top of page

ကိုယ့်ဘဝတိုးတက်ဖို့အတွက်လုပ်‌ဆောင်သင့်တဲ့ Self Investment (5) ခု

  • Writer: arkar tm
    arkar tm
  • 6 days ago
  • 1 min read
ree

Property Investment, Stock Market Investment, Saving Investment အစရှိတဲ့ ငွေကြေးရင်းနှီးမြုပ်နှံမှုတွေလိုပဲ ကိုယ့်ဘဝတိုးတက်ဖို့အတွက်ပြုလုပ်ရမယ့် Personal Self Investment တွေကလဲ ထပ်တူထပ်မျှအရေးကြီးပါတယ်။ ငွေကြေးဥစ္စာ ကြွယ်ဝချမ်းသာခြင်း‌တွေနှင့်အတူ ကိုယ့်ရဲ့ Personal Life Quality ကိုမြှင့်တင်နိုင်မှပဲ တကယ်ချမ်းသာအောင်မြင်တဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်မှာပါ။ 

ဒီလိုဘဝကိုပိုင်ဆိုင်နိုင်ဖို့အတွက် အခုချိန်ကစပြီးလုပ်ဆောင်သင့်တယ့် Self Investment  (5) ခုကတော့


(1) ကိုယ်နှင့်စိတ် Healthy ဖြစ်အောင်တည်ဆောက်ခြင်း

ကိုယ့်ခန္ဓာကိုယ်နှင့် ကိုယ့်ရဲ့စိတ်ဟာ ကိုယ်ကြိုးစားတည်ဆောက်ရမယ့် အိမ်မက်တွေ ရည်မှန်းချက်တွေ အားလုံးရဲ့ အခြေခံအုတ်မြစ်ပါ။ ဒါကြောင့် အခြားအရာတွေထက် အရင်ဆုံး စိတ်ရောကိုယ်ပါကျန်းမာဖို့အတွက် ဦးစားပေးဆောင်ရွက်သင့်ပါတယ်။ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပါ၊ လမ်းများများလျှောက်ပေးပါ၊ အစားအစာကို အဟာရပြည့်ဝအောင်နှင့် ကျန်းမာရေးနှင့်ညီညွတ်အောင်စားသုံးပါ၊ နေ့စဉ် Meditation Training လုပ်ပေးပါ၊ ပြီးတော့ Stress တွေမပိသွားပဲ

စိတ်ကြည်လင်မှု‌‌တွေရှိအောင် မိသားစုတွေ၊ သူငယ်ချင်းတွေနှင့်ဆုံပြီး အပြင်သွားလည်တာ ညစာအတူတူထွက်စားကြတာမျိုး - စတဲ့ enjoyable activitiesမျိုး‌‌

တွေကို မကြာမကြာ လုပ်ပေးပါ။ 



(2) အစဉ်မပြတ်လေ့လာသင်ယူပြီး တိုးတက်နေအောင်လုပ်ပါ။

ကမ္ဘာပေါ်မှာ အရာအားလုံးက နေ့စဉ်ပြောင်းလဲတိုးတက်နေပါတယ်။ ဒါကြောင့်ကိုယ်ကလဲ ဒီပြောင်းလဲမှုရေစီးကြောင်းနှင့်အညီ လိုက်မှီအောင် ပညာရပ်အသစ်တွေကို လေ့လာရမယ်၊ သိပြီးတတ်ပြီးသား ပညာရပ်တွေနှင့် ဗဟုသုတတွေကို လက်ရှိထက်ပိုတိုးပွါးအောင် ၊ ပိုကျွမ်းကျင် သိမြင်လာအောင် နေ့စဉ်အချိန်ခွဲပေးပြီးတော့ ဆက်တိုက်‌လေ့လာသင်ယူသွားရပါမယ်။ 


ree

(3) Relationship တွေပိုခိုင်မာလာအောင်တည်ဆောက်ပါ။

ကိုယ့်မိသားစုနှင့်ဖြစ်စေ လုပ်ဖော်ကိုင်ဖက်တွေ၊ အသိမိတ်ဆွေတွေနှင့်ဖြစ်စေ ဒါမှမဟုတ် ကိုယ့်အလုပ်ရှင်တွေ၊ ကိုယ့်လက်အောက်ငယ်သားတွေ၊ စီးပွါးရေးလုပ်ဖော်ကိုင်ဖက်တွေနှင့် ပိုရင်းနှီးယုံကြည်ရတဲ့ Meaningful Relationship တွေတည်ဆောက်ပါ။ ကိုယ့်မှာ ချစ်ခင်ယုံကြည်ရတဲ့ ပါတ်ဝန်းကျင်တစ်ခုရှိမှ ကိုယ်ဖန်တီးချင်တဲ့ ဘဝအိမ်မက်တွေကို Supporting အပြည့်အဝနှင့် ခိုင်ခိုင်မာမာတည်ဆောက်နိုင်မှာပါ။ 


(4) Communication Skill တိုးတက်အောင်လေ့လာပါ

အပေါ်ကအချက်လိုခိုင်မာတဲ့ Relationship တွေတည်ဆောက်နိုင်ဖို့အတွက် ကိုယ့်မှာ Communication Skill တွေကောင်းကောင်းရှိရပါမယ်။ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အရာတွေကို သူများတွေ ရှင်းရှင်းလင်းလင်း သိမြင်သွားအောင် ပြောဆိုဆက်ဆံနိုင်ရမယ်။ ပြီးတော့  ကိုယ့်စကားကို သူများလက်ခံအောင် Persuasive ဖြစ်အောင် အချက်ကျကျပြောဆိုနိုင်ရမယ်။ သူတို့ရဲ့စကားကို တကယ်နားလည်အောင်နားထောင်နိုင်ပြီး Positive Feedbacks နှင့် Constructive Conversation တွေဖန်တီးနိုင်ဖို့အတွက် လေ့လာကျင့်သုံးရပါမယ်။


(5) အများကောင်းကျိုးတွေအတွက် တတ်နိုင်သမျှ ကူညီပါ. 

အချို့သောစိတ်ကျေနပ်မှု၊ ကိုယ့်ဘာသာကိုယ်တန်ဖိုးထားမှုတွေဟာ Life achievement တွေဆီကနေမရနိုင်ပါဘူး၊ သူတပါးကို ဖေးမကူညီပေးမှု နှင့် အများတိုးတက်ရေးအတွက် sharing & caring လုပ်ပေးမှုတွေကသာရရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အချိန်နှင့်အခွင့်အရေးတွေ ရရင်ရသလို အများကောင်းကျိုးကိစ္စတွေကို ဖန်တီးကူညီပေးပါ။ Charity တွေလုပ်ပေးပါ၊ အခမဲ့ Knowledge Sharing တွေလုပ်ပေးပါ၊  ပြီးတော့ ကိုယ်တတ်ကျွမ်းတဲ့အရာတွေကို အခြားမသိနားမလည်သေးတဲ့လူတွေဆီ မျှဝေသင်ကြားပေးပါ။ ဒီလိုကိစ္စတွေလုပ်ပေးနိုင်တာက ကိုယ့်ဘာသာကိုယ်စိတ်ကျေနပ်မှုနှင့် တန်ဖိုးထားမှုတွေကိုမြှင့်တင်နိုင်တဲ့အပြင် ကိုယ့်ရဲ့ပါတ်ဝန်းကျင်ကလဲ ကိုယ့်အပေါ်ကိုလေးစားချစ်ခင်မှု၊ တန်ဖိုးထားမှုတွေကို ရရှိစေမှာပါ။ 


ဒါတွေကတော့ ကိုယ့်ရဲ့ဘဝ တိုးတက်ပြောင်းလဲဖို့အတွက် လုပ်ဆောင်သင့်တဲ့ Self Investment (5) ခုပဲဖြစ်ပါတယ်။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page