Home Sellers တွေအတွက် သိထားသင့်တဲ့ Pricing Psychology
- arkar tm
- 4 days ago
- 1 min read

အိမ်တစ်လုံးကိုရောင်းတဲ့အခါမှာ မှန်ကန်တဲ့ဈေးနှုန်းကို ရွေးချယ်သတ်မှတ်တာက ငွေကြေးဆုံးဖြတ်ချက် တစ်ခုတည်းမဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ နည်းဗျူဟာတစ် ခုပါဖြစ်တယ်လို့ပြောလို့ရပါတယ်။ အိမ်ဝယ်မယ့်သူတွေက listing price တွေကိုကြည့်ပြီး ဘယ်လို စိတ်ခံစားချက်တွေ၊ ယုံကြည်မှုတွေကိုအခြေခံပြီးတော့ ဝယ်မယ့်အိမ်ကိုရွေးချယ်ကြလဲဆိုတာတွေကို နားလည်ခန့်မှန်းတတ်ရင် အပြိုင်အဆိုင် အိမ်အရောင်းတွေကြားထဲမှာ ကိုယ့်အိမ်ကို အမြန်ဆုံးရောင်းထွက်နိုင်ဖို့ strategy တွေချမှတ်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်အိမ်ရဲ့ အနေအထားအပေါ်မှုတည်ပြီး strategic ကျကျ ဈေးနူန်းဘယ်လိုသတ်မှတ်နိုင် မလဲဆိုတာ ကြည့်ကြည့်ရအောင်။
Anchoring Effect ( ပထမဆုံး ဈေးနှုန်းimpression အပေါ်မှာ စိတ်ဝင်စားမှုဆောက်တည်ခြင်း)
ဝယ်သူတွေ အိမ်တစ်လုံးကိုစကြည့်တဲ့အချိန်မှာ သူတို့မြင်တဲ့ဈေးနူန်းက attractive ဖြစ်ရပါမယ်။ ဒါမှ သူတို့ offer ပေးပြီး ဝယ်ဖို့ဈေးနူန်းညှိနှိုင်းတဲ့အခါမှာ ဈေးချပေးလိုက်ရင် ဝယ်သူတွေစိတ်ထဲမှာ လုံးဝတန်တယ်၊ သေချာပေါက်ဝယ်မယ်ဆိုတာမျိုးဖြစ်သွားစေဖို့အတွက်ပါ။ ဒါကြောင့် ကိုယ်က ကိုယ်တကယ်ရောင်းမယ့်ဈေးထက် အရောင်းတင်တဲ့ဈေးကို နည်းနည်းမြှင့်တင်ပါ။ ဈေးက အရမ်းကြီးမြင့်နေရင် ဝယ်သူတွေစိတ်ဝင်စားမှုလျော့သွားနိုင်တာကြောင့် သင့်လျော်ပြီး attractive ဖြစ်အောင် သတ်မှတ်ထားနိုင်ရပါမယ်။
Odd-Even Pricing ( ဈေးပိုနည်းတယ်လို့မြင်အောင် သတ်မှတ်ခြင်း )
990 တို့ ၊ 900 တို့နှင့်ဆုံးတဲ့ဈေးနှုန်းတွေ ဝယ်သူတွေရဲ့
Subconscious စိတ်ထဲမှာ ပိုဆွဲဆောင်မှုရှိတယ်လို့ မြင်ကြပါတယ်။ ဥပမာ $499,000 ကို လူတွေက ဒေါ်လာ ငါးသိန်းနီးပါးလို့ သတ်မှတ်လိုက်တာထက် ဒေါ်လာလေးသိန်းထဲမှာပဲ လို့စိတ်ထဲမှာသတ်မှတ်လိုက်ကြတတ်တယ်၊ တကယ်တမ်းက ဒီစျေးနှုန်းက ဒေါ်လာ ငါးသိန်းထက် $1000 ပဲ ပိုနည်းတာပါ။

Decoy Effect ( တည်ကြက်အစားထိုး ဈေးနှုန်းသတ်မှတ်ခြင်း)
အိမ်ရောင်းတော့မယ်ဆို ကိုယ့်အနီးအနားမှာရှိတဲ့ အခြား ကိုယ့်အိမ်နှင့် ပုံစံတူ အိမ်အရောင်းတွေရဲ့ဈေးနှုန်းတွေကို အရင်လေ့လာစုံစမ်းပါ။ အဲဒီ့အိမ်တွေထက် ကိုယ့်အိမ်ဈေးက ပိုပြီးနည်းနေရင် potential buyers တွေရဲ့ အမြင်မှာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်၊ ပိုပြီးတန်တယ်လို့ သတ်မှတ်တတ်ကြပါတယ်။ ဒီနည်းလမ်းကတော့ ကိုယ့်အနီးအနားမှာရှိတဲ့အိမ်တွေက over pricing တွေဖြစ်နေကြတဲ့အခါမှာ အသုံးပြုသင့်တဲ့ pricing strategy တစ်ခုဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ goal က အိမ်ကိုအမြန်ရောင်းထွက်ဖို့အတွက်ဆိုရင် Odd-Even Pricing အနေနှင့် $499,900 တို့ $599,900 တို့ သတ်မှတ်ပြီး listing တင်ပါ။ ဒါက online မှာရော လက်တွေ့မှာပါ ဝယ်သူတွေ အိမ်လာကြည့်တဲ့ traffic ကိုမြင့်တက်စေပြီး အပြိုင်အဆိုင် offer တွေပေးကြဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

ကိုယ့်ရဲ goal က အမြင့်ဆုံး စျေးနှုန်းနဲ့ ရောင်းဈေးရဖို့အတွက်ဆိုရင် Anchor Price နှင့် listing တင်ပြီး ဝယ်သူတွေ offer ပေးတဲ့အချိန်ကြမှ ပိုပြီး စနစ်ကျတဲ့ နည်းဗျူဟာတွေသုံးပြီး ညှိနှိုင်းပေးဖို့ လိုပါတယ်။
ပုံမှနန်အားဖြင့် ဝယ်သူတွေက
$X99,900 ဈေးနူန်းတွေကို value ရှိတယ်လို့သတ်မှတ်တတ်ကြတယ်၊ ဒါက လူအများစုနှင့်ကိုက်ညီတဲ့ home တွေအတွက် ဒီဈေးနှုန်းမျိုးတွေသတ်မှတ်သင့်တယ်။
$X00,000 လိုဈေးနူန်းမျိုးတွေက premium price ဆိုပြီး ဝယ်သူတွေစိတ်ထဲမှာ ယူဆစေတယ်၊ ဒါက Luxury Properties တွေ listing လုပ်တဲ့အခါသုံးသင့်တယ်။
$X50,000 တို့လိုဈေးနှုန်းတွေကတော့ ဝယ်သူတွေအမြင်မှာ balance ဖြစ်တဲ့ neutral pricing အနေနှင့် ယုံကြည်စေနိုင်ပါတယ်။
ဒါတွေကတော့ အိမ်ရောင်းသူတိုင်းအတွက် သိထားသင့်တဲ့ Pricing Psychology တွေပဲဖြစ်ပါတယ်။ ဒီလို pricing တွေရွေးချယ်နိုင်ဖို့အတွက်က အိမ်ခြံမြေစျေးကွက်ရဲ့ အရောင်းအဝယ် ဗဟုသုတ တွေလိုအပ်ပြီး Local Market Situation တွေကို ကျွမ်းကျင်နေဖို့လိုအပ်ပါတယ်။ကိုယ်က ဈေးကွက် အချိန်ပေးလေ့လာထားတဲ့သူ၊ အိမ်ခြံမြေဈေးကွက်ကို ကျွမ်းကျင်တဲ့သူမဟုတ်ဘူးဆိုရင်တော့ ကိုယ်တိုင်လုပ်တာထက် ယုံကြည်ရတဲ့ Real Estate Agent၊ local market ကိုကျွမ်းကျင်တဲ့ Agent တစ်ယောက်နှင့် ပူးပေါင်းလုပ်ဆောင်တာက ကိုယ့်အတွက်အကောင်းဆုံးပဲဖြစ်ပါတယ်။



Comments