခြေအနေတစ်ခုမျှသာဖြစ်တယ်လို့ History Record တွေကဖော်ပြပေးနေပါတယ်။

1980ခုနှစ် ပါတ်ဝန်းကျင်မှာ Mortgage Rate တွေ 18% အထိထိုးတက်လာခဲ့လို့ အိမ်အရောင်းအဝယ်တွေရပ်တန့်ခဲ့တယ်၊ ဒါပေမယ့် Mortgage Rate တွေကျသွားတာနှင့်တပြိုင်နက်ပဲ အိမ်အရောင်းအဝယ်တွေပြန်ထောင်တက်လာခဲ့တယ်။ 

ree

2008ခုနှစ်မှာ US Financial Crisis ကြောင့် အိမ်ဈေးနှင့် အရောင်းအဝယ်တွေတော်တော်ထိခိုက်ကျဆင်းခဲ့တယ်၊ ဒါပေမယ့် စီးပွါးရေးတည်ငြိမ်သွားတဲ့အချိန်မှာ အိမ်ဈေးတွေပြန်တက်ပြီး အိမ်ခြံမြေအရောင်းအဝယ်တွေပုံမှန်ပြန်တက်လာတယ်။


2020ခုနှစ်မှာ Covid Pandemic ကြောင့် ချက်ချင်းအိမ်အရောင်းအဝယ်တွေရပ်တန့်ကုန်တယ်၊ ဒါပေမယ့် အချိန်ခဏအတွင်းမှာပဲ အရောင်းအဝယ်တွေပုံမှန်ပြန်လည်ပါတ်ခဲ့တယ်။

ဒီ သမိုင်းအထောက်အထား တွေကိုကြည့်ချင်းအားဖြင့် စျေးကွက် ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အိမ်ခြံမြေအရောင်းအဝယ်က အချိန်တန်ရင် ပြန်တက်လာတာပဲ ဆိုတာကိုသိနိုင်ပါတယိ။


လက်ရှိဈေးကွက်အနေအထားက Mortgage rate တွေတက်နေပြီး အိမ်ဈေးတွေပါတပြိုင်နက်တည်း ပိုတက်လာတာကြောင့် Affordability တွေကျဆင်းခဲ့တယ်။ အိမ်ဝယ်နိုင်တဲ့လူ‌တွေ တဖြည်းဖြည်းနည်းပါးလာပြီး demand လျောနည်းလာတာကြောင့် အရင်ကထက် အိမ်အရောင်းအဝယ်တွေ ပိုပြီးကျဆင်း‌လာခဲ့ပါတယ်။ ဝယ်မဲ့သူတွေတော်တော်များများကလည်း အတိုးနှုန်းကျမဲ့ အချိန်ကိုစောင့်နေကြတယ်။ 


ဒါပေမယ့် Fannie Mae, MBA နှင့် National Association of Realtors (NAR) အဖွဲ့အစည်းတွေရဲ့ ခန့်မှန်းချက်အရဆိုရင် 2026 မှာအိမ်အရောင်းအဝယ်တွေဟာ အရေအတွက် 4.6 millions အထိတက်လာနိုင်တယ်လို့သိရှိရပါတယ်။

ree

အဓိကအချက်ကတော့ Mortgage rate တွေ လျော့ကျလာပြီး လူတွေအိမ်ဝယ်နိုင်အား ပိုကောင်းလာနိုင်တာကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီအချက်က အထက်မှာဖော်ပြခဲ့တဲ့ အိမ်ခြံမြေဈေးကွက်အတက်အကျ cycle တွေလိုပဲ အကျပြီးသွားတော့ အတက်အချိန် ပြန်လာတော့မယ်လို့ ကြိုတင်သုံးသပ်နိုင်ပါတယ်။ 


ဒါကြောင့်သင့် အိမ်ကိုဈေးကွက်ထဲနေအရောင်းပြန်ချထားတာပဲဖြစ်စေ၊ အရောင်းပြန်ချဖို့အတွက်စဉ်းစားနေတာပဲဖြစ်စေ သိပ်မကြာခင်မှာအိမ်အရောင်းတွေပြန်ကောင်းလာနိုင်မယ်ဆိုတာကိုကြိုတွေးထားပြီးတော့ စီစဉ်စရာရှိတာတွေကိုစီစဉ်ထားဖို့တိုက်တွန်းချင်ပါတယ်။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page