Home Equity က ကိုယ့်ရဲ့အငြိမ်းစာဘဝကို ဘယ်လိုအထောက်အကူပေးနိုင်သလဲ ?
- arkar tm
- Apr 20
- 1 min read

အသက်အရွယ်ရလာလို့ အငြိမ်းစားဘဝမှာအနားယူတော့မယ်ဆိုရင် financially secure ဖြစ်ဖို့က နံပါတ်တစ် အရေးအကြီးဆုံးအချက်ပဲဖြစ်ပါတယ်။ အဲဒီ့လို security ရရှိနိုင်ဖို့အတွက် ကိုယ့်ရဲ့ Home Equity ကလဲ ကောင်းကောင်းအထောက်အကူပေးနိုင်ပါတယ်။
အိမ်ဈေးနူန်းတွေဟာတစ်နှစ်ပြီးတစ်နှစ် တိုးမြင့်လာပြီးတော့ အိမ်တန်ဖိုးတွေတက်လာနေတဲ့အတွက် အငြိမ်းစားယူတော့မယ့်အချိန်မှာ ကိုယ့်အိမ်ကိုရောင်းချတာ ဒါမှမဟုတ် Down Sizing လုပ်လိုက်တာမျိုးတွေဟာ ကိုယ့်အတွက် financial security ပေးနိုင်မယ့် အမြတ်အစွန်းတွေရရှိစေနိုင်ပါတယ်။

ဘာကြောင့် Downsizing လုပ်သင့်တာလဲ
(1) Lower Cost of Living : ကိုယ်နေနေတဲ့အိမ်အကြီးတစ်လုံးကိုရောင်းလိုက်ပြီးတော့ အိမ်အသေးတစ်လုံးပြန်ဝယ်ပြီးနေထိုင်ခြင်းဟာ utilities bills, property tax နှင့် ပြုပြင်ထိမ်းသိမ်းစရိတ်တွေကိုလျော့ကျစေပါတယ်။
(2) Less Upkeep, More Freedom : အိမ်အသေးတစ်လုံးကို maintenance လုပ်တယ်ဆိုတာဟာ အရင်အိမ်အကြီးတုန်းကထက် အများကြီး အချိန်ကုန်သက်သာစေတာမို့ ၊ ကိုယ့်အတွက် အားလပ်ချိန်
တွေပိုရပြီး retirement life ကို enjoy
လုပ်နိုင်ပါစေတယ်။
(3) More Financial Flexibility : ကိုယ့်ရဲ့အိမ်ကိုရောင်းချခြင်းဟာ ကိုယ့်အတွက် ငွေအင်အား equity ကိုမြင့်တက်လာစေပြီး အခြား investment တွေလုပ်ဖို့၊ ကျန်ရှိနေတဲ့ loans တွေပြန်ဆပ်ဖို့နှင့် financial cushion တစ်ခုကိုဖန်တီးနိုင်ဖို့ အခွင့်အရေးတွေဖြစ်ပေါ်လာစေပါတယ်။

ဒါကြောင့် home equity ကို ကိုယ့်ရဲ့ retirement plan ထဲမှာထည့်သွင်းအကျိုးရှိနိုင်ဖို့ အခွင့်အရေးရရှိတယ်ဆိုရင် property investment တွေကို စောစောကတည်းက ကြိုပြီးလုပ်ဆောင်ထားသင့်ပါတယ်။ အရောင်းအဝယ်ကိစ္စတွေကိုလဲ အဆင်ပြေပြေနှင့် ပြီးမြောက်အောင်မြင်နိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ real estate agent တွေနှင့် လက်တွဲလုပ်ဆောင်ဖို့ကိုလဲ အကြံပေးလိုက်ချင်ပါတယ်။

ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။



Comments