top of page

2024 Presidential Election က အိမ်ခြံမြေဈေးကွက်ကို ဘယ်လိုသက်ရောက်နိုင်လဲ

  • Writer: Arkar Tin Myint
    Arkar Tin Myint
  • Jul 15, 2024
  • 1 min read

Updated: Oct 28, 2024


2024 Election effects on real estate market

US ရဲ့ 2024 Presidential Election ဟာဆိုရင်တဖြည်းဖြည်းနှင့်နီးကပ်လာပါပြီ။ နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေဟာ အိမ်ခြံမြေဈေးကွက် အပေါ်ကိုတိုက်ရိုက်သက်ရောက်မှု့တွေရှိပါတယ်၊ ဘယ်လိုသက်ရောက်မှု့မျိုးတွေကိုကြုံတွေ့နိုင်ရမလဲဆိုတာ ပြောပြပေးသွားချင်ပါတယ်။


အိမ်အရောင်းအဝယ်ရောင်းအဝယ်တွေခဏကျသွားမယ် ၊ ဒါပေမယ့်သိပ်မကြာခင်မှာပြန်တက်လာပါမယ်။


Presidential Election ရှိတဲ့နှစ်တိုင်းရဲ့ နိုဝင်ဘာလပါတ်ဝန်းကျင်မှာ အိမ်အရောင်းအဝယ်တွေနှေးသွားကြတတ်ပါတယ်။ ဒါကတော့ ဝယ်သူတွေရဲ့စိတ်ထဲမှာ ဘယ်သူ သမ္မတဖြစ်လာမလဲ ၊ political situation တွေဘယ်လိုအပြောင်းအလဲရှိလာမလဲ မသေချာသေးလို့ major decisions တွေချဖို့အတွက် အခြေအနေစောင့်ကြည့်တတ်ကြလို့ဖြစ်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲအပြီး နောက်နှစ်တွေမှာ အရောင်းအဝယ်တွေပုံမှပြန်မြင့်တက်လာကြောင်းကို Housing and Urban Development နှင့် National Association of Realtors အဖွဲ့အစည်းတွေရဲ့ data research တွေကဖော်ပြပေးထားပါတယ်။


အိမ်ဈေးတွေက အမြဲမြင့်တက်နေပါတယ်၊ ဘယ်တော့မှကျသွားတယ်ဆိုတာမရှိပါဘူး


အိမ်ခြံမြေတွေဟာ နိုင်ငံရေးနှင့်ဈေးကွက်အခြေအနေအရ ခဏငြိမ်သွား၊ကျသွားတာမျိုးပဲရှိပါတယ်၊အချိန်တန်ရင်ဆက်လက်တက်သွားမြဲပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်က အိမ်ဈေးနူန်းနှင့် လက်ရှိအိမ်ဈေးနူန်းတွေကွာဟသလိုပဲ အနာဂါတ်မှာလည်း အိမ်ဈေးနူန်းတွေအကျမရှိပဲ ဆက်လက်တက်နေဦးမှာပါ။ လွန်ခဲ့တဲ့ ရွေးကောက်ပွဲရှစ်ဆက်မှာ election အပြီးရဲ့ နောက် တစ်နှစ်တိုင်းမှာ အိမ်ဈေးတွေတက်လာခဲ့ကြောင်းကို 

တိကျတဲ့ Historical Data တွေကဖော်ပြထားပါတယ်။


ရွေးကောက်ပွဲမတိုင်ခင်မှာ Mortgage Rates တွေလျော့ကျတတ်ပါတယ်။


Politics နှင့် Mortgage Rate တွေဟာ အမြဲတမ်းဆက်နွယ်မှု ရှိပါတယ်။ ပုံမှန်အားဖြင့် Election Yearရဲ့ ရွေးကောက်ပွဲမတိုင်ခင် ဂျူလိုင်လ ကနေ နိုဝင်ဘာလအထိမှာ mortgage rate တွေဟာပုံမှန်ထက်ကျသွားတတ်ကြောင်းကို Historical Data Research တွေကဖော်ပြထားပါတယ်။ ဒီ 2024 မှာလဲ ဒီလို mortgage rate တွေကျဆင်းလာဖို့အလားအလာရှိတယ် ၊ ရွေးကောက်ပွဲအပြီးမှာ ပုံမှပြန်တက်လာမယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းထားကျပါတယ်။



ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် 2024 Presidential Election ဟာလဲ အခုမှန်းဆထားသလို ယာယီဈေးကွက်အပြောင်းအလဲတွေ ဖြစ်လာစေနိုင်ပြီး၊ ရွေးကောက်ပွဲအပြီးမှာ ပုံမှန်အတိုင်းပြန်တက်လာမယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ 


အိမ်ခြံမြေအရောင်းအဝယ်ကိစ္စတွေမှာ ကိုယ်တိုင်ဆောင်ရွက်တာထက် နားလည်တတ်ကျွမ်းတဲ့ realtor တွေ၊ financial consultant တွေနှင့် ဆွေးနွေးတိုင်ပြင်ပြီးမှသာ ဆုံးဖြတ်ချက်တွေချသင့်ပါတယ်။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page