top of page

အငြိမ်းစားဘဝမှာငွေကြေးပြည့်စုံဖို့အတွက်အခုကတည်းကလုပ်သင့်တဲ့ရင်းနှီးမြုပ်နှံမှု့ (၄)မျိုး

  • Writer: Arkar Tin Myint
    Arkar Tin Myint
  • Jun 13, 2024
  • 1 min read

Updated: Oct 28, 2024


4 Investments plans for retirement


အငြိမ်းစားဘဝအတွက် ဘဝတစ်လျှောက်လုံး လုံခြုံအောင် ငွေကြေးအင်အားတောင့်တင်းနိုင်ဖို့ သင့်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ Social Security က အစားထိုးပေးနိုင်တဲ့ငွေပမာဏက ၄၀% ပဲရှိတာမို့၊ ပိုပြီးပြည့်စုံတဲ့ဘဝမျိုးရဖို့အတွက်ဆိုရင် အခြားငွေဝင်လမ်းကြောင်းတွေရှိဖို့လိုအပ်လာပါပြီ။ အဲ့ဒီအတွက် ဝင်ငွေအာမခံသွင်းထားခြင်း၊ အစိုးရနှင့်ပုဂ္ဂလိကကုမ္ပဏီ Bondများကိုခွဲခြမ်းစိပ်ဖြှာဝယ်ယူထားခြင်း၊ ခွဲခြားရင်းနှီးမြှုပ်နှံမှု့တွေကနေ စုစုပေါင်း အမြတ်အစွန်းပြန်ရမယ့်ရင်းနှီးမြုပ်နှံမှု့များနှင့် အမြတ်ဝင်ငွေရနိုင်မည့် ရှယ်ယာများနှင့် အိမ်ခြံမြေများဝယ်ယူထားခြင်း- ဆိုတဲ့နည်းလမ်း(၄)မျိုးနှင့် သင့်အနာဂတ်အတွက်ပျော်ရွှင်ဖွယ်ရာ အငြိမ်းစားဘဝကို အထောက်အကူပြုနိုင်ပါတယ်။

       အခုကတည်းကစပြီးလုပ်ဆောင်သင့်တဲ့ဝင်ငွေလမ်းကြောင်း ၄ မျိုး

1.    Income annuities (ဝင်ငွေအာမခံသွင်းထားခြင်း)

  • ဘယ်လိုဆောင်ရွက်ရမလဲ: အာမခံကုမ္ပဏီတစ်ခုခုနှင့်နဲ့ စာချုပ်ချုပ်ပြီး ပုံမှန်ဝင်ငွေထဲကနေ အချိန်မှန်မှန် အချိုးကျငွေခွဲသွင်းထားတာဖြစ်ပါတယ်။

  • အကျိုးကျေးဇူးများ: အဲဒီလိုစာချုပ်ချုပ်ထားခြင်းက သင့်အတွက် အာမခံငွေရှိခြင်း၊ အခွန်လွတ်ကင်းလွတ်ခွင့်ကိုရာခိုင်နူန်းများများခံစားခွင့်ရခြင်း၊ မိမိမရှိတော့တဲ့ နောက်မှာလည်း ကျန်ခဲ့တဲ့မိသားစုဝင်တွေကို ဆက်လက်ပံပိုးပေးနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေရနိုင်ပါတယ်။

  • ဘယ်လိုRiskတွေကိုသတိထားရမလဲ: အသက် 59 နှစ်မတိုင်မီ ငွေကြိုတင်ထုတ်ယူခြင်းများဟာ 10% အခွန်ပြစ်ဒဏ် ချမှတ်ခံရနိုင်ပါတယ်၊ မရိုးသားတဲ့ အာမခံကုမ္ပဏီတစ်ခုခုနှင့်ချိတ်ဆက်မိလိုက်ရင် သူတို့ရဲ့ policy တွေမှာလှည့်ကွက်တွေသုံးပြီး ငွေမထုတ်ပေးတော့တာ၊ ပမာနလျှော့ပေးတာမျိုးတွေဖြစ်တတ်ပါတယ်။ 

 

  1. အစိုးရနှင့်ပုဂ္ဂလိကကုမ္ပဏီ Bondများကိုခွဲခြမ်းစိပ်ဖြှာဝယ်ယူထားခြင်း

  2. ဘယ်လိုဆောင်ရွက်ရမလဲ: US မှာ အစိုးရရဲ့ ဘဏ္ဍာတိုက်ချေးငွေစာချူပ်(Treasuries bond)များ၊ စည်ပင်ငွေချေးစာချုပ်(Municipal bonds )များ၊ ကော်ပိုရိတ်ငွေချေးစာချုပ်များ အစရှိတဲ့ bond အမျိုးမျိုးကိုဝယ်ယူထားခြင်း။

  3. အကျိုးကျေးဇူးများ: ပုံမှန်ငွေဝင်ရနေခြင်း၊ ပြန်လည်ရောင်းချလွယ်ကူခြင်း၊ မတူညီတဲ့ရင်းနှီးမြှုပ်နှံမှု့ များကိုတစ်စုတစ်စီးတည်းကိုင်ဆောင်ထားနိုင်ခြင်းကြောင့် bond တစ်ခုအရှုံးပေါ်လဲ အခြားbond တစ်ခုကအမြတ်တွေပေးနေနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေရနိုင်ပါတယ်။

  4. ဘယ်လိုRiskတွေကိုသတိထားရမလဲ: ငွေချေးစာချုပ်အစုစုမှာ စပြီးရေးဆွဲတည်ထောင်ထားတဲ့ အတိုးငွေသတ်မှတ်ချက်တွေက အမြဲတမ်း တသမတ်တည်းရှိမှာဖြစ်တဲ့အတွက် ငွေကြေးဖောင်းပွမှု့ရန်ကနေ ကာကွယ်ထားခြင်းမရှိပါဘူး။

  5. ခွဲခြားရင်းနှီးမြှုပ်နှံမှု့တွေကနေ စုစုပေါင်း အမြတ်အစွန်းပြန်ရမယ့်ရင်းနှီးမြုပ်နှံမှု့များ

  6. ဘယ်လိုဆောင်ရွက်ရမလဲ: အတိုး၊ အမြတ်ဝေစုနှင့် အရင်းအနှီးအမြတ်များ တိုးပွားလာဖို့အလားအလာရှိတဲ့ Stockရှယ်ယာတွေနှင့် bondတွေကို အခုကတည်းကလိုက်လေ့လာပြီးကြိုဝယ်သိမ်းထားခြင်း။ ရေရှည်ရင်းနီးမြုပ်နှံ့မှု့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။

  7. အကျိုးကျေးဇူးများ: အနာဂတ်ငွေဖောင်းကြွမှုအတွက် စိုးရိမ်စရာမရှိတော့ခြင်း၊ ရင်းနှီးမြှုပ်နှံမှု အမျိုးအစားများ ကိုစိတ်တိုင်းကျရွေးချယ်ပြီးမြှုပ်နှံထားနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေရနိုင်ပါတယ်။

  8. ဘယ်လိုRiskတွေကိုသတိထားရမလဲ: Stock နှင့် Bond တွေဟာစျေးနှုန်းအတက်အကျပြောင်းအလဲတွေများတာကြောင့် တစ်နှစ်တာမှာကိုယ့်အမြတ်ငွေကိုပုံသေသတ်မှတ်တွက်ချက်ထားလို့မရပါဘူး၊အဲဒီ့အတွက်ကြောင့် ဒီ Funding ဟာထင်ထားတာထက်စောစော ကုန်သွားနိုင်တဲ့ risk ရှိပါတယ်။

  9. အမြတ်ဝင်ငွေရနိုင်မည့် ရှယ်ယာများနှင့် အိမ်ခြံမြေများဝယ်ယူထားခြင်း

  10. ဘယ်လိုဆောင်ရွက်ရမလဲ: ဒီနည်းလမ်းကတော့ အနာဂတ်မှာတန်ဖိုးမြင့်လာနိုင်တဲ့ Companiesတွေရဲ့ အစုရှယ်ယာတွေနှင့် ထိုနည်းတူ potential ကောင်းတဲ့ အိမ်ခြံမြေတွေကို ဝယ်ယူထားခြင်းဖြစ်ပါတယ်။ ဒီရှယ်ယာတွေနှင့်အိမ်ခြံမြေတွေဟာဆိုရင် Public မှာဝယ်ရောင်းလဲလှယ်မှု့တွေအမြဲတမ်းလုပ်နေကြမှာဖြစ်တဲ့ အမြတ်အစွန်းအများဆုံးရင်းနှီးမြုပ်နှံ့မှု့တွေပါ။

  11. အကျိုးကျေးဇူးများ: အရောင်းအဝယ်ကစားမှု့အရ ပုံမှန်ငွေဝင်ရှိနေမယ်၊ ရင်းနှီးထားတဲ့တန်ဖိုးတွေတိုးတက်နိုင်မှုများမယ်၊ ရွှေးချယ်စရာတွေများတဲ့အတွက် ကိုယ်တိုင်စိတ်ကြိုက် ခွဲခြမ်းစိတ်ဖြာပြီးရင်းနှီးမြုပ်နှံထားနိူင်ပါမယ်။

  12. ဘယ်လိုRiskတွေကိုသတိထားရမလဲ: သူ့ရဲ့‌စျေးကွက်ဟာလည်း အမြဲလှုပ်လျားပြောင်းလဲနေတာဖြစ်တဲ့အတွက်ကြောင့် အဝယ်အရောင်းမှားယွင်းခဲ့ရင် အရှုံးပေါ်နိုင်ပါတယ်၊ ခွဲခြမ်းစိတ်ဖြာထားတဲ့မြုပ်နှံမှု့တွေရဲ့ ဝင်ငွေလမ်းကြောင်းတွေဟာ သာမန်ဝင်ငွေလမ်းကြောင်းတွေရဲ့ အခွန်နူန်းတွေထက် ပိုတိုးကောင်ခံနိုင်ရတဲ့ Risk ရှိပါတယ်။

 

မှန်ကန်တဲ့နည်းလမ်းများအားရွှေးချယ်ပြီးရင်းနှီးမြုပ်နှံ့ခြင်း

  • သင့်အနာဂတ်ကြာချိန်နှင့် Riskတွေကိုယူနိုင်မယ့်ကိုယ့်ရဲ့limitအတိုင်း သေသေချာချာရင်းနှီးမြုပ်နှံပါ။

  • ယုံကြည်အားထားရမယ့် Financial / Investment အကြံပေးတစ်ယောက်နဲ့ ပြောဆွေးနွေးပြီးမှ သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ပါ။

ဒီရင်းနှီးမြှုပ်နှံနည်းလမ်းတွေကတော့ သင့်အငြိမ်းစားဘဝအတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။ သင့်ငွေကြေးအခြေအနေနဲ့ ကိုက်ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို သေချာရွှေးချယ်၊စနစ်တကျတည်ဆောက်ရင်းနှင့် ပျော်ရွှင်အေးချမ်းတဲ့ အငြိမ်းစားဘဝကို ဖန်းတီးနိုင်ကြပါစေ။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page