top of page

ကိုယ့်ရဲ့ Home Owner Association (HOA) က ကိုယ့်အိမ်တန်ဖိုးကိုဘယ်လိုထိမ်းသိမ်းပေးနိုင်သလဲ

  • Writer: arkar tm
    arkar tm
  • Jan 13
  • 2 min read

Home Owner Association အဖွဲ့အစည်းဆိုတာ အဆောက်အအုံ တစ်ခု၊ community တစ်ခု၊ ဒါမှမဟုတ် လမ်းတစ်လမ်းတည်းမှာ အတူတူနေထိုင်ကြတဲ့ အိမ်ပိုင်ရှင်တွေပေါင်းစည်းပြီးဖွဲ့ထားတဲ့ အဖွဲ့အစည်းကိုခေါ်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ condominiums, townhomes or new development single family community တွေမှာ HOA အဖွဲ့အစည်းတွေရှိတတ်ပါတယ်။ ဒီ HOA အဖွဲ့အစည်းတွေမှာ အိမ်ပိုင်ရှင် Members တွေထဲကမှ အများသဘောအရ ရွေးချယ်တင်မြှောက်ထားတဲ့ HOA Board အဖွဲ့က ဦးဆောင်ပြီးတော့ ကိုယ့် community ရဲ့ အိမ်တွေ၊လမ်းတွေ၊ပန်းခြံတွေ ရဲ့ ပြုပြင်ထိမ်းသိမ်းမှု မွန်းမံမှုကိစ္စရပ်တွေ နှင့် ဒီကိစ္စတွေဆောင်ရွက်ဖို့ ရံပုံငွေကောက်တာ၊ ငွေစီမံခန့်ခွဲတာတွေကို ကို ဦးဆောင်ဆုံးဖြတ်ကြပါတယ်။ ကိုယ်အိမ်ဝယ်ထားတဲ့နေရာမှာရှိတဲ့  HOA အဖွဲ့ကောင်းကောင်းတစ်ခုက ကိုယ့်အိမ်တန်ဖိုးတက်ဖို့ကို ဘယ်လိုအထောက်အကူတွေပေးလဲ ကြည့်ကြည့်ရအောင်။


(1) အိမ်ရဲ့ မျက်နှာစာ Curb Appeal ကောင်းမွန်မှု


Professional ကျတဲ့ HOA အဖွဲ့အစည်းတွေက သူတို့လမ်းထဲမှာ ရှိတဲ့ shared drivewayတွေ၊ ပန်းခြံ၊ parking နေရာတွေနှင့် clubhouse တွေကို အမြဲ သန့်ရှင်းသန့်ရပ်နေအောင် ထိမ်းသိမ်းထားကြတယ်။ ပြီးတော့ Member တွေရဲ့ အိမ်အပြင်အဆင်၊ အိမ်ရှေ့မြက်ခင်းအပြင်အဆင်နှင့် Landscaping တွေကို အများနှင့်ကိုက်ညီနေအောင်၊ အမြဲသန့်ရှင်းစနစ်ကျနေအောင်ထားဖို့ အတွက် တိုက်တွန်းလှုံ့ဆော် တတ်ကြပါတယ်။ ဒါက home buyers တွေအမြင်မှာ ရပ်ကွက်သန့်ပြီး ပတ်ဝန်းကျင်ကောင်းတယ်လို့ မြင်စေတာမလို့ ကိုယ့်ရဲ့အိမ်တန်ဖိုးကို ပိုတက်စေနိုင်ပါတယ်။


(2) အများဆိုင်ရာ facilities တွေ ထိမ်းသိမ်းပြုပြင်မှု


Active ဖြစ်တဲ့ HOA အဖွဲ့ဟာ သူတို့ community ရဲ့ အများဆိုင် facilities တွေဖြစ်ကြတဲ့ လမ်းမီးတွေ၊ ရေမြောင်းတွေ၊ ရေပိုက်လိုင်း လျှပ်စစ်လိုင်းတွေ၊ Security Camera တွေ၊ အားကစားကွင်း ပန်းခြံနှင့် စာကြည့်တိုက်လိုနေရာတွေ၊ Public Area ခြံစည်းရိုးနှင့်ဂိတ်တွေ - အစရှိတဲ့အရာတွေအားလုံးကို အချိန်မှန်မှန်‌စစ်ဆေးပြီးတော့ ပြုပြင်စရာတွေကို အမြန်ဆောင်ရွက်တတ်ကြပါတယ်။ ဒါကလဲ community standard ကို အမြင့်ဆုံးထိမ်းသိမ်းထားနိုင်ပြီး အိမ်တစ်လုံးချင်းစီ တိုင်းရဲ့တန်ဖိုးကိုတက်စေပါတယ်။



(3) Community Budget စီမံခန့်ခွဲမှု


အထက်ပါ ပြုပြင်ထိမ်းသိမ်းမှုတွေလုပ်ဆောင်ဖို့အတွက် Community Budget တွေလိုအပ်ပါတယ်။ Proactive ဖြစ်တဲ့ HOA အဖွဲ့ဟာ ဒီကိစ္စတွေအတွက် Budget တွေကိုကြိုတင်ကောက်ခံပြီး တနှစ်စာ ကြိုတင်စီစဉ်မှု တွေလုပ်ထားနိုင်တယ်၊ Budget တွေကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ပြီး စရိတ်တွေ ကျန်ငွေတွေကို Transparency အပြည့်နှင့် ကိုယ့် community ကို စာရင်းတွေ ပြန်ချပြနိုင်တယ်။ Budget ကိုင်တွယ်မှုကောင်းတော့ ပြုပြင်ထိမ်းသိမ်းမှုတွေကို မြန်ဆန် စနစ်တကျ လုပ်ဆောင်နိုင်ကြပါတယ်။


(4) Positive Community Culture ဖန်တီးနိုင်မှု


HOA အဖွဲ့အစည်းက ကိုယ့် community စည်းလုံးညီညွတ်ပြီး တစ်ဦးနှင့်တစ်ဦး ပိုရင်းနှီးယုံကြည်စေနိုင်ဖို့အတွက် community events တွေ charity events တွေဖန်တီးပေးပြီး လူစုလူဝေးပွဲတွေကို စီစဉ်ပေးကြပါတယ်။ ဒါ့အပြင် လိုအပ်ချက်တွေ အကြံပေးချက်တွေကို လွယ်လွယ်ကူကူ ‌လာပေးနိုင်ဖို့အတွက် clear channel (phone, email, Online groups ) တွေနှင့် မြန်ဆန်ရှင်းလင်းတဲ့ communication တွေရှိနေအောင် စီစဉ်ထားကြပါတယ်။ လုံခြုံစိတ်ချရပြီး သိုက်သိုက်ဝန်းဝန်းနှင့် ကူညီရိုင်းပင်းတတ်တဲ့ community တစ်ခုမှာ ကိုယ့်ရဲ့အိမ်တန်ဖိုးကို buyers တွေအမြင်မှာ အများကြီးကို တိုးမြင့်သွားစေနိုင်ပါတယ်။



(5) Community Rules & Regulations တွေနှင့် Homeowners protection တွေပေးမှု

တိကျတဲ့ Community Rules တွေကို တပြေးညီ ချမှတ်ထားပြီး enforcement ထိထိရောက်ရောက်လုပ်နိုင်ခြင်းဟာ property neglect လုပ်မှုတွေ၊ home safety issue တွေ၊ အိမ်ပိုင်ရှင်တွေအချင်းချင်းအချေအတင်ဖြစ်ကြတာတွေကို လျော့နည်းအောင် ကာကွယ်ပေးနိုင်ပြီး ကိုယ့် community က members တွေကို စိတ်လုံခြုံမှုနှင့် ကိုယ်လုံခြုံမှုတွေရရှိစေပါတယ်။ ဒါကလဲ HOA က ကိုယ့်အတွက်နှင့် ကိုယ့်ပါတ်ဝန်းကျင်အတွက် တန်ဖိုးပိုထားခံရမှုကို တိုးမြင့်စေပါတယ်။ 


ဒါတွေကတော့ ကိုယ့်ရဲ့ HOA က ကိုယ့်အိမ်တန်ဖိုးကို ဘယ်လိုထိမ်းသိမ်းပေးနိုင်လဲ၊ ဘယ်လို ပိုမြှင့်တင်ပေးနိုင်သလဲ ဆိုတဲ့ အချက် (5) ချက်ပဲဖြစ်ပါတယ်။ တချို့ HOA communityတွေမှာတော့ လစဉ် HOA fees ကောက်ခံတာတွေများသလို ဒီ fees တွေက မကြာခဏ တိုးမြှင့်ကောက်ခံတာတွေ၊ စည်းကမ်းတင်းကျပ်လွန်းတာတွေ၊ သူတို့ စည်းကမ်းနဲ့ ကိုက်ညီမှု မရှိရင် ဒဏ်ကြေးကောက်ခံတာတွေ ရှိတဲ့ အတွက် တချို့ အိမ်ဝယ်သူတွေ၊ ပိုင်ရှင်တွေက ဒီလို HOA ပါတဲ့ communityတွေမှာ အိမ်ဝယ်ရတာ မကြိုက်ကြဘူး။ HOA ပါတာကို ရှောင်ကြတာတွေရှိပါတယ်။ အိမ်ကို ဝယ်ယူတာတွေ, Loan ချေး‌ငွေယူတာတွေ, Equity ပြန်ထုတ်တဲ့အခါ တွေမှာ HOAကိုပေးရတဲ့ အပို fees တွေရှိနိုင်တယ်။ အဆင့်တွေပိုများတယ်။ ချေးငွေယူသူရဲ့ Debt To Income ratio ကိုတွက်တဲ့ အခါမှာလည်း လစဉ်ပေးရတဲ့ HOA fees ကိုလည်းထဲ့တွက်တဲ့ အတွက် ကိုယ်တတ်နိုင်တဲ့ အိမ်တန်ဖိုး နည်းသွားတာမျိုးတွေရှိပါတယ်။ 

အဲ့တော့ကိုယ် အိမ်ဝယ်တော့မယ်ဆိုရင် HOA ရှိခြင်း, မရှိခြင်း ကိုလည်း အခြေခံအချက်အဖြစ်ထည့် သွင်းစဉ်းစားသင့်ပါတယ်။ 


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page