Homeowners တိုင်းအတွက် Essential Home Safety Tips
- Jan 26
- 1 min read

ကိုယ်က နေရာဒေသအသစ်တစ်ခုဆီ အိမ်ပြောင်းနေတာပဲဖြစ်စေ ၊ လက်ရှိကိုယ်နေနေတဲ့အိမ်ကို Security Measure ပိုမြှင့်တင်ချင်လို့ပဲဖြစ်စေ Homeowners တိုင်းအတွက် မရှိမဖြစ်ဦးစားပေး စီစဉ်သင့်တဲ့ Home Safety Tips လေးမျိုးကိုပြောပြပေးသွားပါမယ်။
(1) ပြင်ပအန္တရာယ်တွေကာကွယ်ဖို့ Home Security Tips
U.S မှာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အိမ်ဖောက်ထွင်းမှုတွေဟာ 41 စက္ကန့်ကို တစ်ကြိမ်နှုန်းဖြစ်ပွါးနေပါတယ်၊ဒါဟာ တော်တော်ကြောက်စရာကောင်းပါတယ်။ ဒီရာဇဝတ်မှုတွေကို ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့အတွက် Strong ဖြစ်တဲ့ home security တစ်ခု မရှိမဖြစ်ကိုလိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်အိမ်မှာပဲရှိနေတာဖြစ်စေ အပြင်ရောက်နေတာပဲဖြစ်စေ အိမ်ကိုဖောက်ထွင်းဖို့ကြိုးစားတဲ့အခါမှာ ချက်ချင်း အသိပေးလာနိုင်တဲ့ Motion Sensor တွေ၊ Doorbell Cam တွေ Motion Detected Camera တွေ ယုံကြည်စိတ်ချရတဲ့ Smart Lock တွေတပ်ဆင်ထားရပါမယ်။
ကိုယ့်ပါတ်ဝန်းကျင်က အိမ်နီးနားချင်းတွေနှင့် ရင်းနှီးမှုရှိထားတာကလဲ ကိုယ်အိမ်မှာမရှိတဲ့အချိန် ကိုယ့်အိမ်ကို စောင့်ကြည့်ပေးထားမယ့် အကူအညီရရှိနိုင်ပါတယ်။ ကိုယ့်အိမ်မှာ အိပ်ယာမဝင်ခင် တံခါးနှင့်ပြတင်းပေါက်တွေကို သော့ခတ်မခတ် နှစ်ခါပြန်စစ်ပါ၊ပြီးတော့ အပြင်ကနေလွယ်လွယ်ကူကူအိမ်ထဲကိုမမြင်နိုင်အောင် ခန်းဆီးနှင့်လိုက်ကာတွေချပြီးမှအိပ်ပါ။ ကိုယ့် တံခါးတွေနှင့် ပြတင်းပေါက်တွေကိုလဲ တကယ်ဖောက်ထွင်းမှု့ကိစ္စတွေတွေကို ကောင်းကောင်းတားဆီးနိုင်အောင်ခိုင်ခံရဲ့လားစစ်ဆေးပါ။

(2)မီးဘေးအန္တရာယ် ကာကွယ်ရေး Security Tips
အိမ်ဖောက်ထွင်းခံရတာက တန်ဖိုးကြီးပစ္စည်းအချို့ကိုပဲဆုံးရှုံးလိုက်ရနိုင်ပေမယ့် မီးဘေးအန္တရာယ်ကတော့ ကိုယ့်အိမ်ကို ဘာမှမကျန်ခဲ့အောင်ကို ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အပြင်သွားတဲ့အချိန် ၊ အိပ်တဲ့အချိန်တွေမှာ စိတ်ချရအောင် Fire Alarm နှင့် Smoke Detector တွေ အလုပ်လုပ်မလုပ် မကြာခဏစစ်ဆေးပါ။ Battery တွေကို တစ်နှစ်နှစ်ကြိမ် မှန်မှန်လဲပေးပါ။ Smoke Detector တွေ ရဲ့ expiration date ကိုစစ်ဆေးပါ။ Smoke Detector တွေက 10 နှစ်လောက်ပဲ ခံကြတာများတယ်။ ကိုယ့် အိမ်မှာ ရှိတဲ့ Smoke Detector တွေက ဒိတ်အောက်နေရင် အသစ်တွေနဲ့ ပြန်လဲပေးသင့်ပါတယ်။
ပြီးတော့ မတော်တဆ မီးလောင်လာခဲ့ရင် ဘယ်လိုထွက်ပြေးရမလဲဆိုတဲ့ escape plan ကို မိသားစုဝင်တိုင်းသိနေအောင်သင်ပေးထားပါ။ မီးဘေးအန္တရာယ်ရဲ့ အများစုက မီးဖိုခန်းထဲကနေစတာပါ၊ ဒါကြောင့် ကိုယ်ထမင်းဟင်းချက်ပြုတ်တဲ့အခါမှာ မေ့ပြီးမထားခဲ့မိဖို့နှင့် ပြီးစီးတဲ့အခါမှာ Gas ၊ လျှပ်စစ် တွေကိုသေသေချာချာပိတ်ခဲ့ဖို့ အမြဲသတိရပါ။ ဒါ့အပြင်မှာလဲ electrical wiring problem တွေကင်းဝေးအောင် Wiring ညှော်နံတို့ မီးကြိုးတွေခလုပ်တွေ ပူနေတာတို့ ၊ မီးတွေလာတစ်ချက်မလာတစ်ချက်ဖြစ်နေတာတို့ အစရှိတဲ့ အချက်တွေကို သတိထားပြီး စစ်ဆေးပါ။

(3) ကလေးငယ်ရှိသူတွေအတွက် Child Safety
ကလေးငယ်တွေမှာ အရမ်းစူးစမ်းလိုတတ်တဲ့စိတ်နှင့် အရမ်းကိုမြန်တဲ့ လက်လေးတွေပိုင်ဆိုင်ထားကြပါတယ်။ သူတို့ကို သတိမပြုနိုင်လိုက်တဲ့ခဏအတွင်းမှာ ပြဿနာမျိုးစုံဖြစ်နိုင်တာကြောင့် အိမ်မှာအန္တရာယ်ရှိတဲ့ Chemical တွေဖြစ်တဲ့ ဆပ်ပြာတွေ၊ bleach တွေ၊ ပိုးသတ်ဆေးတွေနှင့် အခြား medication ဆေးဝါးပုလင်းတွေကို သူတို့ လက်လှမ်းမမှီနိုင်တဲ့နေရာမှာအမြဲထားပါ။ အနိမ့်ပိုင်းမှာရှိတဲ့ Electrical Outlet တွေကို အပြီ ဖုံးအုပ်ထားပါ။ ပြီးတော့ အတတ်နိုင်ဆုံး ချွန်ထက်တဲ့အရာတွေများတဲ့ Kitchen တို့ Garage တို့လိုနေရာမျိုးတွေမှာ သူတို့ကို မဆော့ဖို့အတွက် သင်ကြားပေးထားပါ။ ကိုယ်နေတဲ့ အိမ်ကဆောက်တဲ့ နှစ်ဟောင်းနေရင် ကလေးတွေအတွက် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတုဓာတ်တွေ အိမ်သုတ်ဆေးတွေမှာ ပါဝင်တတ်ပါတယ်။ အဲ့ဒါကြောင့် နံရံဆေးတွေ ကွာနေရင် သတိပြုပြီး ဆေးသေချာပြန်သုတ်ခြင်းဖြင့် ကလေးတွေကိုအန္တရာယ် ဖြစ်စေတဲ့ အဆိပ်အတောက် ဘေးကနေကာကွယ်နိုင်ပါတယ်။

(4) အိမ်ကြံခိုင်မှု Home Safety
ကောင်းကောင်း Maintenance လုပ်ထားနိုင်တဲ့အိမ်ဟာ မိသားစုဝင်အားလုံးအတွက် ပိုပြီး safe ဖြစ်တဲ့ဘဝကို ပေးနိုင်ပါတယ်။ ဒါကြောင့်အိမ်မှာ ရေယိုစိမ့်တာတွေ၊ မှိုနှင့်ရေညှိစွဲကပ်တာတွေ၊ လှေခါးထစ်တွေ ဗီဒိုတွေ၊ cabinet နှင့် floating shelves တို့လိုအရာတွေရဲ့ ပျက်စီးယိုယွင်းမှုတွေရှိမရှိ အမြဲစစ်ဆေးပါ။ ပြီးတော့ ကိုယ့်အိမ်အပြင်က မြက်တွေခြုံတွေကို အမြဲရှင်းလင်းပေးတာကလဲ မြွေတွေကင်းတွေ၊ပျားနှင့် hornet တွေစွဲကပ်တဲ့ရန်ကနေ ကာကွယ်ပေးနိုင်သလို၊ ရှင်းလင်းတဲ့အိမ်ပါတ်ဝန်းကျင်က သူခိုးတွေဖောက်ထွင်းသူတွေ ချဉ်းကပ်နိုင်ဖို့ကိုလဲပိုခက်ခဲစေပါတယ်။

ဒါတွေကတော့ အိမ်ပိုင်ရှင်တိုင်းသတိထားသင့်တဲ့ အခြေခံ Home Safety Tips တွေပဲဖြစ်ပါတယ်။



Comments