top of page

သင့်ရဲ့အိမ်တန်ဖိုးဘယ်လောက်ရှိနေပြီလဲဆိုတာတွက်ချက်ကြည့်ရအောင်

  • Writer: arkar tm
    arkar tm
  • 16 hours ago
  • 1 min read


US မှာလွန်ခဲ့တဲ့ ငါးနှစ်ကတည်းက အိမ်ဈေးနူန်းတွေဟာ တစ်ရှိန်ထိုးမြင့်တက်လာခဲ့ပြီး အခုဆိုရင် အရင်ဈေးနူန်းတွေထက် 60% အထိ တစ်နိုင်ငံလုံးအတိုင်းတာ ဈေးနူန်းတွေတက်လာခဲ့ပါတယ်။ ပုံမှန်အားဖြင့် နှစ်စဉ် 2% to 5% အထိသာဈေးတက်တတ်ပေမယ့် 2021 နှင့် 2022ခုနှစ်တွေမှာ တစ်နှစ်တည်းနှင့် 20% လောက်အထိမြင့်တက်သွားခဲ့ပါတယ်။ ဒီလိုမြင့်တက်ခဲ့ရခြင်းအကြောင်းအရင်းကတော့ demand တွေများပြီး အိမ်အရောင်း inventory တွေကနည်းနေခဲ့လို့ဖြစ်ပါတယ်။ ဒီခုနှစ်တွေနေစပြီး နှစ်စဉ်ဈေးနူန်းတွေတဖြည်းဖြည်းပိုမြင့်မားလာခဲ့ပြီးတော့ လက်ရှိမှာဆိုရင် အရင် ငါးနှစ်လောက်တုန်းကဈေးတွေထက် 60% အထိပိုတက်သွားခဲ့တာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လက်ရှိလို အိမ်အရောင်းအဝယ်အေးတဲ့ ကာလတွေမှာတောင် home owners တွေက အမြတ်အစွန်းတွေရရှိနေဆဲဖြစ်ပါတယ်။




ဒါ့ကြောင့်မလို့ သင်ဟာနှစ်ရှည်ကြာမြင့်တဲ့ Home Owner တစ်ယောက်ဖြစ်ပြီး အခုချိန်မှာ အိမ်အရောင်းအဝယ်လုပ်မယ်ဆိုရင် အမြတ်အစွန်းတွေအများကြီးရရှိမှာဖြစ်တဲ့အပြင် နောက်ထပ်အိမ်အသစ်ကိုဝယ်ယူရရှိနိုင်မယ့်အနေအထားမှာရှိပါတယ်။ ဒါကြောင့် လက်ရှိကိုယ့်အိမ်တန်ဖိုးကို တွက်ချက်ကြည့်ထားသင့်ပါတယ်။


 လက်ရှိကိုယ့်ပါတ်ဝန်းကျင်နေရာဒေသရဲ့အိမ်ခြံမြေဈေးကွက်တွေအပေါ်လေ့လာမယ်ဆိုရင် အကြမ်းဖျင်းအားဖြင့် ကိုယ့်ရဲ့အိမ်တန်ဖိုးက percentage % ဘယ်လောက်တက်လာတယ်ဆိုတာသိရှိနိုင်ပါတယ်။ တကယ်တန်း ကိန်းဂဏန်းအတိအကျကိုသိချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ local agent တစ်ယောက်နှင့်ချိတ်ဆက်ဆွေးနွေးတဲ့အခါမှ တိတိကျကျသိရှိနိုင်ပါမယ်။ နိုင်ငံအလိုက်ဈေးအတက်အကျနူန်းနှင့်ပျှမ်းမျှပမာဏကို ခန့်မှန်းကြည့်နိုင်ပေမယ့် အိမ်ဈေးတွေဆိုတာဟာ မိမိနေထိုင်တဲ့ နေရာဒေသ၊ပါတ်ဝန်းကျင်အလိုက်ပြောင်းလဲမှု့ trendsတွေက ကွဲပြားခြားနားပါတယ်။ ဒီအသေးစိတ်အချက်အလက်တွေကိုကြတော့ experience ရှိပြီး၊ real time data တွေကိုကိုင်ဆောင်ထားတဲ့ ၊ local ဈေးကွက်ကျွမ်းကျင်တဲ့ agent တွေကသာ တွက်ချက်သတ်မှတ်ပေးနိုင်မှာဖြစ်ပါတယ်။ 



အိမ်အရောင်းအဝယ်မှာ သင့်တော်တဲ့ဈေးနူန်းတစ်ခုနှင့် စဖွင့်ရောင်းနိုင်မှ အရောင်းအဝယ်အောင်မြင်ဖို့ chance ပိုများပါတယ်။ သတ်မှတ်တဲ့ဈေးနူန်းတွေက ဖြစ်သင့်တာထက်ပိုနည်းခဲ့ရင် ကိုယ့်အတွက်ငွေကြေးဆုံးရှုံးမှု့တွေရှိသလို သတ်မှဈေးနူန်းပိုများနေရင်လဲ အရောင်းအဝယ်မဖြစ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ Opening ဈေးနူန်းကို နောက်တစ်ခုပြန်ပြောင်းပြီး ကြော်ငြာတာကလဲ ဈေးကွက်မှာ ကိုယ့်ရဲ့အိမ်ကို ဝယ်လက်တွေရဲ့ impression နှင့် perceived value ကျဆင်းစေပါတယ်။


ဒါ့ကြောင့်ကိုယ့်ရဲ့အိမ်ကိုရောင်းချဖို့အတွက် opening ဈေးကိုသတ်မှတ်တော့မယ်ဆိုရင် ကိုယ်တိုင်ဆောင်ရွက်တာထက် ကိုယ့်ရဲ့ ယုံကြည်စိတ်ချရတဲ့ real estate agent တစ်ယောက်နှင့်ပူးပေါင်းဆောင်ရွက်ခြင်းဟာ အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ကြောင်း အကြံပေးချင်ပါတယ်။




ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page