ဒီနှစ်မှာအိမ်ဝယ်ဖို့အကောင်းဆုံးအချိန်
- Arkar Tin Myint
- Sep 27, 2024
- 1 min read
Updated: Oct 28, 2024

အိမ်ခြံမြေဈေးကွက်အပြောင်းအလဲကိုစောင့်နေတဲ့သူတွေအတွက် အိမ်ဝယ်ဖို့အကောင်းဆုံးအချိန်ကိုရောက်လာပါပြီ။ Realtor.com က အိမ်ခြံမြေကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်အရ 2024 September 29 ကနေ October 5 ရက်နေ့ထိ အချိန်ကာလဟာ အကောင်းဆုံးအချိန်လို့ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့
(1) More Inventory: Active Home Selling Listing ဟာ အရင်နှစ်ကထက်စာရင် 35.8% တက်လာပါတယ်။ ဒီအချက်က အိမ်ဝယ်သူတွေအတွက်စိတ်ကြိုက်ရွေးချယ်နိုင်ဖို့ Options တွေအများကြီးတိုးစေပါတယ်။
(2) Lower Prices : အိမ်ဈေးတွေဟာဆိုရင်လဲ peak levelရဲ့ အောက်ကိုရောက်နေပါတယ်။ အိမ်ရောင်းသူတွေကလဲ ဝယ်သူတွေနှင့် Negotiations တွေလုပ်ဖို့အတွက် စိတ်ဝင်စားမှုမြင့်မားနေပါတယ်။
(3) Falling Demand : အဝယ်ဈေးကွက်တွေအေးနေပါတယ်။ ဒါက အခုအိမ်ဝယ်မယ့်သူတွေကို competition တွေလျော့နည်းပြီး barging power ကိုပေးနေပါတယ်။
(4) Mortgage Relief : Mortgage Rate တွေဟာဆိုရင်လဲ လွန်ခဲ့တဲ့ 19လအတွင်းမှာ အတိုးနူန်းအနိမ့်ဆုံးအချိန်ကိုရောက်နေပါတယ်။ ဒါကလဲ Buyers တွေအတွက် purchasing power ကိုအများကြီးအထောက်အကူပေးပါတယ်။
Intercontinental Exchange Inc အဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူ Andy Walden က အခု September လမှာ လက်ရှိဖြစ်နေတဲ့ Mortgage Rate ဟာ အရင် February တုန်းကနှင့်ယှဉ်ကြည့်မယ်ဆိုရင် အများကြီးလျော့ကျနေပြီး၊ affordability ကိုအမြင့်ဆုံးအထိရောက်နေစေပါတယ်လို့ ပြောခဲ့ပါတယ်။
Realtor.com က Ralph McLaughlin ကလဲ လွန်ခဲ့တဲ့ 2020 ခုနှစ် May လကတည်းကနေစပြီးသတ်မှတ်ကြည့်မယ်ဆိုရင် အခုချိန် 2024 September လမှာ Inventory Listing ဟာအမြင့်ဆုံးနှင့် အပေါများဆုံးအချိန်ကိုရောက်ရှိနေပါပြီလို့ Market Analysis ထုတ်ပြန်ခဲ့ပါတယ်။
အနာဂါတ်ရဲ့ အိမ်ခြံ့မြေဈေးနူန်းတွေဟာ ပိုကျလာနိုင်သလို၊ အပြောင်းအလဲဖြစ်ပြီး ချက်ချင်းအဆမတန်ပြန်ခုန်တက်ဖို့လဲဖြစ်သွားနိုင်တဲ့အတွက်ကြောင့်၊ အိမ်ဝယ်မယ့်သူတွေဟာ အခုလိုအချိန်မျိုးမှာ ကိုယ့်ရဲ့ dream homes တွေကို အရအမိဝယ်ထားလိုက်သင့်ပါတယ်။ အရောင်းအဝယ်ကိစ္စတွေအတွက် ယုံကြည်စိတ်ချရတဲ့ Realtors တွေနှင့်အရင်ဆွေးနွေးဆုံးဖြတ်ပြီးမှ အရောင်းအဝယ်လုပ်ဖို့အတွက်ကိုလဲ အကြံပေးချင်ပါတယ်။
ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Realtor လက်မှတ် ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Comments