တကယ့်လက်တွေ့မှာ သင့်အိမ်တန်ဖိုးဘယ်လောက်တက်သွားပြီလဲ ?
- arkar tm
- 4 days ago
- 1 min read

သင့်ရဲ့အိမ်ဟာ သင့်ပိုင်ဆိုင်ပိုင်ဆိုင်မှုတွေအားလုံးထဲက အကြီးဆုံး financial assets တစ်ခုဖြစ်ပြီး ဒီအိမ်ကိုပိုင်ဆိုင်ထားတာ နှစ်အတော်ကြာပြီဆိုရင် သင့်အိမ်ရဲ့တန်ဖိုးက ထင်ထားတာထက်ကို ပိုများနေနိုင်ပါတယ်။
ကိုယ့်အိမ်ကပေးတဲ့ ကိုယ့်အတွက် ကြွယ်ဝချမ်းသာမှု equity ဆိုတာဟာ အိမ်ရဲ့ လက်ရှိပေါက်ဈေးနှင့် ပေးဖို့ကျန်နေသေးတဲ့ mortgage ကြားက ကွာဟချက်ကိုခေါ်တာပါ။ သင့်ရဲ့ equity က သင် mortgage တွေပေးနေရတဲ့အချိန်အတွင်းမှာ ဈေးတက်လာတဲ့ အိမ် value နှင့်အညီ တဖြေးဖြေးတိုးပွားနေပါတယ်။
ဥပမာ သင့်ရဲ့အိမ်က လက်ရှိမှာ $500,000 တန်တယ်၊ သင်ပေးဖို့ကျန်တဲ့ mortgage က $200,000 ဆိုရင် သင့်မှာအခုလက်ရှိ ကြွယ်ဝချမ်းသာမှု equity $300,000 ရှိပါတယ်။
လက်ရှိကာလမှာ Home Owner တိုင်းနီးပါး equityအနေနှင့် ပျှမ်းမျှ $302,000 ပိုင်ဆိုင်ထားကြပါတယ်။ ဘာကြောင့်လဲဆိုတော့
(1) အိမ်ဈေးတွေတဟုန်ထိုး တက်လာခဲ့ခြင်း
လွန်ခဲ့တဲ့ ငါးနှစ်ကနှင့်ယှဉ်ရင် အခုချိန်မှာ အိမ်ဈေးနူန်းတွေက 54% အထိကို ခုန်တက်သွားခဲ့ပါပြီ။ အခုလိုဈေးကွက်အေးနေတဲ့ကာလ ထဲမှာတောင် သင်က အိမ်ဝယ်ထားခဲ့တာ နှစ်အတော်ကြာပြီဆိုရင် သင်ဟာ ကြွယ်ဝချမ်းသာမှု equity ကောင်းကောင်းတစ်ခုကို တည်ဆောက်ထားနိုင်ခဲ့ပါပြီ။

(2) Homeownership တွေဟာ သက်တန်းပိုရှည်ကြာလာတယ်
ဒီဆယ်စုနှစ်တွေအတွင်းမှာ အိမ်ပိုင်ရှင်တွေဟာ သူတို့အိမ်ကို အရောင်းအဝယ်တွေအပြောင်းအလဲတွေ သိပ်မလုပ်ကြပဲ နှစ်ရှည်လများနေထိုင်လာခဲ့ကြပါတယ်။ ဒါက အိမ်ပိုင်ရှင်တွေဟာ ဈေးကွက်အပြောင်းအလဲတွေ အတက်အကျတွေကို ဂရုမစိုက်ပဲ အိမ်ကိုဝယ်ပြီး
နေထိုင်ခဲ့တာကြာပြီ ၊ ပိုင်ဆိုင်ထားခဲ့တာ နှစ်တွေများနေပြီဆိုတဲ့သဘောပါ။ ဒါက US တစ်နိုင်ငံလုံးအတိုင်းအတာနှင့် Equity တွေကို ကောင်းကောင်း building လုပ်လာခဲ့လူတွေအများအပြားရှိတယ်၊ သင်ကလဲ ဒီလူတွေထဲကတစ်ယောက်ဖြစ်တယ်ဆိုရင် သင့်မှာလဲ equity ကောင်းကောင်းတစ်ခုပိုင်ဆိုင်ထားပါပြီ။

သင်တည်ဆောက်ခဲ့တဲ့ equity ဟာ သင့်အတွက် အိမ်ခြံမြေအသစ်တွေဝယ်ယူနိုင်ဖို့၊ လက်ရှိအိမ်ကို တန်ဖိုးပိုမြင့်တက်အောင် ပြင်ဆင်မှုတွေ renovation တွေလုပ်နိုင်ဖို့နှင့် သင်မျှော်မှန်းထားခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် အပြည့်အဝကူညီပေးနိုင်ပါတယ်။
ဒါကြောင့် သင့်အိမ်ရဲ့ လက်ရှိ value ကို တိတိကျကျသိရပြီး ကိုယ်ပိုင်ဆိုင်တဲ့ equity ဘယ်လောက်ရှိနေပြီလဲဆိုတာတွက်ချက်နိုင်ဖို့အတွက် ယုံကြည်စိတ်ချရတဲ့ Real estate agent တစ်ယောက်နှင့်ချိတ်ဆက်ပြီး တိုင်ပင်အဖြေရှာကြည့်လိုက်ပါ။



Comments